မှတ်တမ်းဆိုတာ ရာဇဝင်ပဲ
တစ်နည်းအားဖြင့် အတိတ်တွေကို
သိမ်းဆည်းထားခြင်းပဲ။
ငါတို့မှတ်တမ်းဟာ ငါတို့အတိတ်ပဲ
ငါတို့အတိတ်ဟာ ငါတို့ရာဇဝင်ပဲ
ငါတို့ရာဇဝင်ကို ပြောရင်
ငါတို့ကျောင်းတော်ကိုပါ ပြောရလိမ့်မယ်
စွယ်တော်ပင်တွေဟာ ငါတို့ မှတ်တမ်း
အဓိပတိလမ်းမကြီးဟာ ငါတို့မှတ်တမ်း
ကန်တင်းနဲ့ ကျောင်းဆောင်တွေဟာ ငါတို့မှတ်တမ်း
အဲသည်နေရာတွေမှာ...
ငါတို့ ရယ်သံတွေရှိတယ်
ငါတို့ ရင်ခုန်သံတွေရှိတယ်
ငါတို့ ဆွေးနွေးငြင်းခုံသံတွေရှိတယ်
ငါတို့ စာအံသံတွေရှိတယ်
ငါတို့ ခြေရာတွေရှိတယ်
ငါတို့ကျောင်းတော်ဟာ ငါတို့ရဲ့ မှတ်တမ်းမှတ်ရာပဲ။
ငါတို့ အတိတ် တစ်ပိုင်းတစ်စ သိမ်းထားတဲ့နေရာပဲ။
ငါတို့ မှတ်တမ်းကို မပျောက်စေနဲ့
ငါတို့ မှတ်တမ်းကို မဖျက်စေနဲ့
ငါတို့ မှတ်တမ်းကို ငါတို့ပဲ ထိန်းသိမ်းရမှာ
ငါတို့ မှတ်တမ်းကို ငါတို့ပဲ ထိန်းသိမ်းရမှာ
ငါတို့ မှတ်တမ်းကို နောက်လူတွေလည်း ဖတ်ခွင့်ရပါစေကွာ။ ။
MSU-035