ငွေနဲ့ အလုပ်(၄)
နေ့တိုင်း ခင်ဗျား ဒီအလုပ်တစ်ခုထဲဘဲ လုက်နေတာ မပျင်းဘူးလာတဲ့ မိတ်ဆွေတစ်ယောက်ကမေးဘူးတယ်။ဘယ်လိုပြောရမလဲ မပျင်းဘူးလို့ပြောရင်လဲ လိမ်ရာကျမယ် ပျင်းတယ်လို့ပြောရင်လဲ ဘာဖြစ်လို့လုပ်နေလဲဆိုပီး နောက်ထပ်မေးလာဦးမယ်။
ဒီလိုပါဘဲ မပျင်းလဲလုပ်ပျင်းလဲ လုပ်ရတာပါဘဲ ဘဝဝမ်းစာရေးလေဗျာလို့ ဘဲဖြေလိုက်ပါတယ်။အမှန်အကန်ဆုံးဖြေရရင် ပျင်းတာမဟုတ်ဘူးဗျ စိတ်လေသွားတာ နည်းပညာတွေက မြင့်လာတယ် လုပ်ရကိုင်ရတာ အခက်အခဲတွေရှိလာတယ် သူတို့နဲ့တန်းတူ ဖြစ်အောင် အထောက်အကူ ပစ္စည်းတွေဝယ်ရတယ် ဈေးကသိတဲ့အတိုင်းခေါင်ခိုက်နေတယ်။လုပ်လို့ကိုင်လို့ပီးရင် ငွေတောင်းတဲ့အခါကြရင် မျက်နှာတွေက အဆင်မပြေဘူး များတယ် ဒါလေးလုပ်တာ ဒီလောက်တောင် ပေးရမှာလား မများဘူးလား စသည်ဖြင့် အမျိုးမျိုး ပြန်ပြောကြပါတယ်။သူတို့စီးထားတဲ့ကားက အနိမ့်ဆုံး ၅၀၀ ကျော် တန်တွေ လက်ခ ၁သိန်း၅သောင်း တောင်းကြည့်မပေးချင်ကြဘူး မလုပ်ပေးချင်လို့ မပြင်တက်ဘူး ပြောတော့ ဘာလို့ ဆိုင်ဖွင့်ထားတာလဲတဲ့ ကောင်းအောင်လုပ်ပေးမယ် ဒီလောက်အတိုင်းအတာထိကုန်မယ်ဆိုတော့ ဘာစက်ကိရိယာတွေနဲ့ ပြင်မှာလဲတဲ့ ဟုတ်ကဲ့ နိုင်ငံခြားက မှာယူထားတဲ့စက်တွေနဲ့စစ်ဆေးပီး ပြုပြင်ပေးပါ့မယ်ဆိုတော့ အဲ့ဒီစက်တွေက အခုရှိရဲ့လားတဲ့ ဟုတ်ကဲ့ ဒီမှာ အကုန်ရှိပါတယ်ဆိုပီးထုတ်ပြရပါတယ်။အဲဒီမှာ ကျေးဇူးရှင်တွေက လုပ်သေးတယ် စက်တွေကရော အသုံးပြုတက်ရဲ့လား လုပ်လို့ အဆင်ပြေမှာဘဲလားတဲ့ စိတ်ထဲမှာ ဒေါသက နူကလီးယားဗုံး ပေါက်ထွက်ခါနီးနေပီ မျက်နှာမှာတော့ ပျာရည်ဂါလံလိုက်လောင်းပီ ချိုနေအောင်ပြုံးလျက် မကောင်းရင် တစ်ပြားမှ မပေးပါနဲ့ လို့ပြောလိုက်တယ်။
ကြိုက်တယ်ပြင်မယ် ဒါပေမဲ့ တစ်ခုတော့ရှိတယ် ဘယ်လောက်အထိအာမခံပေးမှာလဲတဲ့ ဒေါသက ထိပ်ဆုံးထိရောက်သွားပီ ပါစပ်ထဲကို သကြားတစ်ပိဿ လောက်ထည့်ပီးပြောလိုက်ပါတယ် မချိုမှာစိုးလို့ အော် အာမခံလား ဟုတ်ကဲ့ရပါတယ် ကျွန်တော် ခုနက ပြောထားတာ ၁သိန်း၅သောင်း ပါ အာမခံ ၆ လယူမလာ ၁ နှစ်ယူမလား ၆ လ လောက်ဆိုရင် ၁၅သိန်း ၁ နှစ်ဆိုရင် သိန်း၃၀ ထပ်ပေါင်းပါတယ် မပြင်ခြင်ဘူးဆိုရင် ကျွန်တော်ဆိုင်ထဲကနေ အခုချက်ချင် ထွက်သွားပေးပါ ကျွန်တော်အခု ခင်ဗျာကိုရှင်ပြပြောပြနေတာ ၅သောင်း လောက်တန်နေပါပီလို့ပြောလိုက်တယ်။မိတ်ဆွေတို့ ဆိုရင်ရော ဘယ်လိုဆက်ဆံမှာလဲ ကျွန်တော် ဆက်ဆံလိုက်တဲ့ပုံစံ မှားနေလား ဝေဖန်ပေးကြပါဦး။ MSU.032