လိုင်ဇာနဲ့ လက်နက်ငယ်တစ်ကမ်းအကွာမှာ
ငြိမ်းချမ်းရေးဆိုတဲ့ ဝိုင်တစ်ခွက် အသံထွက်လာတယ်။
တောက်တစ်ချက် ခေါက်လိုက်စဉ်မှာ မဲ့ပြုံးက အသက်မပါဘူး။
ဂျိုးငှက်ကလေးများ ထွက်လာလေမလားဆိုတဲ့အတွေးတစ်စ
ကျည်မခ ဘူးတဲ့လူတွေအတွက်တော့ ကာရံတွေ ပြည့်လို့။
အလံဆိုတာ လွှင့်ထူရတာပါကွယ်။
အခုလောလောဆည်တော့ ညီလေးကို ကိုယ်ခြုံပေးလိုက်တယ်။
ညီလေး နွေးထွေးခြင်းကို အေးချမ်းစွာခံစားပါတော့။
အော်။ ညီလေးလဲ ပါသလား။
တိုင်းပြည်အတွက် အသက်ကိုတောင် ပေးမတဲ့လား။
ဝိုင်တစ်ခွက်လောက် အဖိုးမတန်ပါဘူးကွယ်။
သူတို့က ငှက်ကလေးတွေ ဖမ်းချင်တာလား။
ဒါမှ မဟုတ်။
လွတ်လပ်သွားစေချင်တာတဲ့လား။
ညီလေး အိပ်မပျော်ခင်မှာ အိပ်မက်မက်သွားသေးတာကိုး။
လာပါကွယ်။
လွှင့်ထူခွင့် မရတဲ့အလံကို ကိုယ်စီဆောင်ပြီး
ငှက်သွားဖမ်းကြတာပေါ့။
ဒါမှ မဟုတ်ရင်လဲ လွတ်လပ်ခွင့် ပေးလိုက်ကြပါစို့။
အနည်းဆုံးအဆင့် ငါတို့အလံကို ခြုံပေးမဲ့သူတော့
မျှော်လင့်ထားကြမယ်လေ။
ကိုယ်တွေက ငှက်ကလေးတွေကို ရှာယုံ သက်သက်ပဲ မဟုတ်လား။