ငွေနဲ့ အလုပ်(၆)
ဒီနေ့တစ်ရက် အလုပ်ကလဲတော်တော်များသွားတယ် အလုပ်သိမ်းချိန်က ပုံမှန် ၅ နာရီပါ ဆိုင်မှာ အိပ်တဲ့ကောင်လေးက ၃ ယောက်ရှိပါတယ် အိမ်ပြန်အိပ်တာက ၂ ယောက်ပါ အလုပ်များတဲ့နေ့ဆို ၇ နာရီ ၈ နာရီဝန်ကျင်မှ နားဖြစ်ပါတယ်။over time ဆိုရင် ကလေးတွေလဲ ပင်ပန်းကြပေမဲ့ ပျော်ကြပါတယ် သူတိုလေးတွေ အလုပ်လုပ်တာ ပျော်ပျော်ရွှင်ရွှင် ဖြစ်ရင်ပိုကောင်းပါတယ်။အဲဒီလို ဖြစ်အောင်လဲ ကျွန်တော် ကြိုးစားထားပါတယ် အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး အလုပ်ပီးတာ မပီးတာနဲ့ မဆိုင်ပါဘူး သူတို့အတွက် အချိန်ပိုကြေး ထုတ်ပေးထားလို့ပါ။
ပုံမှန် အလုပ်လုပ်ချိန်ရဲ့ နာရီကြေး ဥပမာ ၁ နာရီကို ၂ထောင် ဆိုပါတော့ ကျွန်တော်က ၄ထောင် ပေးထားပါတယ်။ဒါမှလဲ အလုပ်လုပ်တဲ့သူက ပြောစရာမလိုဘဲ ကြိုးစားချင်စိတ် ပေါ်လာမှာပါ။ဒီလိုအလုပ်ချိန်မျိုးဆို ကောင်လေးတွေအတွက် အပိုမုန့်ဖိုးရတာပေါ့ ဒါမှလဲ သူတို့လိုချင်တာ လေးတွေ ဝယ်ယူလို့ရတာပေါ့။အလုပ်သိမ်းပီး ခဏနား ရေချိုး ထမင်းစား ပီးတော့ အိပ်ယာဝင် နောက်တစ်ရက်အတွက် အားပြန်ဖြည့်ရမှာပေါ့လေ။အနားကစားပွဲခုံပေါ်မှာ တင်ထားတဲ့ ဖုန်းက အိပ်လို့ကောင်းနေတုန်း ထမြည်လာပါတယ် မျက်စိကို အားတင်းဖွင့်ပီး ဖုန်းကိုကြည့်လိုက်ပါတယ် ည ၂နာရီကျော်နေပီ ဒီအချိန်ကြီး ဘယ်သူက ဖုန်းခေည်တာပါလိမ့် အံသြစိတ်နဲ့ ဖုန်းကိုင်လိုက်ပါတယ် ဟုတ်ကဲ့ပြောပါ ဘာကိစ္စရှိလိုပါလဲ လို့မေးလိုက်တာ ဆရာရေ ကူပါဦး ကျွန်တော့်ကားပျက်နေလို့ပါတဲ့ ငြင်းမလို့ကြံကာရှိသေး ကားပေါ်မှာ မွေးလူနာလဲပါပါတယ်တဲ့ အခုဖုန်းခေါ်တာ လူနာတင်ကားလား ဟုတ်ပါတယ်ဆရာ မွေးလူနာ ကလေးမမွေးနိုင်လို့လာပို့တာပါ ကားက ဘာဖြစ်လဲမသိဘူး မောင်းနေရင်နဲ့ ဒိုင်ခွက်မီးတွေ အားနည်းသလို မှိန်လာပီး ထိုးရပ်သွားတယ်။သေချာသွားပီ ဒိုင်နမို အပိုင်းကပျက်တာ ခေါင်းထဲမှာ အရေးပေါ် အချက်ပေး ခေါင်းလောင်းသံတွေ မြည်လာပီ ကားကဘယ်နား မှာလဲ မဇောနားမှာပါဆရာ ဟုတ်ပီ နောက်ထပ် လူနာတင်ကား ခေါ်ထားသေးလား မခေါ်ထားပါဘူးဆရာတဲ့ ဒါဆိုရပီ မခေါ်နဲ့ ကျွန်တော် အခု ထွက်လာပေးမယ်။ ကောင်လေးတွေကိုနိုး ကားပေါ် ဘက်ထရီ အပိုတစ်လုံးတင် အမြန်ဘဲ မောင်းသွားလိုက်ပါတယ်။တစ်နာရီကျော်လောက်မောင်းပီးတော့ ကားပျက်နေတဲ့နေရာ ရောက်လာပါပီ ကြည့်လိုက်တာ ကားမောင်းသမားမျက်နှာက စိုရိမ် ပူပန်မူ့တွေ တစ်အား မြင့်တက်နေပုံပါဘဲ ကားဆရာ လူနာအခြေအနေ ဘယ်လိုလဲ ဗိုက်နာလို့ အော်နေတာတော့ ကြာနေပီ လူနာ သတိလစ်သေးလား မလစ်ဘူးဆရာ အကူလူပါသေးလား ဟုတ်ပါတယ် လူနာရှင် နှစ်ယောက်ပါတယ် အဒေါ်ကြီးတစ်ယောက်နဲ့ ကျွန်တော့် အသက် ရွယ်တူနားနီး ကောင်မလေး တစ်ယောက်ပါလာပါတယ်။ ကားအနောက်ဘက်ကို အရင်သွား လူနာကို အမ အဆင်ပြေရဲ့လား ကျွန်တော့်ကားနဲ့သွားမလား အခုစီးလာတဲ့ လူနာတင်ကား နဲ့သွားမလား ဘက်ထရီလဲပီး မောင်းလို့ရတယ် ကြာချိန် အလွန်ဆုံး ၁၅ မိနစ် အကို အဆင်ပြေသလို စီစဉ်ပေးပါတဲ့ အဲဒါနဲ့ကောင်လေးတွေကို ပါလာတဲ့ ဘက်ထရီ အမြန်လဲ ခိုင်း လိုက်ပါတယ်။ MSU.032
Photo search google credic