2017 နှစ်ကုန်ခါနီး အံ့ဩလောက်အောင်ထိုးတက်သွားတဲ့ ဈေးနှုန်းက အားလုံးရဲ့ ပါးစပ်ဖျားမှာ ပြောစမတ်တွန့်ခဲ့တယ်လေ။ 2018 ခုနှစ် ဖေဖော်ဝါရီလောက်ကနေ ယနေ့အချိန်အထိ အတက်ထက် အကျများလာခဲ့တယ်။ ဒီကြားထဲ ပိုက်ဘောမိသွားတဲ့ ကျွန်တော် ရွှေမြန်မာတွေ ပါဝင်နေတယ်။ တစ်ချို့ကလည်း fbs လို trade တွေမှာ ပိုက်ဆံတွေ အငွေ့ပြန်ရှာပြီး တစ်ချို့ကတော့ ဆက်လက်ထိန်းထားဆဲပါ။ ထိန်းလာခဲ့တာလည်း ကျပ်သိန်းပေါင်း ၅၀၀ ဝန်ကျင်အထိ အသက်ရှုမချောင်သေးပါဘူး။ မိမိပိုင်ဆိုင်မှုတွေ အငွေ့မပြန်အောင် ကြိုးစားနေရရှာပါတယ်။ တစ်ချို့ကြတော့ ငွေကြေးရင်းနှီးသလိုမျိုး coin တွေဝယ်စုထားတော့တစ်လနဲ့ တစ်လ အရှုံးတွေ ကျပ်သိန်း ၃၀လောက် ငွေတွေလျော့နေပြီး ကိုယ့်မျက်နှာကို အပြုံးမပျက်အောင် ကြိုးစားနေရရှာပါတယ်။ ဒီအခြေအနေမျိုးမှာထုတ်ရောင်းရင်လည်း အရှုံးတွေနဲ့သာရင်ဆိုင်ရတော့ လက်ထက် ငွေပိုမရှိတဲ့အခါ အရှုံးကို မျက်စိစုံမှိတ် ရောင်းထုတ်လိုက်ရတာတွေလည်းရှိပါတယ်။ တစ်ချို့ကျတော့ coin ကနေမြတ်လာတဲ့အမြတ်တွေ သုံးနှစ်ဆကို 2018 ကပြန်ယူသွားသလိုအထိဆိုးရွားခဲ့ပါတယ်။ ကျွန်တော်လည်း အဲအထိပါခဲ့တာပေါ့။ ဈေးနှုန်းကိုလည်း အပြစ်တင်လို့မရခဲ့သလို မိမိကိုယ် မပါးမနှပ်ခဲ့တာတွေလည်းပါဝင်ခဲ့တယ်။ long term သွားမလား short term သွားမလားပေါ့။ long term ကတော့ ရဖို့အားများနေပြီး short term ကတော့ မိမိကိုယ်ကို ပါးရေနှပ်ရေရှိမှ အမြတ်ရနိုင်ပါတယ်။ အမြတ်ကနေ အရှုံးလည်း ဖြစ်ဖို့အားများနေတယ်။ အားလုံးရဲ့ ခန့်မှန်းချက်တွေကတော့ 2018 ကုန်ခါးနီးမှာ 2017 လိုမျိုး ဖြစ်လာဖို့ မျှော်လင့်နေကြပါသေးတယ်။ ပြောလို့မရနိုင်သေးတဲ့ ဈေးကွက်ကြောင့် ကျွန်တော် ခန့်မှန်းချေပါ 10000 ဝန်ကျင်လောက်တော့ရှိနိုင်မယ်လို့တော့ ခန့်မှန်းမိပါတယ်။ သေချာမှုတော့မပြောဘူးနော်။ အနာဂတ်ငွေကြေးဖြစ်နေတော့ အားလုံးဟာ coin တွေကို ချစ်ကြောက်ရိုးသေအမုန်းပွားနေရှာပါတယ်။ coin ဈေးနှုန်းကြောင့် အရူးစာတစ်ပိုဒ်ရေးသားလိုက်ပါတယ်ဗျာ။ 2018 မှာ ကျွန်တော်အငွေ့ပြန်သွားတဲ့ ငွေပမာဏ ကျပ်ငွေ သိန်း (၆၀)
@nayhlaingsoe
@MSU_No.024