သူငယ်ချင်းတစ်ယောက်က စသလိုနောက်သလို ပြောဖူးတယ်။
သူ့မိန်းမကို သူကြပ်နေကျစကား။
"မိန်းမ... နင်ရုတ်ရုတ်ရုတ်ရုတ် လုပ်လို့ကတော့
ငါ လင်နောက်လိုက်ပစ်မှာနော်" တဲ့။
အင်း... အတော်ကျောချမ်းစရာကောင်းတဲ့ ခြိမ်းခြောက်မှုလို့ ဆိုရမယ်။
သူ့ယောက်ျားက နောက်မိန်းမယူသွားတာလေဆိုတာက ကြားကောင်းသေးတယ်
သူ့ယောက်ျားက နောက်လင်ယူသွားတာလေဆိုတာကြီးက နေရင်းထိုင်ရင်း ကိုယ်လည်းဘာမှမလုပ်ပါဘဲနဲ့ လှောင်ပြောင်ခံရ၊ အတင်းပြောခံရတဲ့ အရှက်ဟက်တက်ကွဲမယ့်အပေါက်။
အခုလည်း မစပ်စုပေမယ့် Newfeedမှာ မြင်နေရတဲ့
ကလေးနှစ်ယောက်အဖေ လင်နောက်လိုက်တဲ့ကိစ္စ။
ကြားရသူတွေအတွက် ငိုအားထက် ရယ်အားသန်ဆိုပေမယ့် ခံစားရတဲ့မိန်းမသားအနေနဲ့ အတော်ရင်ကွဲပက်လက်ဖြစ်ရှာမှာ။
နှစ်ပေါင်းများစွာ နာကျည်းချက်တွေကြောင့်သာ အစွန်းစွန်ဆုံးပေါက်ကွဲနေပုံရတာ
သူလည်း ချစ်လို့အားကိုးလို့ ယူခဲ့တဲ့ ကလေးတို့အဖေအတွက် ခံစားရမှာပဲ။
လိင်တူချစ်သူတွေကိုလည်း မစော်ကားပါဘူး။
LGBT အခွင့်အရေးကိုလည်း နားလည်ပါတယ်။
လိင်တူချစ်တဲ့စိတ်ဆိုတာ မွေးရာပါစိတ်ပါ။
ပြင်လို့လည်း မရသလို ထိန်းဖို့လည်း ခက်လှပါတယ်။
အတင်းဇွတ်ကျားပြီး မိန်းမယူ၊ ကလေးယူနဲ့
Coverတွေလုပ်ပြီး ထိန်းမနိုင်သိမ်းမရ ပွင့်ကြအန်ကြတော့မှ လူကြားမကောင်း သူကြားမကောင်း ဖြစ်ရော့မယ်။
Cover Lady ခဗျာ နှစ်ပေါင်းများစွာ ပုလင်းကွဲတွေ ရှတာ ရှတာဆိုတာလေ။
အဲ့တော့လေ ကိုယ့်စိတ်လေးကိုယ် သေသေချာချာ စေ့ငု၊ ငါက ကျားရော ကျားရဲ့လား၊ ငုံနေတာလား၊ ဖူးနေတာလားလေး ဆန်းစစ်ပြီးမှ မိန်းမယူ ကလေးမွေးတော်မူကြ။
ဟယ်... ယွကျားတော့ ဆိုတာမျိုးကြီးနဲ့
အံကြီးကြိတ် ဇွတ်ကျားမယ့်အစား
ဆတ်စလူးထ ပွင့်ပလိုက် အာပလိုက်စမ်းပါ။
ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတဲ့ မဟာမျိုးအခြောက်အေ့တို့
မိန်းမလျာဘဝ သိန်းတစ်ရာမက တန်တယ်ဟဲ့
အစစ်မတွေ ဒိုးဆိုပြီး ချေမိုးပစ်လိုက်စမ်းပါ။
ဇွတ်ကျားပြီး ကလေးနှစ်ယောက်ရမှ လင်နောက်လိုက်
မိန်းမက ကတ်တလီယာတွေ ပွင့်တော့မှ
ဘွာတေးလုပ်မရ
အခြော်တကောက်လောကကို အရောင်မဆိုးချင်စမ်းပါနဲ့ ကမရယ်။
ပုလင်းကွဲက တော်ရုံရှတာမဟုတ်ဘူး
မှန်ဆိုင် ဗုံးကွဲသလိုကြီး ရှတာ။
ကြားက ကြက်သီးတွေ ထတာ ထတာဆိုတာလေ
😖😖😖