လူတိုင်း ချမ်းသာချင်ကြပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်း ချမ်းသာကြရဲ့လား ချမ်သာချင်တဲ့ လူတိုင်း ချမ်းသာကြသည်တော့ မဟုတ်ပါ ချမ်သာထိုက်သူတွေသာ ချမ်းသာ ကြပါတယ်။ ဒါပေမယ့် ချမ်းသာနေတဲ့သူတွေအားလုံးဟာ ငွေကြေးနဲ့ပတ်သက်ပြီး မဖြစ်မနေ သိထားတာလေးတွေ ရှိပါတယ် အကြွေးဝိုင်းနေသူတွေကိုပဲ အရင်ဆုံး လေ့လာကြည့်ပါ။ ၀င်ငွေထက် ပိုသုံးနေသူများ၊ အရမ်းကာရော ဖြုန်းတီးသူများ လောင်းကစားနဲ့ အခြား ငွေယိုပေါက်ကို မပိတ်နိုင်သူများ ပါဝင်ပါတယ်။ ဒီလူတွေဟာ ငွေကို ဖြုန်းတီးနေကြသူတွေ ဖြစ်ပါတယ် ပိုက်ဆံ မရှိလားရှိလား ဆိုတာ မေးခွန်း မဟုတ်ပါဘူး။ဒါကြောင့် သင် အဖြေ ကို ရှာနေလို့တွေ့နိုင်မှာမဟုတ်ပါဘူး ။ သင့်ကိုယ် သင်မေး သင့်တာက
“ ဘယ်ကနေ ငွေ ရှာလို့ ရနိုင်မလည်း ”ဆိုတာပါပဲ ။
လူတိုင်းမှာ ပထမဆုံး အကြိမ် ဆိုတာရှိကြ တာချည်းပါပဲ။ မလုပ်တတ်သေးတာ ဟာ မလုပ်နိုင်ဘူးလို့ မှ သတ်မှတ်လို့မရ
နိုင်သေးတာ ကိုယ်ရဲ့ မမြင်ဖူးသေးတဲ့ တိမ်မြုတ်နေတဲ့
အစွမ်းအစတွေ မြင်တွေ့ ချင်တယ် ဆိုရင် ကိုယ့်ကိုယ်
ကို မေးခွန်းထုတ်ကြည့်လိုက်ပါ“ ငါဘယ်လိုလုပ်ရမလဲ ”ဆိုတာ ချမ်းသာလာကြတဲ့သူတွေကတော့ အသုံးနဲ့အဖြုန်းကို ကွဲပြားစွာ သိပါတယ်။သူဌေးကြီး စတိ့ဗ်ဂျော့ကတော့ လုံးဝ မချမ်းသာခင်မှာ ၀င်ငွေရဲ့ 30% ထက် ပိုမသုံးပါနဲ့လို့ မှာခဲ့ပါတယ်။ ကိုယ့်အသုံးကို ပြန်ဆန်းစစ်ပါ။ သုံးနေတာလား ဖြုန်းနေတာလားဆိုတာ။လူတစ်ယောက် ချမ်းသာချင်ရင် ၀င်ငွေရတဲ့ အလုပ်ကလေးတစ်ခုတော့ လုပ်ဖို့ လိုပါတယ်။ အသိပညာ အတတ်ပညာ ဆိုတာ သက္ကသိုလ်တွေဆိုတဲ့ အကန့်အသတ်ထဲ မှာတင်တည်နေ တာ မဟုတ်ပါဘူး ။ ဘွဲ့လက်မှတ်တွေ ဆိုတာကလည်း ကိုယ့်ရဲ့ အနာဂါတ်ကို အမြဲ အာမခံပေး နိုင်တဲ့ အရာ မဟုတ်ပါဘူး အကယ်လို့ ဘာကိုမဆို ဆက်လက် သင်ကြားဖို့ လေ့လာဖို့ စိတ်မဝင်စားဘူး ဆိုရင်လည်း အောင်မြင်တိုးတက်မှုမရှိ လာ တဲ့သင့်ဘဝကိုယ်သင် အလိုမကျဖြစ် မနေနဲ့ပေါ့ ဘာကြောင့်လည်းဆိုရင် ဘယ်တော့မှလည်းရလာမှာ မဟုတ်တော့လို့ပါပဲ ။
ဒီစကားမျိုးကိုတော့ ရှု့ထောင် ၂မျိုး နဲ့ ကြည့်လို့ရပါတယ်။ ဒီလိုပြောတဲ့လူဟာ “လုပ်ရမှာပျင်းလို့လား” ဒါမှမဟုတ် “အခြေအနေကိုစောင့်ကြည့် နေတာလား” ဆိုတာပါ။ ခွဲခြားနည်းကတော့လွယ်ကူပါ တယ် အဲ့လူရဲ့ ပြင်ဆင်မှု အနေအထားကိုစောင့် ကြည့်ရုံပါပဲ ထပ်လုပ်စရာအကြောင်း
ဘာအသစ်အဆန်းမှမရှိတော့ဘူး ဘယ်အရာ မှ ဒီစကားရဲ့ အဓိပ္ပါယ် ကိုကန့်သတ် လို့မရ တော့ပါဘူး ပျင်းတယ် ဆိုတဲ့စကားကလွဲ လို့ပေါ့ အသစ်ဆိုတဲ့ စကားဟာ အသစ်အဆန်းတွေ ထပ်လုပ်ဖို့ မဆိုလိုပါဘူး အဟောင်းတွေ နဲ့လဲ ဖြစ်နိုင်တာပါပဲ အလုပ်မလုပ်ဘဲ ချမ်းသာချင် တယ်ဆိုရင်လည်း ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ၀င်ငွေတော့ ပုံမှန်ရှိရပါမယ်။အဲဒီကမှတစ်ဆင့် ဒီထက်ဝင်ငွေကောင်းတဲ့အလုပ်ကို ရနိုင်မလား၊ သို့တည်းမဟုတ် ကိုယ့်ဝင်ငွေကို ဘယ်လို မှန်ကန်စွာ ရင်းနီးမြှုပ်နှံမလဲ လုပ်ငန်းကို ဘယ်လို တဖြည်းဖြည်း တိုးချဲ့သွားမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း မှန်ကန်ဖို့ လိုပါတယ် နောက် ချမ်းသာချင်ရင် ပိုက်ဆံစုဖို့ လက်ထဲကို ပိုက်ဆံရောက်တဲ့အခါတိုင်း သတိရပါ။ တစ်ချို့က လစာကလေး ထုတ်ပြီးတယ်၊ တစ်ပတ်လောက်ကြာတော့ ကုန်ပြီဆိုတဲ့ အထဲမှာ သင်မပါပါစေနဲ့။ဘယ်သူဌေးကမှ အသုံးအစွဲ ချွေတာ လို့ ချမ်းသာလာတာမဟုတ်ပါဘူး ။ ဒါပေမယ့် သူတို့တွေ ဝင်ငွေကိုတည်ဆောက်ယူရာကနေ ချမ်းသာလာ ကြတာပါ ဘယ်သူဌေးကမှ လည်း လွယ်လွယ် ကူကူ အလုပ်တွေ လုပ်ပြီးချမ်းသာလာ တာ မဟုတ်ပါဘူး သူတို့ ချမ်းသာလာတာ ခက်ခဲတဲ့ အလုပ်တွေ လုပ်နိုင်လို့ပါ ဘယ်သူဌေးမှ ပင်ပင် ပန်းပန်းလုပ်လို့ ချမ်းသာလာတာ မဟုတ်ပါဘူး ဒါပေမယ့် သူတို့ ဥာဏ်ရှိစွာ အလုပ်လုပ်လို့ ချမ်းသာလာတာပါ ဘယ်သူဌေးမှ အများကြီးတွေးတော နေ ပြီးမှ ချမ်းတာလာတာ မဟုတ်ပါဘူးလဒါပေမယ့် တွေးနည်းမှန် တွေးခေါ်တတ်လို့ ချမ်းသာလာ တာပါ ။အနည်းဆုံးတော့ ၀င်ငွေရဲ့ 70% အထိ တက်နိုင်ရင် 90% လောက်အထိ စုနိုင်အောင် ကြိုးစားပါ။ငွေရင်းငွေသားလေး ရှိလာပြီဆိုရင် အမြတ်အစွန်းရဖို့ သေချာသလောက်ရှိတဲ့ လုပ်ငန်းတွေမှာ ရင်းနီးမြှုပ်နှံပါ။ သူများက အဲဒီလုပ်ငန်း ကောင်းတယ်၊ ရင်းနီးမြှုပ်နှံလိုက်ပါလား-ဆိုတဲ့ သွားမယောင်ပါနဲ့။
မိမိကျွမ်းကျင်တဲ့ လုပ်ငန်းမျိုး ဘယ်လို အမြတ်ရအောင်လုပ်ရမလဲ သိတဲ့ လုပ်ငန်းမျိုးဆိုရင်တော့ ရင်းနီးမြှုပ်နှံမှု လုပ်ပါ။တစ်ချိုက အဲဒီလို လက်လွယ်တာကိုပဲ အခွင့်ကောင်းယူပြီး ပိုက်ဆံချေးငှားတာမျိုး လုပ်တတ်ပါတယ်။ တစ်ချို့က လိမ်ချင်လို့ မရိုးသားတဲ့သဘောနဲ့ ငွေချေးတာမျိုးလည်း လုပ်တတ်ပါတယ်။တစ်ကယ်တော့ ငွေရေးကြေးရေး အရှုပ်အရှင်းဆိုတာ မိဘ ညီအစ်ကို မောင်နှမအချင်းချင်းတောင် မရှိသင့်တဲ့ အရာပါ။ဒါကြောင့် ငွေကြေးကိစ္စကို အခုလည်း ရှုပ်စရာမလိုသလို၊ နောင်လည်း ရှင်းစရာမလိုအောင် ကိုယ့်မှာရှိတာလည်း သူများကို မချေးပါနဲ့ သူများဆီကလည်း ကိုယ်က မချေးမိအောင် နေပါ။ ဒီအချက်တွေကတော့ ချမ်းသာလိုသူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ဘယ်သူက မှ သင်ဘာအတွက် အချိန်ဘယ်လောက် သုံးတယ် ဆိုတာ စိတ်ဝင်စားမှာ မဟုတ်ပါဘူး ။သူတို့ တွေကြည့်မှာက သင်အောင်မြင် မှုကိုပဲ ဖြစ်ပါတယ်။ အချိန်ကိုကောင်းကောင်း အသုံးမချတတ်ခဲ့ရင် သင့်ဘဝရဲ့ အခြေအနေတွေက ပဲ သင့်အကြောင်းကို အဖြေပေး သွားမှာပဲ ဖြစ်ပါတယ် ။ဘယ်သူဌေးမှ လုပ်အားကို ရောင်းပြီးချမ်းသာလာတာ မဟုတ်ပါဘူး ။ဒါပေမယ့် သူတို့ အိုင်ဒီယာ ကိုရောင်းပြီး
မှချမ်းသာလာတာပါ ဘယ်သူဌေးက မှ အခွင့်အလမ်းကို ငြင်းဆိုခဲ့ကြလို့ ချမ်းသာလာတာ မဟုတ်ပါဘူး ။ ဒါပေမယ့် အခွင့် အလမ်းကို အချိန် တိုင်းရှာဖွေ အသုံးချ လို့ ချမ်းသာလာကြတာပါ ခေါင်းဆောင် ဖြစ်မယ့်သူ က ဖြစ်မလာသေးတဲ့အရာကို ကြိုမြင်တတ်တယ် နောက်လိုက် ဖြစ်မယ့်သူက ကိုယ့်မျက်စိနဲ့ တပ်အပ် မြင်တာ တောင် မယုံကြည်တတ်ကြသေးဘူး ။