တစ်သက်မှာ တစ်ချစ်သာ...
ချစ်တတ်တဲ့ငါ...။
တစ်နှစ်မှာ တစ်ခါပွင့်...
ပွင့်တတ်တဲ့ ပိတောက်ဝါ...။
အတာကူးပီမို့
မြအဖူးကြိုင်ကာလွင့်တော့
ပင်ခြေတွင် ပန်းကြွေဦးကို
နမ်းရှိုက်လို့ မေ့မူးနေ...။
မောင် မမုန်းပါဘူး
ရှောင်ပုန်းသူ ဘယ်ဆီရောက်ပါလိမ့်...
ပိတောက်ရိပ်က ပျောက်သူရေ
ဝေပြန်ပီကွဲ့ မြလွှာဦး...။
နှစ်တွေကူးသော်လည်း
ချစ်ဦးကို မောင် မျှော်တပါလို့
ပြန်မရတဲ့ အပျော်လေးတွေ
လွမ်းရသူ နွမ်းရင်မောလေရဲ့
သည်း...သက်မကခင်သူရေ...။
မြရည်ဝင်ပိတောက်တုံးလေးတော့
နှစ်ဆုံးကို မျှော်ချိန်ရှိပေမယ့်
မောင့်ရင်မှာ အချစ်သူသုဉ်းတာတော့
သက်ဆုံးတိုင် ပြန်မလန်းပါဘူး...။
ပန်းခြောက်တဲ့ မုန်းစကားမြေ...။
စမ်းပျောက်တဲ့ နှလုံးသားနွေ...။ ။
MSU-035 @htoohan