ဒီတစ်ခါ ရာသီလိဒ်မှာတော့ ကဒ်တွေက မဆိုးဘူးလို့ပြောနိုင်ပါတယ် ဒါပေမယ့် ဈေးကတော့ သိပ်မကောင်းပါဘူး
ဒါကြောင့် တန်ဖိုးတော့နည်းသွားတယ် ရတဲ့ကဒ်တွေကတော့ သုံးမယ်ဆိုရင်တော့ သုံးလို့ ကောင်းတဲ့ အကောင်တွေပါဘဲ
ရောင်းဖို့ကတော့ သိပ်မဟန်ပါဘူး ဈေးကလည်း နည်းပါးလွန်းနေတော့ ရောင်းရမှာ အားမရှိပါဘူး ဈေးတက်ဖို့တော့ မလွယ်ဘူးထင်ပါတယ် ဈေးက ဒီထက် ကျဖို့ဘဲရှိနိုင်ပါတယ် သူက ကဒ်တွေ အမြဲထုတ်ပေးနေတော့ ကဒ်တွေ ဖေါင်းပွလာမှာပါဘဲ အသစ်ကစားသူက တဖြည်းဖြည်း နည်းလာပါတယ် ဒါကြောင့် ကဒ်တွေက များသထက်များလာမှာပါဘဲ စတင်းဈေးတက်လို့ စတီးမစ်အသုံးပြုသူတွေ များလာရင်တော့ ကစားသူအသစ်တွေ ၀င်လာနိုင်ပါတယ် အဲ့ဒီအချိန်ကျရင်တော့ ကဒ်ဈေးတွေက တစ်မျိုး တစ်မည်ဖြစ်လာနိုင်ပါတယ် အခုအတိုင်းသွားမယ်ဆိုရင်တော့ ကဒ်ဈေးတက်ဖို့ မမျှော်ပါနဲ့တော့ သူကတော့ စည်းကမ်းတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေတာပါဘဲ ဒါပေမယ့် ကဒ်ဈေး တည်ငြိမ်အောင်တော့ မစွမ်းဆောင်နိုင်သေးပါဘူး
ဝယ်သူတွေကလည်း တဖြည်းဖြည်း အားနည်းလာပါပြီ ၀ယ်ပြီးရင်လဲ သိပ်အသုံးမတည့်တာတွေ ဖြစ်လာနေတော့ ၀ယ်သူတွေက စဉ်းစားလာပါပြီ အမှန်တကယ်လိုအပ်လို့ဝယ်သူတွေကလည်း ချက်ချင်း မ၀ယ်ကြတော့ပါဘူး ဈေးကျသထက်ကျလာမှာကို သိနေတဲ့အတွက် အောက်ဈေးကိုဘဲ စောင့်ပြီးဝယ်နေကြပါတယ်
ကိုယ်တွေကတော့ ကဒ်အပေါ်မှာ အကျိုးအမြတ်စောင့်နေတာမဟုတ်တဲ့အတွက် ဈေးကျလည်း သိပ်တော့ ပြသနာမရှိပါဘူး
ရလာတဲ့ကဒ်ကိုလက်ရှိပေါက်ဈေးနဲ့ ထုတ်ရောင်းပြစ်မှာပါဘဲ ဒါကြောင့်လည်း ကဒ်ကောင်းတွေ လက်ထဲမှာ သိပ်မရှိပါဘူး
ကစားလို့ ရနေတယ်ဆိုရင်တော့ ရောင်းမှာပါဘဲ ဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့တော့ သိပ်စိတ်မပါဘူးဖြစ်နေပါတယ်
စတင်းဈေးတက်လာရင်တော့ အခြေအနေက တစ်မျိုးပြောင်းလာနိုင်ပါတယ်
Photo Credit : https://steemmonsters.com/#
Author : @bobokyaw