ခုနောက်ပိုင်း games project တွေမှာ NFTs နဲ့ပြုလုပ်လာတာတော်တော်တွေ့ရတယ်။ အရင်က ငွေပဲကုန်ပြီး အခမဲ့ ကစားလို့ရတဲ့ ဂိမ်းတွေကနေ အခုဆို ဂိမ်းထဲကပစ္စည်းတွေပြန်ရောင်းပြီး ငွေရှာလို့ရတဲ့ project တွေ အများကြီးရှိလာတာတွေ့တယ်။ မြန်မာပြည်ရဲ့ အများစုက arts လို့ခေါ်တဲ့ အနုပညာဖန်တီးမှုပုံပိုင်းကိုပဲ ဦးစားပေး run နေတာပိုတွေ့ရပါတယ်။ project ကောင်းတွေနဲ့တွေ့မှ အမြတ်အစွန်းရနိုင်ပြန်တယ် လွယ်ကူတာတော့မဟုတ်ပြန်ဘူး။ ကံကောင်းရင်တော့ အမြတ်ရကြမှာပါ မသေခြာမှုကအများကြီး အောင်မြင်မှုမရှိရင် ဘယ်လောက်ကောင်းကောင်း အဆင်ပြေမနေပြန်ဘူး။ wl တွေယူ mint တွေလုပ် မအောင်မြင်တဲ့ project တွေနဲ့တွေ့ရင် အရှုံးလည်းတွေပါအုံးမယ်။
Game project တွေမှာတော့ NFTs ကိုယ်စားပြု ကတ်တွေ ပေါ်ပေါက်နေပါပြီ တန်ကြေးနဲ့ အရည်အသွေးကို ဒီလိုသတ်မှတ်ထားတယ်။
Common
Rare
Epic
Legendary
Gold
ကိုယ်ရလာတဲ့ ကတ်တွေမှာ common ဆိုရင် ဈေးအနည်းဆုံးပဲ rare ဆိုရင် ပိုရလာမယ် Epic ကပိုရလာသလို Legendary ကဈေးအများဆုံးရပြန်တယ် Gold ဆိုရင်တော့ အများဆုံးပါ။ ဒီအထဲမှာ အရည်အသွေးပေါ်မူတည်သေးတယ်။ Gold ဖြစ်ပြီး 2 ဒေါ်လာလောက်ပဲ ပေါက်ကြေးရှိတဲ့ အရာတွေလည်းရှိပြန်တယ်။ ကံကောင်းခဲ့ရင်လည်း တစ်ကတ်ထဲ 2000 $, 3000 $ တန်မျိုးတွေရလာနိုင်တယ်။
ဂိမ်းနဲ့ပြောပြရင် PUBG မှာဆို skin လိုခေါ်တဲ့ အဝတ်အစားတွေဝယ်ကြသလို မျိုးပါ ဒါပေမဲ့ ဒီဟာတွေကို ပြန်ရောင်းလို့မရနိုင်ဘူး။ NFTs project တွေမှာတော့ ကိုယ်ဘာပဲဝယ်ဝယ် ပြန်ရောင်းနိုင်တယ်။
NFTs တွေက blockchain တွေပေါ်ရှိနေတယ်။ ETH, polygon, solana, bnb, hive ပေါ်မှာ အခြေခံတွေနဲ့ ပြုလုပ်နေကြပါတယ်။ အဲအထဲမှာ gas fee အနေနဲ့က eth အများဆုံးဖြစ်နေပြန်တယ်။ gas fee လုံးဝမရှိတာကတော့ hive ပါပဲ။ နောက်ပိုင်း game project တွေမှာ ကိုယ်ပိုင် token တွေထုတ်ထားပြီး ဂိမ်းနိုင်လျှင် သူတို့ထုတ်ထားတဲ့ crypto တွေကို လက်ဆောင်ပေးသွားတာပါ။ ဒီ token တွေကိုလည်း ဂိမ်းထဲမှာရှိတဲ့ အရာတွေပြန်ဝယ်နိုင်သလို အပြင်လည်း ထုတ်ရောင်းလို့ရအောင် ဖန်တီးထားပါတယ်။