မိတ်ဆွေအပေါင်း နေတွေကောင်းကြပါစ။
နေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်း သားမောင် ဆုတောင်းပေးပါသည်။
သားမောင်လည်း နေကောင်း၊ ကျန်းမာပါ၏။
ယနေ့သားမောင်ဇာတိမြေ တောင်ကြီးမှာ အခမ်းအနားတစ်ခုလုပ်၏။
အသစ်တာဝန်ထမ်းဆောင်သည့်သမ္မတမင်းအား
ဂုဏ်ပြုကြိုဆိုကြတာ ဖြစ်ပါသည်။
အခမ်းအနားကို ပြည်နယ်ဝန်မင်းအချို့သာမက အမတ်မင်းတွေလည်း ပါဝင်ဆင်နွှဲကြသည်ပေါ့။
အခမ်အနားကို အရပ်သားပြည်သူအချို့လဲပါဝင်ဆင်နွှဲကြသေးသလား။
ထူးခြားသည့်အရာ နိုင်ငံတော်အလံကို အလေးမပြုပဲ သမ္မတကြီးကိုသာ အလေးပြုခဲ့ကြသည်တဲ့။
သားရေကြိုးတစ်ပြားများကတော့ သူတို့ကိုးကွယ်ရာမှအပ ကျန်သည့်ကိစ္စများ အလေးအမြတ်မပြုနိုင်ဘူးလို့ ဆိုကြသည်။
လေဆိပ်ကုလားကြီးစနက် အသက်တွေဝင်နေသည်လို့ ဆိုနိုင်မည်လား။
အတွေးတွေ ပွားနေမိပါသည်လေ။
ကချင်မြေမှာ လတ်တလောကာလ သေနတ်သံတွေ ပြန်ထွက်နေသည်။
လွန်ခဲ့သည့်ရက်ပိုင်းက မြန်မာအာမီက စစ်ကြောင်းတစ်ခုကို KIA တွေက အပိုင်ဆိုသလို တီးလိုက်နိုင်သည်ပေါ့။
ထိုသည့်အတွက် ဖေ့စဘုတ်ထက်မှာ နှစ်ဘက်လုံးဆီကအသံ ညံနေအောင်ကြားသိရသလား။
မနေ့ညနေမှာ KIA တွေ တပ်စခန်းတစ်ခုကို ထပ်ပြီးချကြသည်။
တနိုင်းဒေသရှိတပ်စခန်းကို ၀င်ချနေတာ အခုထိ မပြီးသေးပါ။
KIA သူပုန်များ အတင့်ရဲလာတာ အများသတိထားမိသည်လား။
သတိပေးစာတွေ၊ ဘာတွေတောင်ထုတ်ပြန်သည်အထိ
အတင့်ရဲလာတာ ဇ မသေးဘူးလို့ဆိုနိုင်သည်။
စစ်သွေးမကြွသော်ငြား နှမပေးတွေကို အပြတ်တီးလိုက်စေလို၏။
လက်ထက်တော်ကြီးမှာ အသစ်အဆန်းတွေ မကြာခန ကြားသိရ၏။
သားမောင်တို့ငယ်စဉ်မှစ လက်ထက်တော်ကြီးမတိုင်မီအထိ သင်္ကြန်ဆိုတာ တစ်နှစ်မှ တစ်ကြိမ်သာ ဆင်နွှဲကြသည်။
လက်ထက်တော်ကြီးမှာကျ သင်္ကြန်မကြာခနဆိုသလို ကျနေလေသလား။
မကြာသေးမီကာလက တက္ကသိုလ်တွေမှာ သင်္ကြန်တွေကျကြ၏။
မနေ့ဆီက ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားတွေ သင်္ကြန်ကျပြန်သည်။
ထိုသည့်အပြုအမူများအတွက် နှစ်ဘက်ရပ်ကွက်မှာ အသံတွေညံလာသလား။
ငှက်တို့ထုံးစံအရ ခိုင်သင်းကြည်နှင့် ဖွေးဖွေးစပ်ကျသလိုဆိုကြ၍ တစ်ဘက်ရပ်ကွက်မှာ ရိုးရာကို ဖျက်ဆီးသည်လို့ဆိုကြ၏။
သားမောင်ကတော့ တစ်ချက်ကလေးသော်မျှဝင်မပြောရဲပါ။
သင်္ကြန်ဆိုပါမှ ထပ်ပြောပြရန်ကျန်နေသေးသည်။
အစိုးရကို ကျေးဇူးတင်ဖို့မလိုသည့် အဆိုတော်မမကြီး၏အမ သင်္ကြန်ကိစ္စ သူထုတ်ပြောပြသည်မဟုတ်လား။
သင်္ကြန်ကို အမိန့်အာဏာဖြင့် လုပ်စေ၊ မလုပ်စေဆိုတာ မှားနေပါသည်လို့ ကနဦး စ ပြီးတီး၏။
နေရာတကာဝင်ပါတာမကောင်းဘူးလို့ဆိုသေးသလို မန်းနှင့်ပါနှိုင်းယှဉ်ပြီး ကွီးဖြိုးကို အကြီးကြီးဖြည်သေးသလား။
သူပိုက်ဆံပေးတာလည်း မဟုတ်ဘူးလို့လည်း ဆော်ထားပြန်သည်ပေါ့။
လက်ထက်တော်ကြီးမှာ သင်္ကြန်ကို စတိုင်မျိုးစုံမြင်ခွင့်ရအောင် လုပ်ပေးနေတာလို့ မြင်ပေးကြပါစို့။
အာဏာလိုချင်ပါတယ်လို့ မာမားပြောခဲ့တာ သားမောင်က သတိတရရှိနေပါသည်။ သဘောမိကြသည် မဟုတ်လား။
မနေ့ဆီက သားတို့မာမားပါတီ ညီလာခံမှာ လူငယ်ခေါင်းဆောင်များကို အတည်ပြုရွေးခြယ်တာ လုပ်ကြသည်။
အစဉ်အလာအရ လူပုဂ္ဂိုလ်ကိုးကွယ်မှုမပါသည့်အတွက် မာမားအမည်ပါသူက ခေါင်းဆောင်ရာထူးရ၏။
အခြားတစ်ဘက်မှာ ကန့်ကွက်သံတွေ ထွက်လာသည်ပေါ့။
နိုင်ငံတော်ပိုင် အဆောက်အဦများ ပါတီအကျိုးငှာ သုံးစွဲလို့မရဘူးလို့ ပုဒ်ထီး၊ ပုဒ်မတွေ ပြဌာန်းထားသည်တဲ့။
ထိုသည့်အတွက် ဥပဒေအထက်မှာ ဘယ်သူတွေရှိနေသလဲလို့ မေးခွန်းတွေ ထွက်လာကြပါသည်။
လက်ထက်တော်ကြီးမှာ လုပ်တိုင်းတင့်တယ်၍ ကြည်ငြိုဖွယ် တွေသာရှိနေတာ မသိကြဘူးထင်ပါသည်လေ။
လူငယ်ညီလာခံ ပထမရက်မှာ လူကြီးတွေ မိန့်ခွန်းတွေ ခြွေကြသည်။
အစဉ်အလာအရ ၆ ခါကြီးကို မကျော်ကြဘူးလို့ ဆိုနိုင်သလား။
ပြန်ကြားရေးတာဝန်ခံမဟုတ်သော်ငြား အီးစီအဖြစ် စင်ပေါ်တက်ပြီးကစ်နိုင်သေးသည်လေ။
၆ ခါကြီးမိန့်ခွန်းမှာ မှတ်သားဖွယ်ရာတွေပါ၏။
၂၀၀၈ ခြေဥအား ပြင်မရအောင်လုပ်ထားတာ တဖြည်းဖြည်း သဘောပေါက်လာပြီတဲ့။
ပြည်တွင်းလုပ်ငန်းအခက်အခဲအချို့မှာ ၂၀၀၈ ကြောင့်လို့လည်း စွပ်စွဲပြောကြားသေးသည်။
ခြေဥကန့်သတ်ချက်ကြောင့် ရှေ့တိုးမည့်လုပ်ငန်းများ နောက်တောင်ဆုတ်သွားသေးသည်လို့လည်း မိန့်ကြားသေးသလား။
ဟဟတောင် အ၀က်သားမျှသာ ပေးလိုပါသည်လေ။
သားရေကြိုးတစ်ပြားများကိစ္စ ထည့်ပြောကြပါစို့။
လူတူသားရေကြိုးများ မြန်မာပြည်တွင်းခိုးဝင်သောင်းကျန်းသွားတာ အများမှတ်မိကြမည်ထင်ပါသည်။
ထိုလူတူသတ္တဝါများကိစ္စ လက်ထက်တော်ကြီးမှာ ပုံကြီးချဲ့ခံရတာ အတော်များသလား။
ကုလအစည်းအဝေးတွေမှာတောင် ထည့်ဆွေးနွေးကြသည်ပေါ့။
ထိုသို့ ဘက်ပေါင်းစုံမှ မြန်မာကိုထိုးနှက်နိုင်ရေး တစ်ဘက်လှည့်နှင့် အားပေးကြသည့်အထဲမှာ ကော်မရှင်ဖွဲ့ပေးလိုက်သူတွေလည်းပါသည်။
သားရေကြိုးများကိစ္စ ဟစိနာကြီးကတော့ ကုလအတွင်းရေးမှူးချုပ်ကို ကျေးဇူးတင်စကားတောင် လှမ်းပြောလိုက်သေး၏။
အိမ်ကျယ်များကတော့ ကုလသွားရမည်ဆိုက ကျန်းမာရေးအကြောင်းပြ ရှောင်ရှားတတ်ကြပါသည်လေ။
ယနေ့အတွက် သတင်းတင်ဆက်တာ နားချိန်ပေးပါတော့မည်။
နောက်တစ်နေ့မှာ ပြန်လည်ဆုံဆည်းကြပါစို့။
ကျေးဇူးတင်ပါသည်။