ကိုဟင်ပြောတဲ့…snax အကြောင်းလေးပေါ့ဗျာ…!
Steemit နဲ့ပက်သက်ပီး အိပ်မက်လေးတွေကအစ အပင်ပေါက်စ သရက်သီးပင်လေးလိုဖြစ်နေပါပီလေ…။
ခုလည်း…အများပြောပြောနေကြတဲ့ snax ကလည်း steemit လိုပဲတဲ့…။
အဲ့အသံလေးက…ကျနော့နားထဲမှာ အမှန်ပြောရင်ကြားလိုက်ကတည်းက ရင်ထဲက စိတ်လူပ်ရှားနေမိခဲ့တယ်…။
စိတ်လူပ်ရှားစရာတွေနဲ့ပက်သက်လို့…အများကြီးပါဗျာ…စောင့်စားနေရမှာတော့…ပထမပါတာပေါ့နော့…။
ဈေးကွက်အဖွင့်မှာ…ရင်ခုန်ရတာတမျိုး…တခါ ဈေးကွက်ကောင်းလာပြန်စလေး…ဈေးပြန်ကြမှာစိုးရတာတမျိုး…steemit လို ရေရှည်မှာ လူအများရဲ့စိတ်ဝင်စားမူနဲ့ ဈေးကွက်တစ်နေရာမှာ ရောက်နိုင်ပါရဲ့လားဆိုတာကအစ…ပါ့…။
ပီးတော့…အများပြောနေကြတဲ့ ကိုယ်တွေသိပ်နားမလည်းလို့ ဒီsnax ဟာ steemit နဲ့ ချိတ်ဆက်ပီးနောက်ပိုင်း အရှိန်ကောင်းကောင်းနဲ့ social media မှာ ဝင်ရောက်လာနိုင်မယ်လို့လည်း ပြောကြပြန်တယ်…။
သူ့အပေါ်ထားရှိတဲ့ ကိုယ်တွေရဲ့ ဖြစ်စေချင်တာတွေလည်းပါတာပေါ့…!
မပြောနဲ့…ဖြစ်စေချင်တာကတော့…steemit ကြီးတုန်းကလည်း ဒီလိုပါပဲ…။ဒါမယ့် ကျနော်တို့ရဲ့ လုပ်အားတန်ဖိုးကို သူ့ရဲ့ အတိတ်မရှိတဲ့ အနာဂတ်ပဲတစ်စိုက်မက်မက်ဆက်လက်လုပ်ဆောင်နေတဲ့ steemit developers ကြီးတွေက မျက်လှည့်ပြနေသလို ခံစားမိခဲ့ရပါ့…။
Snax tokens တွေကလည်း steemit acc ပိုင်ဆိုင်ထားသူတွေရဲ့ followers တွေပေါ်မှာမူတည်ပီး အနည်းများ ရလာနိုင်တယ်တဲ့…။
နောက်ထပ် သူများတွေပြောနေတဲ့ bountryprogram ကလည်း သူ့မှာ စိတ်ဝင်စားစရာတွေလည်းပါလာပြန်ပါတယ်…။ tag မှာ တွဲချထားလိုက်တာနဲ့ ပါသွားပါတယ်…။
Bountryprogram ကနေ ချိတ်ဆက်ထားတဲ့ snax Twitter steemit စတဲ့ social media တွေ များများချိတ်ဆက်နိင်လာလေ steemit သင်္ဘောကြီးစတင်ရွက်လွင့်လေပီနဲ့ တူလေပေါ့ဗျာ…။
ကျနော်ထင်မိပါတယ်ဗျာ…ဒီသင်္ဘောကြီးရဲ့ အနာဂတ်ဟာ…အချိန်လာတဲ့တစ်နေ့ သဘောင်္ကုန်းပတ်ပေါ် container box တွေ မပြည့်မချင်းက သူထွက်ဖို့တာဆူသေးမှာမဟုတ်ဘူး…။
ထွက်ဖို့အရေးကလည်း…မလွယ်ဘူးနော် ကုန်ကျစရိတ်လောင်ဆာကတစ်မျိုး…၊အားလုံးပြည့်စုံမှ ထွက်မဲ့အမျိုး ထွက်ပီဆိုရင်လည်း
ခုလည်း…ကျနော့အကောင့်ကနေ snax post လေးတစ်ခုတင်ရင် followers 700ကျော်ဆိုတော့…snax 800ကျော်လောက် ပေးသွာမယ်ပြောထားတယ် ။အနက်ဖြန် ၁၄ရက်နေ့မှာ connects with steemit bountyprogram မှာ အသက်ဝင်လာရင် ရပါပီတဲ့…။
အချိန်တန်ရင်…ဒီစားခွက်ကိုပဲတောင့်တနေတဲ့ ကိုယ်တွေဘဝလို့ပြောရမလား…မျော်လင့်ချက်အလုံးလိုက်နဲ့ လူးလှိမ့်အောင် ခံစားရမဲ့ဝဒနာတွေကိုလည်း ပေးရစ်ခဲ့မှာ ကြောက်ပြန်မိပါ့…။
Authentication post တင်ဆိုလို့ လုပ်လိုက်ရတာ ဖုန်း(၂)လုံးနဲ့ တကယ်အလုပ်ရှုပ်သွားပါတယ်…။extension လုပ်ပီးပြန်ဝင်ရတာကို ဘယ်နစ်ကြိမ်မှန်းလည်းမသိတော့ဘူး…မရလိုက်တစ်ခါပြန်ဝင်လိုက်နဲ့ နောက်တော့ to my wallet ဆိုတဲ့ snax 50 နဲ့ bind ပေါ်လာတော့မှ အင်း…တဝက်ကျိုးပီလားမသိဘူးပေါ့…!ပီးတော့ ကျနော့ဖုန်းကလည်းအရေးထဲမှာ သူများတွေလို extensions လည်းမရတော့…ဝင်လိုက်တိုင်းမရပြန်တော့…စိတ်ပျက်မိပါသေးတယ်…။
ဒါမယ့်လည်း…အဖော်တွေကလည်းအသည်းအသန် လုပ်ပီးလိုက် groupမှာ လုပ်ပုံလုပ်နည်းလေးတွေတင်လိုက်နဲ့ဆိုတော့…ကျနော်လည်းကြည့်လိုက်လုပ်လိုက်နဲ့ နောက်ဆုံးတော့…၅၀ စနက်တံ ရနေပါပီ…။
အဲ့မှာ…အရင်နေ့က တင်ထားတဲ့ bountyprogram ကလည်းသူများတော့ ရနေကြပီ ကိုယ့်ကြမှ ခုချိန်ထိဘာလို့မရလည်းကြည့်မိလိုက်တော့…စာလုံးရေ ၁၀၀၀ပြည့်မှတဲ့ ဘယ်ဟုတ်မလည်း ကျနော်တင်ခဲ့တဲ့ပိုစ့်က tags ကတော့မှန်ပါတယ် စာလုံးရေက ၃၀၀/၄၀၀လောက်ပဲဆိုတော့မှ မပါနိုင်မှန်းသိရပြန်ပါတယ်…အဲ့ကြောင့်မို့ အရင်ပိုစ့်လေးထဲမှာ အဖာထေးတရာ အပေါက်တစ်ထောင်နဲ့ပိုစ့်အဖြစ်နဲ့ ကျနော်ဖန်တီးနေရပြန်ပါတယ်…တင်နေရင်းနဲ့အရေးအကြောင်းဒိန်းဒေါင်းက ဖြတ်လေပြန်တာပေါ့…ဖုန်းအားလေးသိတယ်မို့လား…မီးကမလာ နေကပူပူနဲ့ဆိုတော့ ရှိနေတဲ့အားကလေးက ခဏလေးနဲ့ ဒေါင်းရပြန်ပါပီ…။ဒါနဲ့ပါဝါဘန့်ကိုလည်းအားကိုးမရ မီးလည်းမျော်လို့မဖြစ်နိုင်တာနဲ့ ပိုစ့်ကလည်းအချိန်နဲ့တပြေးတင်နေကြတော့…bountyprogram လေးမရလိုက်မှာ စိတ်ပူလာပြန်ပါတယ်…။ဒါနဲ့ကျနော်လည်း ဆိုင်ကယ်မှာပါတဲ့…usb charger ကနေ အားသွင်းရင်း ဆက်လက်ပို့ရေးရပြန်တာပေါ့…။ဒါမယ့်ခုချိန်ဆို…ပိုစ့်ကပြင်သာပြင်နေရတာ မှီမှမှီပါအုံးမလားမသိတော့ပါဘူး…ကျနော့ပိုစ့်မှာလည်း အလယ်ပိုင်းဒေသမိုးခေါင်ရပ်ဝန်းဒေသမှာရှိကြတဲ့ အိမ်တွေကအမိုးတွေမှာ မိုးသီးမိုးပေါက်တပေါက်ပေါက်ကြကာ ပေါက်ထွက်လာကြသော သွပ်မိုးပေါက်တွေလိုလိုဖြစ်နေပါရောပါ့…။တောင်းပန်ပါတယ်လို့ တစ်ခါတည်းဆိုခဲ့ပါရစေ နဲ့တစ်ပြေိုင်တဲ့ ကျနော့ပိုစ်လေးကို စေတနာထား ဗုတ်ပေးသွားခဲ့တဲ့ MSc ညီအကိုတွေလည်း အရမ်းကျေးဇူးတင်မိသလို မဗုတ်ဖြစ်တဲ့ညီအကိုတွေကိုလည်း အားနာမိပါရဲ့ဗျာ…။ကျနေယ့ကိုမဖက်မိကြပါစေနဲ့လို့ ဆုတောင်မိပါရဲ့ဗျာ…။
ခဲတစ်ခါ မှန်ဖူးတဲ့ စာသူငယ်လို အတွေးတွေထဲက မဖြစ်နိုင်လောက်ပါဘူးဆိုပီး ကုန်းရုန်းပီးရေးမိပြန်တာပေါ့…။
ချိတ်ဆက်မူ social media တွေများလေ blockchain နည်းပညာ အခြေခံလေ…steemit သဘောင်္ကြီးကြီးလေပါပဲလေ…။
ဘာပဲပြောပြော ဝမ်းသာပါတယ်လေ…steemit members တွေလူပ်ရှားစွာ ပါဝင်လာကြတာမြင်တော့…ပျော်ရတာပေါ့လေ…။
အလားအလာကောင်းတွေနဲ့…ခိုင်မာတဲ့tokens ကိုဈေးကွက်တစ်နေရာမှာ နေရာကောင်းကောင်းယူနိုင်ပါစေလို့ ဆုတောင်းရတော့မယ်…။