ယနေ့ အတွက် စာတစ်ပုဒ်ရေးဖို့ အကြောင်းအရာ ကို စဉ်းစားလိုက်သောအခါ ခေါင်းထဲရောက်လာသော အကြောင်းအရာကတော့ ဒီလကုန် နောက်လထဲမှာ ကျင်းပဖို့ ရှိနေတဲ့ သင်္ကြန်ပွဲ အကြောင်း ဖြစ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် ဘေးလမ်းမှ ရှင်လောင်းလှည့်လာတဲ့ အချိန်လည်း ဖြစ်နေတဲ့အတွက် ဒီပွဲ အကြောင်းကို ရသလောက်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စာက မရေးလို့ မရပါဘူး။ အဓိကက စာရေး အရှိန် မပျက်ဖို့ပါ။ တစ်ခါ တစ်ခါ စာရေးအရှိန် ပျက်သွားရင် အကြောင်းအရာ ကောင်းကောင်းရှိနေတာတောင် ဘယ်က စရေးရမှန်း မသိ ဖြစ်တတ်ပါတယ်။ စာရေးရှိန် ရှိနေရင်တော့ ဘာအကြောင်းပဲ ဖြစ်ဖြစ် ရေးရတာ အဆင်ပြေသွားပါတယ်။ ဖတ်လို့ မကောင်းတာ ကောင်းတာကတော့ နောက်တစ်ပိုင်းပေါ့ ခင်ဗျာ။
သင်္ကြန်အကြောင်း ဆိုတာကလည်း တခြား မဟုတ်ပါဘူး။ ငယ်ဘဝ အတွေ့အကြုံ ခံစားချက် အပိုင်း အစ တွေပါပဲ။ ခံစားချက်ဆိုတာကလည်း အသက်အရွယ် အလိုက်ကွာခြားပုံရတယ် ခင်ဗျ။ ငယ်ငယ်တုန်းက ရေပက်ရတာ ပိုသဘောကျပေမဲ့ ခုတော့ ရေပက်ခံရတာကို ပိုမိုနှစ်ခြိုက် လာသည်။ ငယ်စဉ်က ရေပြွတ်နဲ့ ထိုး ခွက်စောင်းခုတ် ရတာ အရသာတွေ့ ခဲ့ပေမဲ့ အခုတော့ အဲဒါတွေကို မနှစ်မြို့တော့ပါ။ မည်သို့ပင် ပြောင်းလဲနေကာ စေမူ သင်္ကြန် ရင်ခုန်သံကတော့ လတ်ဆတ်နေဆဲ ဖြစ်သည်။
သို့ရာတွင် ကာလကြာမြင့်လာသည်နှင့် အမျှ သင်္ကြန်၏ အနှစ်သာရများ တဖြည်းဖြည်း ပျောက်ဆုံးလာသည်ကို တွေ့လာရသည်။ အထူးသဖြင့် အရက် ဘီယာ စသော ဒုက္ခသာ ပွားစေတတ်တဲ့ ဆေးဝါးတွေ မိမိ ပျော်ရွှင်မှု တစ်ခုသာ အဓိက ထားတတ်သော သူအချို့ ကြောင့် သင်္ကြန်ဟာ ကန္တာရ တစ်ခုလို ခြောက်ခြားစရာ နှစ်တွေလည်း ရှိခဲ့ဖူးပါသည်။ ယခုနှစ်လည်း ဒီပွဲတော်ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ပျော်ရွှင်စရာ အမှတ်တရများ ပေးစွမ်းနိုင်မလား၊ မပေးနိုင်ဘူးလား စောင့်ကြည့်ရပေဦးမည်။
သင်္ကြန်နှင့်အတူ ယှဉ်တွဲနေတဲ့ အရာ တွေကလည်း ရှိနေပါသေးသည်။ နေရာဒေသ အပေါ်မူတည်၍ ကွဲပြားမှု အနည်းငယ် ရှိသော်လည်း ကျွန်တော် သိတာကတော့ မုန့်လုံးရေပေါ်၊ ပိတောက်ပန်း၊ ရှင်ပြုပွဲ တို့ပဲဖြစ်ပါတယ်။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ကတော့ သင်္ကြန်မှာ မုန့်လုံးရေပေါ်ကို အကြိုက်ဆုံးပင်။ ပိတောက်ပန်းသည် အလှဆုံးပင် ဖြစ်သည်။ အားလုံးလည်း ကျွန်တော့လိုပဲ ဖြစ်မှာပါ။
ရှင်ပြုတာနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ပွဲတော်တွေ မြန်မာ နိုင်ငံမှာ များလွန်းနေသည်ဟု ဝေဖန်ကြတာလည်း ရှိပါတယ်။ တကယ်လည်း ပွဲတော်အကြောင်းပြ ခွင်ဖန်နေသူတွေလည်း ရှိချင် ရှိပါလိမ့်မည်။ ပွဲတော်ကို အမှီပြု ကုသိုလ်ကောင်းမှု လုပ်ဖြစ်နေသောသူများလည်း ဒုနဲ့ဒေး ရှိနေပါသေးသည်။ ယခုလည်း သင်္ကြန်ပွဲဟု ဆိုလိုက်သည်နှင့် ကျွန်တော်ကတော့ ရေပက်ခံထွက်ဖို့ သာ စဉ်းစားနေပေမယ့် အချို့ အချို့ကတော့ စတုဒီသာ ဘယ်လိုကျွေးမလဲ၊ ဥပုသ် ဘယ်လိုစောင့်မလဲ၊ ဒုလ္လဘ ဘယ်လို ဝတ်မလဲသာ စိတ်ကူးနေကြပေလိမ့်မည်။ @mmunited ကြီးဆိုရင် ဒီနှစ်သင်္ကြန်မှာ STEEM တွေ စတုဒီသာ လှူမယ်ဆိုလား မသိ။ ( ကြုံတုန်း ချွှန်လိုက်ဦးမှ ) လိုချင်လို့ရယ်တော့ ဟုတ်ပါဘူးလေ ဘဒိုကြီး ကုသိုလ်ရအောင်ပါ ဟိ။
အမှန်တော့ ပွဲတော် နည်းတာ များတာ ထက် လူတွေကသာ အဓိက ကျနေပါတယ်။ ဟိုဟာ ဒီဟာတွေ ပြောနေမယ့် အစား ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စောင့်ရှောက်ရင်း သူတပါးကိုလည်း မထိခိုက်အောင် ဂရုတစိုက် ရှိမယ်ဆိုရင်ဖြင့် အားလုံး အေးချမ်းမှာ အမှန်ပင် ဖြစ်ပါကြောင်း ………
So many thanks for reading and visiting my blog.
Have a good day to all steemians!
To play drugwars : https://staging.drugwars.io/#!/ref/@aggamun
To play steemmonsters : https://steemmonsters.com?ref=aggamun
To play Magicdice : https://magic-dice.com/?ref=aggamun
To play moonSTEEM : https://www.moonsteem.com/?ref=aggamun
My bounty post for this week : https://steemit.com/community/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-15-aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=63