မောင်မယ်သစ်လွင်ကြိုဆိုပွဲ
ခမ်းနားဝံထည် ဆန်းပြားပါဘိ
ပျော်စရာအပြည့်နှင့်ကြည်နူးဖွယ်
သူငယ်ချင်းရေ လိုက်ဦးမလား။
မလိုက်တော့ဘူး သူငယ်ချင်း
ကန်တင်းက စောင့်နေမယ်...
စာသင်ခန်းဝယ် သင်ကြားဖွယ်
စာပေသုတ တိုးပွားပါဘိ
စိတ်ဝင်စားဖွယ် ပညာရယ်
သူငယ်ချင်းရေ လိုက်ဦးမလား။
မလိုက်တော့ဘူး သူငယ်ချင်း
ကန်တင်းက စောင့်နေမယ်...
ဘာသာရပ်စုံ အားကစားပြိုင်ပွဲ
စည်းလုံးညီညာ အားရပါဘိ
တက်ကြွရွှင်လန်း အားပေးဖွယ်
သူငယ်ချင်းရေ လိုက်ဦးမလား။
မလိုက်တော့ဘူး သူငယ်ချင်း
ကန်တင်းက စောင့်နေမယ်...
ခြေလျင်တောင်တက် ခရီးဆင်နွှဲ
ကြံ့ခိုင်စွမ်းရည် ရှိလှပါဘိ
ယုံကြည်လက်တွဲ ခရီးဆက်ဖွယ်
သူငယ်ချင်းရေ လိုက်ဦးမလား။
မလိုက်တော့ဘူး သူငယ်ချင်း
ကန်တင်းက စောင့်နေမယ်...
စိတ်ဝင်စားဖွယ် ဟောပြောပွဲ
အသိပညာ တိုးလှပါဘိ
ဗဟုသုတ ရှာမှီးဖွယ်
သူငယ်ချင်းရေ လိုက်ဦးမလား။
မလိုက်တော့ဘူး သူငယ်ချင်း
ကန်တင်းက စောင့်နေမယ်...
ပရဟိတ လှူဒါန်းပွဲ
ကောင်းမှုကုသိုလ် ရလှပါဘိ
နှလုံးစိတ်ဝယ် အေးချမ်းဖွယ်
သူငယ်ချင်းရေ လိုက်ဦးမလား။
မလိုက်တော့ဘူး သူငယ်ချင်း
ကန်တင်းက စောင့်နေမယ်...
ဘွဲ့နှင်းသဘင် အခမ်းအနား
လူစုံတက်စုံ ရှိလှပါဘိ
ဘဝမှတ်တိုင် စိုက်ထူဖွယ်
သူငယ်ချင်းရေ လိုက်ဦးမလား။
မလိုက်တော့ဘူး သူငယ်ချင်း
ကန်တင်းက စောင့်နေမယ်...။ ။
MSU-035