စီရော်နယ်ဒိုကိုမိတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့ဂျူ...
ဂျူဗင်တပ်စ်အသင်းကိုရောက်ရှိခဲ့တဲ့စီရော်နယ်ဒိုဟာပြီးခဲ့တဲ့ရက်အစောပိုင်းတွေကပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုတွေအပြီး တနင်္လာနေ့ညနေမှာ မိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်။ စီရော်နယ်ဒိုကိုယ်တိုင်ကတော့ တူရင်ကိုပြောင်းရွှေ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအား ဖြင့် ပါဝင်ကစားခွင့်ရခြင်းကို ဂုဏ်ယူကြောင်းဆိုပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုအတွက် ယူရို (၁၀၅)သန်း ကုန်ကျခဲ့ရပြီး ဒါဟာ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကစားသမားတစ်ဦးအတွက် အများဆုံးပေးချေခဲ့ရတဲ့ ပမာဏလည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာတုန်းကတော့ (၄၃၈)ပွဲမှာ ဂိုးပေါင်း (၄၅၀) နဲ့ ဂိုးသွင်းစံချိန်တ