ရေခံလဲ မတူညီဘူး...
မြေခံလဲ မတူညီဘူး...
ဒါပေမယ့် တူညီတဲ့ နှလုံးသားတွေရှိတယ်။
လူမျိုးလဲ မတူဘူး...
ဘာသာလဲ မတူဘူး...
ဒါပေမယ့် တူညီတဲ့ မွန်မြတ်မှုလေးတွေရှိတယ်။
စိတ်ကူးတွေလဲ မတူဘူး...
ရည်မှန်းချက်တွေလဲ မတူဘူး...
ဒါပေမယ့် တူညီတဲ့ ပန်းတိုင်တွေတော့ရှိတယ်။
မတူညီတဲ့ ဒေသတွေ
မတူညီတဲ့ လူမျိုးတွေ
မတူညီတဲ့ ကိုးကွယ်မှုတွေ
ဒီလို မတူညီမှုတွေ အများကြီးက
တူညီစွာ ဘဝကျောင်းတော်ကြီးမှာ
ပညာနို့ရည် သောက်သုံးကြမှတော့
သူငယ်ချင်း...
မင်းလဲ ငါတို့နဲ့ အတူတူပါပဲ....။ ။
MSU-035