ဒီပိုစ့်ကတော့ ကို @minsoenaing ရဲ့ ပိုစ့်ကို ပြန်ဖြေကြားတဲ့ ပိုစ့် ဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော် ဘယ်လို စဉ်းစားထားသလဲဆိုတာပါ။ ဒီပိုစ့်မှာတော့ ဘယ်လို ရွေးချယ်စရာတွေ ရှိသလဲ ဆိုတာကိုပဲ ပြောသွားမှာ ဖြစပါတယ်။
ပထမဦးဆုံး စဉ်းစားရမှာက myanmar tag ပါ။ myanmar ဆိုတဲ့ tag ကို msc ကနေ စတင်အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကိုလဲ ပြုလုပ်ခဲ့ပါတယ်။ ဥပမာ spam, copy/paste တွေ ပြုလုပ်မှု အပေါ်မှာ အများကြီး တားမြစ်ခဲ့ဖူးပါတယ်။ အခုအချိန်မှာ msc က လူတွေ စာသိပ်မရေးတော့ပေမဲ့ msc မဟုတ်တဲ့ သူတွေကတော့ myanmar tag ကို သုံးပြီး ရေးနေကြတုန်းပါ။ အဲဒီလူတွေကို အခွင့်အရေး မပေးသင့်ဘူးလား။ ကျွန်တော်နားလည်ထားတဲ့ အချက်က myanmar tag က top 50 tag တွေထဲမှာ ဝင်နေတာက ဂုဏ်ယူစရာ တစ်ခုပါ။ MSC member ဖြစ်ခြင်းက ဂုဏ်ယူစရာ ဆိုတာကတော့ အခုမှပဲ ကြားဖူးတာပါ။ဒီနေရာမှာ wafrica tag နဲ့ နိုင်းယှဉ်ပြချင်ပြချင်ပြတယ်။ wafrica tag ကိုသုံးတဲ့သူတိုင်း upvote ရပါတယ်။ ဒါကလဲ သူ့ tag ကိုလူများများ သုံးစေချင်တဲ့ အတွက် ဖြစ်ပါတယ်။ မြန်မာ tag က ရော ဘယ်လိုမျိုး လုပ်ဆောင်မှာပါလဲ။
Curie က နေ msc ကို အထောက် အပံ့ပေးနေတယ်ဆိုတာက community တစ်ခုကို အထောက်အပံ့ပေးနေတာပါ။ ပြောရရင်တော့ curation အတွက် ကိုပေးနေတာ မဟုတ်ပဲနဲ့ ပရိုမိုးရှင်း အတွက်ကိုပဲ ပေးနေတာပါ။ အပေါ်က အကြောင်းကိုပဲ ဆက်ပြောရရင် myanmar tag ကို ပိုမိုသုံးစွဲလာကြဖို့ အခွင့်အရေးပါပဲ။ Myanmar tag ကို promote လုပ်ဖို့ပဲ စဉ်းစားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။
Delegation ဆိုတဲ့နေရာမှာ ခြွင်းချက်နဲ့ ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
- SP ဝယ်ဖြည့်ထားတဲ့ သူအတွက် သူဝယ်ထားတဲ့ ပမာဏအထိ
- အသစ်ဝင်လာမည့်သူတွေ အတွက် သူ အပ်ဗုတ် မန့်ပေးနိင်မည့် ပမာဏအထိ
- Active မဖြစ်တဲ့ သူတွေရဲ့ SP ကို ဘုံအကောင့်မှာ delegate လုပ်ပေးထားဖို့
စတဲ့ ခြွင်းချက်တွေနဲ့ ခွင့်ပြုပေးသင့်ပါတယ်။
SP ဝယ်ဖြည့်တဲ့သူကို သူ့ဝယ်ထားတဲ့ SP ကို လွတ်လပ်စွာ သုံးခွင့်ပေးမယ်ဆိုရင် Steem ဈေးတက်လာဖို့ကိုလဲ အထောက်အကူပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အခြားကနေ ရလာတဲ့ အပ်ဗုတ်တွေကြောင့် သူ့ SP ကလဲ တိုးနှုန်းပိုမြန်လာမှာပါ။
နောက်တစ်ခု စဉ်းစားစေချင်တာကတော့ ပိုစ့်ကို boost လုပ်တာနဲ့ တိုက်ရိုက် steem power up တာပါ။ Boost လုပ်တာက myanmar tag ကို အပေါ်ကိုတက်လာစေဖို့ အကူအညီပေးပါတယ်။ အရင်တုန်းက အပြိုင်အဆိုင် boost တွေလုပ်ကြဖူးပါတယ်။ Boost လုပ်ခြင်းအား ဖြင့် SP လဲ မြန်မြန်တိုးလာသလို myanmar tag အနေနဲ့ rewards မှာလဲ တိုးလာစေပါတယ်။ SP ပါဝါအပ်မည့်အစား boost လုပ်တဲ့ option ကိုလဲ စဉ်းစားသင့်ပါတယ်။
Engangement နဲ့ပတ်သက်ပြီးတော့လဲ စဉ်းစားသင့်ပါတယ်။ အခိျု့လူတွေက အတော် active ဖြစ်ပါတယ်။ အဲဒိလူမျိုးတွေကို ကိုယ့်အုပ်စုအတွင်းပဲ ဗုတ်၊မန့်ပေးရမယ်လို့ မတားမြစ်သင့်ပါဘူး။ ဥပမာ ကျွန်တော်မနေ့က တင်ထားတဲ့ပိုစ့်ဆို comment ပေးတာနဲ့ upvote ရပါတယ်။ အခြား ကွန့်မန့်ပေးဖို့အတွက် တင် ဆုကြေးပေးတဲ့နေရာတွေလဲ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အခုလို စာရေးတဲ့သူ နည်းနေတဲ့ အနေအထားမှာ အပ်ဗုတ်ပေးတာကို ပါ ကန့်သတ် မနေသင့်ပါဘူး။ အဲဒီအစား Voting power ကို ၈၅% အောက် မကျစေရဘူး။ ဗုတ်တင်း weight ကို အနည်းဆုံး ၈၀% ကျော်နဲ့ပေးရမယ်။ ဒါမှမဟုတ် 0.01 ကျော်နဲ့ပေးရမယ် စသဖြင့်သတ်မှတ်ရင် ပိုအဆင်ပြေမှာပါ။ MSC ရဲ့ စည်းမျည်းတွေ အကုန်လုံးကိုတော့ မသိပါဘူး။ သိခဲ့ရင်တော့ အကြံဉာဏ်တွေ ပေးလို့ရမှာပါ။
ကျွန်တော်တို့လုပ်ချင်တာက ပူးပေါင်းဆောင်ရွက်ဖို့ပါ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကို စာရေးသူနည်းနေတုန်းမှာပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Myanmar tag က top ၅၀ ထဲပြန်ဝင်လာတာနဲ့ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ Encouragement program လို့ပဲ ခေါ်ကြပါစို့။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=22