ဘောပင်ဆိုတာ စာရေးသားခြင်းမှာ အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။
နည်းပညာ မထွန်းကားတဲ့အချိန်ကတည်းက စာရေးသားခြင်း၊ မှတ်တမ်းရေးမှတ်မှုတွေမှာ အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဘောပင်တွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကို ဖော်ပြပါမယ်။ ဘောပင်တွေရဲ့ မူလမြစ်ဖျားခံရာကတော့ ကလောင်သွားတွေဖြစ်ပါတယ်။ ကလောင်သွားတွေဟာ လက်နဲ့ကိုင်ပြီး အသုံးပြုရေးသားရတဲ့ ပစ္စည်းတွေဖြစ်ပြီး သစ်သားနဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။ ကလောင်သွားတွေမှာ မှင်သိုလှောင်ထားတာမျိုးမရှိပဲ တစ်ခါရေးပြီးတာနဲ့ မှင်ပြန်လည်ဖြည့်စွက်ရပါတယ်။
ကလောင်သွားတွေဟာ ဖောင်တိန်တွေထက် ပိုပြီး အကျိုးရှိတယ်လို့ ဆိုကြပါတယ်။ ဒီကလောင်သွားကို india မှင်၊ drawing မှင်၊ acrylic မှင်၊ စတာတွေနဲ့ အသုံးပြုနိုင်ပါတယ်။ ကလောင်သွားတွေကို ပုံတွေဆွဲတွေအခါမှာရော၊ စာရေးတဲ့အခါမှာရော၊ ကာတွန်းဆွဲတဲ့အခါမှာရော အသုံးပြုကြပါတယ်။
ဒါအပြင် ကလောင်သွားလိုမျိုး လုပ်ဆောင်အသုံးပြုနိုင်တဲ့ တခြားပစ္စည်းတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ink brush၊ quill၊ reed pen စတာတွေဖြစ်ပါတယ်။ စာရေးသားခြင်းဓလေ့ကတော့ ရှေးအီဂျစ်တွေလက်ထက်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပါးလွှာတဲ့ thin reed brushes တွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဘီစီ ၃ဝဝဝ လောက်မှတြော့ reed pen တွေကို အသုံးပြုခဲ့ကြပါတယ်။ reed pen တွေကို သစ်သားတွေနဲ့ ပြုလုပ်ခဲ့ပြီး ပါကစ္စတန်နိုင်ငံမှာတော့ လူငယ်ကျောင်းသားတွေက အသုံးပြုခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ပိုမိုခေတ်ဆန်တဲ့ pen လို့ခေါ်တဲ့ ဘောပင်တွေ ပေါ်ပေါက်လာခဲ့ပြီး ဒီကနေ့တိုင်အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ဘောပင်တွေဟာ မှင်နဲ့ အသုံးပြုပြီး စာရွက်တွေပေါ်မှာ စာရေးသား၊ ပုံဆွဲခြင်းတွေကို လက်ရှိအချိန်အထိ အသုံးပြုနေကြဆဲဖြစ်ပါတယ်။