1mb ကို ၅၀ပြားနှုန်းနဲ့ အင်တာနက်အသုံးပြုခြင်း-Part 1(original content written by crypto boy)
ဒီနေ့ခေတ်မှာတော့ အင်တာနက်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တောရောမြို့ပါ မရှိမဖြစ်တဲ့ နေ့စဉ်လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးတွေမှာတော့ wifi service ပေးတဲ့ ကုမ္ပဏီတွေကနေ unlimited data ကို ဈေးနှုန်းသက်သက်သာသာနဲ့ သုံးစွဲနိုင်နေပါပြီ။
ဒါပေမယ့် ကျွန်တော်တို့လို ကျေးလက်ဒေသမှာ နေထိုင်သူတွေအတွက်ကတော့ wifi service မရောက်ရှိသေးတဲ့အတွက် အင်တာနက်ကို mobile operator တွေက ဝယ်ယူသုံးစွဲကြရပါတယ်။
mobile operator တွေက ပေးတဲ့ အင်တာနက်ဝန်ဆောင်မှုဟာ unlimited data မဟုတ်ပါဘူး။limited data ဖြစ်ပါတယ်။ဆိုလိုတာက ''ကြိုက်သလောက်သုံး ကျသလောက်ရှင်း''စနစ်ဖြစ်ပါတယ်။
MPT,TELENOR,OOREDOO,MECTEL စတဲ့ mobile အော်ပရေတာကြီးတွေက ပေးတဲ့ အင်တာနက်ဝန်ဆောင်မှုဟာ ဘာ package မှ မဝယ်ပဲ သုံးစွဲရင် 1mb ကို 5ks/ ကနေ 8ks/ အထိ ကျသင့်နိုင်တဲ့အတွက် 1gb ကို မြန်မာငွေ 5000ks/ ကျော်ကနေ 8000ks/ ကျော်အထိ ကုန်ကျမှာ ဖြစ်ပါတယ်။
ကုန်ကျစရိတ်သက်သာစေဖို့အတွက် package တွေဝယ်ယူသုံးစွဲမယ်ဆိုရင်တော့ 1mb ကို အနဲဆုံး 1.5ks/(တစ်ကျပ်ခွဲ)နဲ့အထက်မှာ ကျသင့်တဲ့အတွက် data 1gb ကို အနဲဆုံး 1500ks/ အထက်မှာ ကုန်ကျမှာ ဖြစ်ပါတယ်။အခုလက်ရှိအင်တာနက်နှုန်းထားတွေဟာ ဝင်ငွေများပြားသူတွေအတွက်တော့ သိပ်မပြောပလောက်ပေမယ့် ဝင်ငွေနည်းတဲ့သူတွေအတွက်ကတော့ အင်တာနက်ဆိုတာ ခြိုးခြံချွေတာပြီး သုံးစွဲနေရတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။စိတ်ကြိုက်သုံးလို့ကတော့ သေပြီဆရာပဲ။ဥပမာ တစ်ရက် 5000ks/ ပုံမှန်ဝင်ငွေရှိတဲ့ လူတစ်ယောက်ဟာ ဟိုဟာဒေါင်း ဒီဟာဒေါင်း ဟိုဝင်ကြည့် ဒီဝင်ကြည့် စသည်ဖြင့် အင်တာကို စိတ်ကြိုက်သုံးလိုက်မယ်ဆိုရင် သူရတဲ့ တစ်နေ့ဝင်ငွေဟာ အင်တာနက်ဖိုးနဲ့ပဲ ကုန်ဆုံးသွားမှာဖြစ်ပြီး အဲဒီနေ့အတွက် ရေသောက် ဗိုက်မှောက်ပြီး နေရမှာ သေချာပါတယ်။
ဒါ့ကြောင့် mobile operator တွေက ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက်နှုန်းထားတွေဟာ သာမန်လက်လုပ်လက်စား ပြည်သူလူထုအတွက်တော့ အနည်းငယ် ဈေးကြီးနေသေးတယ်လို့ ပြောလို့ရပါတယ်။ကျွန်တော်တို့တောမှာတော့ ဖုန်းကို ''အိမ်တွင်းသခိုး'' လို့တောင် တင်စားပြီး ခေါ်ဝေါ်ကြသဗျ။
အဲဒီတော့ အင်တာနက်ကို ဈေးချိုချိုနဲ့ သုံးချင်ရင် vpn software တွေသုံးပြီး ဟိုကျော်ဒီခွနဲ့ ဆိုက်ကားနင်းရတယ်ပေါ့ဗျာ။ဒါပေမယ့် အဲ့ဒီ vpn နဲ့ ကျော်ခွ ဆိုက်ကားနင်းတဲ့အလုပ်ကလည်း အလုပ်နဲနဲရှုပ်တဲ့အတွက် သာမန်အင်တာနက်သုံးစွဲသူတွေအတွက်တော့ အဆင်မပြေပြန်ဘူးဗျ။ဟုတ်ကဲ့။ကျွန်တော်အခုပြောပြမယ့် နည်းလမ်းကတော့ ဆိုက်ကားနင်းစရာမလိုပဲ 1mb ကို 0.5 ks/ နှုန်းနဲ့ အင်တာနက်ကို ရိုးရိုးရှင်းရှင်း စိတ်ချမ်းချမ်းသာသာအသုံးပြုနည်းပဲ ဖြစ်ပါတယ်။
To be continued;
Author - Crypto Boy