မိုးပွင့်စွေစွေ ခုလိုဝေရင်
ဟို..ယခင်က တို့ဘဝလေး
ဝေးဝေးမှာကျန် အိပ်မက်ဆန် ပြီ...
နက်ဖန်များစွာ သူဘယ်မှာလဲ
တစ်ယောက်တည်းလျှောက်
မိုးစက်အောက်မှာ စပယ်တွေရယ်
မျက်ရည်စက်နဲ့ ပွင့်ရက်တာလား
ကမ္ဘာခြားလို့ စကားမဆို
မျက်ဝန်းညိုပြီ တွဲခိုကာနေ
ရှုမြင်လေတိုင်း အတိတ်လှိုင်းများ
နင်းသွားကျော်ဖြတ် မမေ့တတ်လို့
အလွမ်းဇာတ်လေး အဆုံးသတ်ပေးပါ
အချစ်ဦးရယ်.......