ငွေနဲ့ အလုပ်(၇)
မိနစ် ၃၀ ကျော်လောက်မောင်းပီးတဲ့အခါ အနောက်ဘက်ကအခြေအနေ ပြောင်းလဲလာပါတယ် အမေရေ အမေ သမီးမရတော့ဘူး မွေးချင်နေပီတဲ့။ကျွန်တော်ဘာဆက်လုပ်ရမလဲ ကားဘဲဆက်မောင်းရမလား ကလေးမွေးဖို့ ဝိုင်းကူရမလား ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး ထို့အတူ ကားဆရာက ပိုဆိုးပါတယ် အနောက်ဘက်မှာ မွေးလူနာနဲ့ လူပျိုကြီး ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်ကြပါဗျာ။
...ငတင်ရေ နင်ကတော့ အေးအေးဆေးဆေးဘဲ ငါကတော့ ဒီမှာနာလို့ သေတော့မယ်ဟဲ့..အမေရေ ကယ်ပါဦး အား....နာတယ်အမေရေ...
....သမီးအမေရှိတယ် ဘာမှမပူနဲ့ ဘာမှမဖြစ်ဘူး...
..အမ အဆင်ပြေမလား မွေးတော့မလား ကျွန်တော်ဆက်မောင်းရမလား...
အား...မရတော့ဘူး မွေးတော့မယ် လုပ်ပါဦး...
ကျွန်တော် လမ်းဘေးကို ကားကိုချပီးရပ်လိုက်ပါတယ် ပီတော့ အနောက်ဘက်ကို သွားလိုက်ပါတယ်
...အဒေါ်ဘယ်လိုလုပ်မလဲ အဆင်ပြေမလား....
...အဆင်မပြေဘူး စက်ဆရာ ရေမွှာပေါက်နေပီ မွေးခါနီးပီတဲ့...
ကျွတော့်ကောင်လေးကို ကားကို အနောက်ဘက်ကနေမီးထိုးလို့ရတဲ့ နေရာမှာ ရပ်ခိုင်းလိုက်ပါတယ် ပီးတော့ ကားကိုစက်မသတ်ဘဲ အနောက်ကနေ အရှေ့ကားကို မီးထိုးထားလိုက်ပါတယ် ပီးတော့ အခုမောင်းလာတဲ့ လူနာတင်ကားကို နောက်ထပ် ဘက်ထရီ တစ်လုံး ခပ်လဲ ခိုင်းလိုက်ပါတယ်
...အမလေး အမေရေ လုပ်ပါဦး... သမီးညှစ်ထား အာနဲနဲတင်းပီတော့ ညှစ်ထား..
...ကားဆရာ လက်အိပ်တွေပါလား... ဟုတ်ပါတယ်ဆရာ..
..အဒေါ်ကြီးနဲ့ ဟိုအမကို တစ်စုံစီပေးလိုက်...
ကျွန်တော်လဲတစ်စုံယူ လိုက်ပီတော့ ကားဆရာကိုလဲ လက်အိပ်ဝတ်ခိုင်းလိုက်ပါတယ် ဘာဘဲပြောပြော လူနာကို သန့်သန့်ရှင်းရှင်း ဖြစ်ဖိုကအရေးကြီးပါတယ်
...အမအားတင်းထား ဘာမှမဖြစ်ဘူး ကျွန်တော်တို့ ရှိတယ် ဆေးရုံနဲ့လဲ သိပ်မဝေးတော့ဘူး ဘာမှမကြောက်နဲ့ ကလေးကိုသာ အာရုံစိုက်ထား ဟုတ်လား..
ပြောသာပြောရတာ တစ်ကယ်တမ်းကြတော့ ကိုလဲ ဘာမှမလုပ်တက် ဆေးရုံကလဲ နာရီဝက်ကျော်လောက် မောင်းရဦးမယ် စိုးရိမ်စိတ်ကလဲ အပြည့်ပါဘဲ
....အား အမေရေ ငတင်ရေ.... ကိုအောင်ရေ...
...ဟော မွေးပီဟဲ့ နည်းနည်းညှစ်ထား ခေါင်းထွက်လာပီ အားစိုက်လိုက်ဦး သမီး..
မွေးပီဆိုတဲ့ အသံကြားလို့ ကျွန်တော်နဲ့ ကားဆရာ မွေးလူနာ ခေါင်းရင်ဘက်ကနေ အောက်ဘက်ကို လှမ်းကြည့်လိုက်သလို အရှေ့မှာ ဘက်ထရီလဲနေတဲ့ ကောင်လေးတွေကလဲ စိုးရိမ်ပူပန်စိတ်နဲ့ အနောက်ဘက်ကို ရောက်လာပီကြည့်တော့ ကျွန်တော်ကဘဲ ကောင်လေးတွေကို
...ကောင်းလေးတို့ ဒါမင်းတို့အလုပ်မဟုတ်ဘူး အရှေ့မှာ အရင်ပီးအောင်သွားလုပ် ပီးတယ်ဆိုရင်လဲ အနောက်ဘက်ကို မလာနဲ့ ငါခေါ်မှလာ ကြားလားလို့ ပြောပီး အရှေ့ဘက်ကို ပြန်သွားခိုင်းလိုက်ရပါတယ်
...အား အင်း အား...
...ရပီသမီး မွေးပီ အားမလျော့လိုက်နဲ့...
ပြောနေရင် ကလေးက အဒေါ်ကြီးလက်ပေါ် ရောက်သွားပါတယ် ချက်ကြိုးကလေး တန်လန်းနဲ့ပေါ့ ကျွန်တော်လဲ အပူလုံးတစ်ဝက်လောက်ကြသွားပါတယ်။
MSU.032