ရေညှိတက်နေသော ကျောက်တုံးများအား ဂရုတစိုက်နင်းကြရသည်။ အပေါ်သို့ရောက်သောအခါ ကြီးမာကျယ်ပြန့်ကာ လှပနေသော ရေကန်ကြီးအားတွေ့လိုက်ရပါတော့သည်။ ရေကန်ကြီးမှာ အလွန်ကျယ်သည်။
ရေကန်ကြီးမှာလှပနေသော်လည်း ကျွန်တော်တို့မှာ မကူးရဲ၍ ပြန်လည်ကာဆင်းလာခဲ့ရပါသည်။ ရေတံခွန်အောက်သို့ရောက်သောအခါ ရေတံခွန်မှ ဆင်းလာသော လမ်းကလေးမှာ အပေါ်သို့တက်ကာကြည့်ရှုသူများနှင့် ဆင်း၍လာသူများအား လှမ်း၍တွေ့နေရသည်။
ထို့နောက် "က" နေကြသော သူငယ်ချင်းများမှာ ယခုရေထဲသို့ပင်ရောက်ရှိနေပေသည်။ ရဲနီမှ
"အောင်အောင်ရေ လာလေကွာ ရေကူးကြမယ်"
"အေးပါဟ....ခဏ ဘောကွင်းသွားပြီး ငှားလိုက်အုံးမယ်"
ကျွန်တော်သည် ဘောကွင်းငှားသော နေရာသို့ဘောကွင်းနှစ်ကွင်း ငှားယူပြီး ပြန်လာခဲ့လေသည်။ တစ်ကွင်းက ရဲရင့်အားပေးပြီး ကျန်တစ်ကွင်းမူ ကျွန်တော်သုံးလေသည်။ ကျွန်တော်၏ထံသို့ ရဲနီ/တောက်ထွန်းနှင့်အောင်စိုးထိုက် တို့ကလာရောက်ကာ ဘောကွင်းဝိုင်းဝန်ပြီးလုကြလေသည် ကျွန်တော့မှာ သူတို့အားပြန်ပြီးလုနိုင်စွမ်းမရှိသဖြင့် လက်လျှော့ကာပေးလိုက်ရလေတော့သည်။
ထို့မှတစ်ဖန်တစ်ယောက်ဆီမှဘောကွင်းအားဝိုင်း၍ လုလိုက် ထို့နောက်ပြန်ပြီးလုလိုက်နှင့် ပျော်စရာအလွန်ကောင်းနေပါတော့သည်။
နေမင်းကြီးသည် တဖြည်းဖြည်းနှင့် အနောက်တောင်စွယ်သို့ရောက်ရှိလာပါတော့သည်။ အနောက်တောင်စွယ်မှ မေးကလေးတင်ကာ ကျွန်တော်တို့ ပြန်ရန်အချိန်ကြနေပြီဟု သတိပေးနေသော နေမင်းကြီးသည် တဖြည်းဖြည်းနဲ့အပူရှိန်များ လျှော့နည်းလာပါတော့သည်။ ထို့ကြောင့် ကျွန်တော်တို့သူငယ်ချင်း ရှစ်ယောက်မှာ ခိုက်ခိုက်တုန်ကာပင် နေတော့သည်။ကျန်သောသူငယ်ချင်များအားပြန်နှင့်ရန်ပြောကာ အောင်စိုးထိုက်နှင့်ကွန်တော်တို့မှာ ငှားယူထားသော ဘောကွင်းနှစ်ကွင်းအားပြန်အပ်ပြီး အင်္ကျီလေးဝတ်ကာ တုန်တုန်ရီရီဖြင့်ပင် ဆွဲတက်ရန်ပြုလုပ်ထားသော ကြိုးကလေးအား ဆွဲကာအပေါ်သို့တက်လာပါတော့သည်။ အပေါ်တွင်ကျွန်တော်တို့အား စောင့်နေသောသူငယ်ချင်းများနှင့်အတူ ဆိုင်ကယ်အပ်ထားသောနေရာသို့သွားကြပါသည်။ မိမိတို့ဆိုင်ကယ်အား ရွေးထုတ်ပြီး ပြန်လာကြပါတော့သည်။ ထို့နေ့လေးအား လုံးဝမေ့လို့ရတော့မည်မဟုတ်သလို ပျော်စရာတွေစုစည်းနေသော ရေတံခွန်လေးသို့နောက်တစ်ကြိမ်ပြန်လာချင်ပါသေးသည်။
SMT 67@aungkyawsoe
photo from facebook