*** လူအရော အနှော ***
စိတ်အရောအနှောကိုမှ
ခွဲခြမ်း စိတ်ဖြာရတဲ့အခါ
ပိုပိုပြီး ရှုပ်ထွေးနေမှန်းသိလာရတယ်..
အလွယ်လိုက်တတ်တဲ့ ပုထုဇဉ်သဘောအရ
ဒါကြောင့်
ငါဟာ ဖယောင်းတိုင်ဖြစ်နေတာကိုး...
( ကိုယ့်ခြေရင်း အလင်းမပေးနိုင်သူ)
ရှာဖွေရခြင်းထဲမှာ တွေ့ရှိရခြင်း
သဘောတရားတွေကို
ဘယ်သူ ထည့်သိုသွားခဲ့သလဲ..
အမှန်တရားတွေချည်းပဲ ရှိတဲ့
ကိုယ့်ကိုယ်ကို
သကာလောင်းပြီး
ပန်းပေါင်းစုံနေရတာ
ကိုယ့်ကိုယ်ကို မမြင်မိသေးလို့ပါကွယ်..
ကိုယ့်ကိုယ်သိတော့လည်း
ကိုယ့်ကိုယ်ကို ကြောက်မိတယ်..
အခုထိ
ခရီးရှည်ကြီးအလယ်မှာ
ယောင်ချာချာနဲ့
မျက်စိသူငယ် နားသူငယ်
ဘယ်နေရာမှာမှ
ငါ...
မတည်မြဲသေး...
မသေချာခြင်းဆိုတာ
အဲ့ဒီလောက် ပြင်းထန်တယ်ဆိုတာ မသိခဲ့ဘူး
သိမ်သိမ်မွေ့မွေ့လေး
လဲ့လဲ့ပြုံးလို့
လက်သည်းကို ဝှက်ထားခဲ့တာ
မြင်မှမမြင်နိုင်ခဲ့တာကိုး..
သာယာမှုတွေထဲမှာ
ငါ....
အဲ့လောက်အထိ
နစ်မြှုပ်....နေ...ပါ........တယ်.....။ ။
I'm Aye Thet Moe. အရော အနှော ***
စိတ်အရောအနှောကိုမှ
ခွဲခြမ်း စိတ်ဖြာရတဲ့အခါ
ပိုပိုပြီး ရှုပ်ထွေးနေမှန်းသိလာရတယ်..
အလွယ်လိုက်တတ်တဲ့ ပုထုဇဉ်သဘောအရ
ဒါကြောင့်
ငါဟာ ဖယောင်းတိုင်ဖြစ်နေတာကိုး...
( ကိုယ့်ခြေရင်း အလင်းမပေးနိုင်သူ)
ရှာဖွေရခြင်းထဲမှာ တွေ့ရှိရခြင်း
သဘောတရားတွေကို
ဘယ်သူ ထည့်သိုသွားခဲ့သလဲ..
အမှန်တရားတွေချည်းပဲ ရှိတဲ့
ကိုယ့်ကိုယ်ကို
သကာလောင်းပြီး
ပန်းပေါင်းစုံနေရတာ
ကိုယ့်ကိုယ်ကို မမြင်မိသေးလို့ပါကွယ်..
ကိုယ့်ကိုယ်သိတော့လည်း
ကိုယ့်ကိုယ်ကို ကြောက်မိတယ်..
အခုထိ
ခရီးရှည်ကြီးအလယ်မှာ
ယောင်ချာချာနဲ့
မျက်စိသူငယ် နားသူငယ်
ဘယ်နေရာမှာမှ
ငါ...
မတည်မြဲသေး...
မသေချာခြင်းဆိုတာ
အဲ့ဒီလောက် ပြင်းထန်တယ်ဆိုတာ မသိခဲ့ဘူး
သိမ်သိမ်မွေ့မွေ့လေး
လဲ့လဲ့ပြုံးလို့
လက်သည်းကို ဝှက်ထားခဲ့တာ
မြင်မှမမြင်နိုင်ခဲ့တာကိုး..
သာယာမှုတွေထဲမှာ
ငါ....
အဲ့လောက်အထိ
နစ်မြှုပ်....နေ...ပါ........တယ်.....။ ။