အတွေ့အကြုံ
ကျွန်တော်တို့ ဘိလပ်မြေဖျော်ပီး လိုက်ပို့တဲ့ကားကို သိကြမယ်ထင်ပါတယ် မြန်မာလို အလွယ်ခေါ်တာကတော့ အုန်းမွှေးလုံးပေါ့ဗျာ။အဲ့ဒီကားမှာ အဲ့ဒီစနစ်ကို အသုံးပြုထားပါတယ် အနောက်က ဘိလပ်မြေဖျော်တဲ့ အိုးကြီးကို အထဲက ဘိလပ်မြေဖျော်ထားတာ မခဲသွားအောင် လှည့်ပေးနေဖို့အတွက်ပါ။
တစ်ခုတော့ရှိပါတယ် ကုမ္ပဏီ တွေတစ်ခုနဲ့ တစ်ခုမတူညီတာကြောင့် ခိုင်းထားတဲ့စနစ် အနည်းငယ် ကွဲပြားသလို ထုတ်ယူသုံးစွဲတဲ့ ပါဝါပေါ်မူတည်ပီးတော့လဲ မတူညီတာလေးတွေရှိပါတယ်။သဘောတရား နားလည်ရင်တော့ ပြုပြင်ရတာ လွယ်ပါတယ်။ဆီဘောက်ဆာ ကားမှာကတော့ ဆီကို ကန်ထဲကနေ အပြင်ထုတ်တဲ့အခါ pto စနစ်က ဆီကို တွန်းပို့ဖို့အတွက် ပန့် အားအဖြစ်အသုံးပြုပါတယ်။ဒီလို ကားအကြီးပိုင်းတွေမှာ ဘရိတ်စနစ်ကအစ solenoid တစ်ခုခုအတွက် အသုံးပြုတာကတော့ လေပရက်ရှာ ကို အဓိကထားအသုံး ပြုပါတယ်။အရင်ဆုံး လေပရက်ရှာ ပြည့်မပြည့် အရင်စစ်ဆေးရပါတယ် ပြည့်တယ်ဆိုတော့ pto clutch အလုပ် လုပ်နေလားကြည့်ပါတယ်။အလုပ်မလုပ်ပါဘူး clutch switch ပျက်နေပါတယ် အသစ်တပ်ဆင်ပီး ပြန်စမ်းပါတယ် pto clutch အိုး အလုပ်လုပ်တဲ့ အသံ မကြားရပါဘူး။လေပေါင် အပြည့်နဲ့ ဖိတွန်းကြည့်ပါတယ် အလုပ်မလုပ်ပါဘူး ဖြုတ်ပီး စစ်ဆေးလိုက်တာ အထဲမှာ ပင်စတင် ဂျမ့်ဖြစ်နေပါတယ်။
ဖြုတ်ပီးဆေးကြောကာ အပြင်မှာဘဲ ဂီယာဆီ လေးအနည်းငယ်လူး ထည့်ပီး စမ်းကြည့်တာ အလုပ်လုပ်နေပါတယ်။ကားမှာ ပြန်တပ်ပီး စမ်းကြည့်တာ အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်သွားပါတယ်။ဒီလို အခြေအနေမျိုးမှာ ပိုင်ရှင်ရော ပြင်ပေးတဲ့သူတွေပါ ပျော်ကြပါတယ် အပြစ်တစ်ခုကို အောင်မြင်အောင် ပြုပြင်ပေးလိုက်နိုင်သလို ပိုင်ရှင်ကလဲ သူ့ကားက အရင်အတိုင်း ပြန်ကောင်းသွားလို့ပါ။
MSU.032