ငွေနဲ့ အလုပ်(၅)
အိပ်ချင်ယောင် ဆောင်တဲ့သူကို နိုးရခက်တယ်ဆိုတာ တစ်ကယ်မှန်ပါတယ်ဗျာ အရင်ကတော့ဘသူများပြောတာတွေ သိပ်ယုံလေ့မရှိဘူးဗျ။ကိုယ်တိုင်လဲ ကြုံလာရော ကိုယ့်ကို ကြိုတင်သတိပေးတဲ့သူတွေကို ထိုင်ကတော့ချင်စိတ်ပါပေါက်သွားတယ်။
ဖြစ်ပုံက ဒီလိုပါ အကိုကားလေး တစ်ချက်လောက်စစ်ပေးပါလား ညီတဲ့ စကားကတော့ ချိုနေရော ဟုတ် ဘာဖြစ်လို့လဲ ခင်ဗျ ကားက သိပ်မောင်းလို့မရဘူး ဟိုနားဒီနားလေးမောင်း တာတောင် အရမ်းပူနေတယ် ပူလာရင်ဘစက်လဲသေသေသွားတယ် ကျွန်တော်စစ်ကြည့် လိုက်ပါ့မယ် ခဏစောင့်ပေးပါ။လူကိုသေသေချာချာကြည့် လိုက်တော့ မှတ်မိသွားပါတယ် ကျွန်တော့်မြို့က သူဌေးစာရင်းဝင်တစ်ယောက်ပေါ့ သူနဲ့ပတ်သက်ပီး ငွေနဲ့ပတ်သက်ရင် တစ်ပြားကနေနှစ်ပြား ဖြစ်အောင်ခွာတက်တယ် စေးချက်ကလဲ ကမ်းကုန်တယ်တဲ့။စိတ်ထဲကလဲ တွေးလိုက်တယ် ဟုတ်မဟုတ်တော့ မသိဘူး ငါ့အလှည့်တော့ ရောက်လာပီ ကြိုတင်ပြင်ဆင် ရမှာငါ့အလုပ် ။ကားကိုစင်နိုး အနီးအနား ခဏမောင်းကြည့်တယ် စက်နဲ့စစ်ဆေးလိုက်တယ် အတွေ့အကြုံအရ စစ်ဆေးချက်အရ gasket ပျက်တာသေချာသွားပီ။မော်ဒယ်အနိမ့် ဆိုရင် ပစ္စည်းက ပိုင်ရှင်ဝယ်ပေး လက်ခ သီးသန့် ၈သောင်း ရင်နှီးပါက ၆သောင်း ယူပါတယ်။မော်ဒယ်မြင့်ရင်တော့ ၁သိန်း၅သောင်း အနည်းဆုံးယူပါတယ် ဘာကွာလဲ ဆိုတော့ မော်ဒယ်အမြင့်ကားတွေက အဖြုတ်အတက် ပစ္စည်းတွေများသလို သတိထား ကိုင်တွယ်ရတဲ့ အပိုင်းကလဲ များပါတယ်။ဘာဘဲပြောပြော ဒီလူကတော့ ပိုပြောထားမှ ရမယ်လို့တွေးလိုက်ပါတယ် လူတစ်ဖက်သားရဲ့ငွေကို အချောင်လိုချင်တဲ့စိတ် အမြတ်ကြီးစားချင်တဲ့စိတ် မဟုတ်ပါဘူး ကြိုကာတဲ့သဘောပါ။အကိုရေ ပစ္စည်းက ကျွန်တော်တို့ဝယ်ရမှာလား အကိုဝယ်မှာလား gasket တော့ ပျက်သွားပီ ပစ္စည်းကကျွန်တော်တို့ဝယ်ရမယ်ဆိုရင် ဆိုင်ကနေ ဘောင်ချာလာပါလိမ့်မယ် အကိုဝယ်ပေးမယ်ဆို လက်ခ ၂သိန်း ကြပါမယ်။ဟင် ပစ္စည်းဖိုက ဘယ်လောက် ကုန်မှာလဲ ၁သိန်း ကျော်လောက်ဘဲ ကုန်မယ် ထင်တယ် လျော့ရင်လဲ လျော့မယ် အတိအကျပြောလို့မရဘူး သိချင်ရင် ပစ္စည်းစာရင်း ပေးလိုက်မယ် အရောင်းဆိုင်မှာ သွားတွက်ကြည့်ပါ။
ဒါဆို လက်ခက မများဘူးလား မများပါဘူး ပုံမှန်ဈေးပါ မော်ဒယ်နိမ့်ရင် ဈေးသက်သာပါတယ် မော်ဒယ်မြင့်ရင်တော့ ဒီဈေးပါဘဲ။မဟုတ်ဘူးလေ ညီမော်ဒယ် မြင့်မြင့်နိမ့်နိမ့် ကားကရောဂါ အတူတူဘဲလေး ၁သိန်း လောက်ဘဲ လုပ်လိုက်ပါလား။မရဘူးအကို ဒါက အားလုံးသက်မှတ်ထားတဲ့ဈေးပါ။မလုပ်ချင်ရင် ကားပြန်ယူသွားပါ တစ်ခြားမှာ သွားအပ်ပါ မလွယ်တော့ဘူး အမြန်ပြန်လွှတ်မှရတော့မယ်။ဒီလိုလုပ်ပါလားညီ အကိုကလဲ ညီ့လက်ရာကြိုက်လို့ပါ လျော့လျော့ပေါ့ပေါ့လေး ၁သိန်း၂သောင်း လောက်လုက်လိုက်နော်ညီ နည်းနည်းတော့ တင်းလာပီ။မရလို့ပါအကို တစ်ခြားကိုဘဲ သွားလိုက်ပါ ကျွန်တော် တစ်ခြား အလုပ်တွေ လုပ်ရဦးမယ်ပြောပြီး ကျောခိုင်းအထွက် သူပြောလိုက်တဲ့စကားကြောင့် စိတ်ပါလေသွားတယ် လုပ်ပါညီရယ် အကို့ကားကို တစ်ခြားဝပ်ရှော့တွေကလဲ မလုပ်ပေးချင်ကြလို့ပါတဲ့။ကျွန်တော်လဲ အပြတ်ပြောဖို့ကလွဲပီး ဘာမှမရှိပီ အကိုလုပ်မယ်ဆို ကောင်တာမှာ စာရင်းဖွင့်လက်ခ ၂သိန်း ပေးခဲ့ ပစ္စည်းဝယ်ရမဲ့စာရင် ယူသွား ပစ္စည်းဝယ်လာပေး နောက် ၁၂ ရီကြာရင် ကားပြန်လာယူ မလုပ်ချင်ရင် တစ်ခါထဲ ပြန်တော့လို့ ပြောပီးကျောခိုင်း ထွက်ခဲ့လိုက်ပါတယ်။အရှေ့ဘက်ထွက်သွားတဲ့ အချိန် ဆိုင်ကအကူကောင်လေးက ဆရာ လဘက်ရည်ဆိုင်မှာ ဟိုဘက်ဝပ်ရှော့က ဆရာကိုမင်း ဆရာကိုစောင့်နေတယ် အော်အေး သွားလိုက်မယ်ဆိုပီ ထွက်လာလိုက်တယ်။ဆရာသက် ဘယ်လိုလဲ ခုနက ကားအဆင်ပြေရဲ့လား လက်ခံလိုက်လားတဲ့ မသိသေးဘူးဆရာမင်းရေ ဈေးတော့ ပြောလိုက်တာဘဲ လုပ်မလုပ်တော့ မသိဘူး ဆရာမင်းသိနေလို့လား စောစောကဘဲ ကျွန်တော့်ဝပ်ရှော့ကနေ ပြန်သွားတာ ကျွန်တော် အမြင်ကပ်လို့ လက်ခ ၂သိန်း၅သောင်း တောင်းလိုက်လို့ ပြန်ပြေးသွားတာတဲ့ ပီးတော့ ဂဂျီဂဂျောင် နိုင်လို့ မလုပ်ချင်တာနဲ့ ဈေးအများကြီးတောင်းလိုက်တာတဲ့။စိတ်ထဲကတွေးလိုက်တယ် ငါတော့ သွားပါပီလို့ မောတယ်ဗျာ အလုပ်လုပ်ရတာ။ MSU.032