- တီထွင်ဖန်တီးမှုမရှိရင် စီးပွားရေးပံုစံတစ်ခုဆိုတာ မဖြစ်နိုင်ဘူး။
စွန့်ဦးတီထွင်မှုရဲ့သဘောက သမာရိုးကျစီးပွားရေးပံုစံတွေထဲကနေ
အနည်းနဲ့အများဆိုသလို ကွဲထွက်ပါတယ်။ သူများလုပ်တဲ့အတိုင်း
လိုက်လုပ်ရင် သူများနောက်လိုက်ပဲဖြစ်ပြီး၊ ထိပ်တန်းအောင်မြင်မှုတွေနဲ့
အလှမ်းဝေးသွားနိုင်ပါတယ်။ ဒီတော့ ကိုယ့်ထက်ရှေ့ကဦးနေတဲ့သူတွေ
ရှိတယ်ဆိုရင်တောင် ကိုယ့်ရဲ့တီထွင်ဖန်တီးမှုတွေကို ပေါင်းစပ်ပါ။
မတူအောင်၊ ပိုကောင်းအောင် ကြိုးစားဖန်တီးပါ။
photo google
- အချိန်ကိုတန်ဖိုးထားပါ။ “မင်းမှာ ပိုက်ဆံဘယ်လောက်ရှိရှိ၊ အချိန်ဆိုတာကိုတော့
ဝယ်လို့မရဘူး” (ဘီလ်ဂိတ်) လောကမှာ ဝယ်လို့မရတဲ့အရာတွေထဲမှာ အချိန်ဆိုတာ
ထိပ်ဆံုးကပါပါတယ်။ ကုန်သွားတဲ့အချိန်တွေကို ပြန်ရနိုင်ဖို့မဖြစ်တော့ပါဘူး။
စွန့်ဦးတီထွင်သမားတွေနဲ့ သာမန်ဝန်ထမ်းတွေနဲ့ကွာတဲ့အချက်က ဝန်ထမ်းတွေမှာ
အလုပ်ချိန်ဆိုတာရှိပါတယ်။ မနက်ရံုးတက်တယ်၊ ညနေရံုးဆင်းတယ် ဆိုရင်ပဲ
အလုပ်လုပ်ရမယ့်အချိန်တွေ လံုလောက်မှုရှိနေပါပြီ။ ဒါပေမယ့် စွန့်ဦးသမားတွေကတော့
အလုပ်ချိန်မရှိပါဘူး။ ကိုယ်ပိုင်အချိန်တွေပဲ ရှိပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့
ကိုယ်ပိုင်အချိန်တိုင်းမှာ အလုပ်လုပ်ရတာပါပဲ။ ဒီတော့ စွန့်ဦးတီထွင်သမားတွေအတွက်
အချိန်ဆိုတာ အရမ်းကို တန်ဖိုးရှိပါတယ်။
- သူများမလှေျာက်တဲ့ လမ်းကိုလှေျာက်။”အောင်မြင်မှုကြီးကြီး လိုချင်ရင်တော့၊
စွန့်စားမှုကြီးကြီးကို လုပ်ရလိမ့်မယ်။” (ဘီလ်ဂိတ်)
သူများလုပ်ပြီးသားအရာတစ်ခုကို လုပ်မယ်ဆိုရင်တော့ သူများဖြစ်သလောက်ပဲ
ဖြစ်ပါလိမ့်မယ်။ ဒါတောင် ကံကောင်းမှုပါ။ အကြီးစားအောင်မြင်မှုတွေလိုချင်ရင်တော့
အကြီးစားရင်းနှီးမှုနဲ့ အကြီးစားစွန့်စားမှုတွေ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့
စွန့်ဦးတီထွင်သမားတွေအတွက်ကတော့ အောင်မြင်မှုဆိုတာ ကံစမ်းမဲလို စွန့်စားမှုမျိုး မဟုတ်ပါဘူး။
အားထုတ်မှုတွေပေါ်မူတည်တဲ့ စွန့်စားမှုမျိုးပါ။
- အိမ်မက်? အဲဒါကြီးကို အသက်သွင်းလိုက်ပါ။ အိမ်မက်ဆိုတာ လက်တွေ့ဆန်တဲ့အရာမဟုတ်ဘူးဆိုတာ
လူတိုင်းနားလည်ကြပါတယ်။ တစ်ချို့ကတော့ လက်တွေ့ကမာ္ဘထဲမှာ ပိတ်မိနေကြတယ်။
တစ်ချို့ကတော့ စိတ်ကူးယဥ်ကမာ္ဘထဲမှာ ပိတ်မိနေကြတယ်။ အောင်မြင်တဲ့ စွန့်ဦးတီထွင်သမားတွေကတော့
အိမ်မက်တွေကို ရဲရဲမက်ကြတယ်။ နောက်ပြီးတော့ အိမ်မက်တွေကို ရဲရဲအကောင်အထည်ဖော်ကြတယ်။
photo google
- မကျေနပ်တဲ့ဖောက်သည်တွေဆီက သင်ယူပါ။ “သင့်ဝန်ဆောင်မှုကို မကျေနပ်တဲ့ဖောက်သည်ဆိုတာ
သင်လေ့လာဖို့အတွက် အကောင်းဆံုးအရင်းမြစ်တစ်ခုပါ” (ဘီလ်ဂိတ်) သင်လုပ်ပေးလိုက်တဲ့အရာကို
စိတ်ကျေနပ်မှုမရှိတဲ့သူဟာ သင်တိုးတက်ဖို့အတွက် အခွင့်အရေးတစ်ခုပါပဲ။ သင့်အားနည်းချက်တွေကို
ဖြည့်ဆီးဖို့လည်း အခွင့်အရေးဖြစ်နေပြန်ပါတယ်။ တစ်ချို့အခွင့်အရေးတွေက လက်လွတ်ခံလိုက်ရင်
မူရင်းအခြေအနေမှာပဲရှိနေပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးအတွက် ဆိုရင်တော့ လက်လွတ်ခံလိုက်တာနဲ့
သင့်ရဲ့ကျရံှုးခန်းဖြစ်သွားနိုင်ပါတယ်။