မိုးဦးကျခဲ့လေပြီ။မိုးဦးကျပြီဆိုမှဖြင့် တောရွာမှာ နေထိုင်လုပ်ကိုင်နေကြည့် တောင်သူလယ်ယာသမားတို့သည် မိမိယာခင်းခင်ထဲမှာ သီးနှံများစိုက်ပျိုးကြရန် ပြင်ဆင်နေကြရသည်မှာ ကျနော်တို့ တောင်သူလယ်သမားများ၏ ဓလေ့ထုံးစံလိုပင် ဖြစ်နေခြေပြီ။
မနက်အာရုံကျင်းလို့ အလင်းရောက်ပြီဆိုသည်နှင့် မိမိတို့၏ လယ်ယာစိုက်ပျိုးခင်းထဲ သီးနှံများ စိုက်ပျိုးကြရန် လုပ်ငန်းခွင်သို့ သွားကြရပေသည်။အာရုံကျင်းလို့ အလင်းရောက်လျှင် မိမိတို့ လယ်ယာစိုက်ခင်းသို့ သီးနှံများအသင့်စိုက်ပျိုးနိုင်ရန် ညဦးကတည်းကပင် မိမိတို့၏ သီးနှံများစိုက်ပျိုးရာတွင် အသုံးပြုလေ့ရှိသော ထွန်များကို ပြင်ဆင်ထားကြရပေသည်။စိုက်ပျိုးရာတွင် အသုံးပြုကြသော ထွန်များခိုင်ခံ့စေရန် ပျက်စီးယိုယွန်းနေသည်များကို ခိုင်ခံ့မှုရှိစေရန် ပြင်ဆင်ကြပေသည်။
ထို့နောက် မိမိလယ်ယာစိုက်ခင်းများတွင် စိုက်ပျိုးကြမည့် သီးနှံမျိုးစေ့များကိုလည်း အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ကြရပေသည်။
ထိုသို့ပြင်ဆင်ချိန်တွင် တောင်သူလယ်သမားဦးကြီးမှ မိမိနှင့်သက်ဆိုင်သည့် ပစ္စည်း ကိရိယာများ ပြင်ဆင်ရသလို့ တောင်လယ်သမားဦးကြီးများ၏ အိမ်ရှင်မများသည်လည်း အိမ်ရှင်မများနှင့် ပစ္စည်းကိရိများကို အဆင်သင့်ဖြစ်စေရန် မိမိတို့နှင့်သက်ဆိုင်သည်များကို ပြင်ဆင်ကြရပေသည်မှာလည်း ဓလေ့ထုံးစံပင် ဖြစ်ပေသည်။
လယ်ယာစိုက်ခင်းသို့ ရောက်သောအခါတွင် ထွန်းဦးစီးမှ ထွန်ကို နိုင်နင်းစွာကိုင်၍ မျိုးစေ့ချပေးသော မိန်းကလေးမျာသည်လည်း အလိုက်သင့်စွာ မျိုးစေ့များ ချပေးကြလေသည်။
ထိုကဲ့ပင်ပန်းကြီးစွာ လုပ်ကိုင်ရကြသည်မှာ တစ်နေဝင် တစ်နေထွက်နှင့် လယ်ယာမြေများ စိုက်ပျိုးပြီးသည်အထိ လုပ်ကိုင်ကြရသည်မှာ ကျနော်တို့တောင်သူလယ်သမားများ၏ ဘဝအမှန်ပင် ဖြစ်ကြောင်း ဖော်ပြရေးသားလိုက်ပါသည် ခင်ဗျာ။
တောင်သူလယ်သမားများ၏ ဘဝအမှန်ကို သိမြင်နိုင်သူများ ဖြစ်ကြပါစေ။
Photo;Credit
MSU
NO;017