💖 ချစ်တဲ့ သူစိတ်ချမ်းသာဖို့ 💖
လူတိုင်းမှာ
သူ့ဘဝနဲ့သူ
သူ့ဆုံးဖြတ်ချက်နဲ့သူ
ရေစက်ရှိလို့
တစ်ယောက်နဲ့တစ်ယောက်
တွေ့ဆုံကြတယ်
သံယောဇဉ်ပိုင်္ကြီးသူ
မေတ္တာကြီးမားသူက
ပိုသည်းခံ ၊ပိုခွင့်လွှတ်
ပိုနားလည်ပေးရတာ
သည်းခံတယ် ခွင့်လွှတ်တယ်
နားလည်တယ်ဆိုတာ
မပြောတတ်လို့မှမဟုတ်တာ
သူများတစ်ခွန်းပြောလာရင်
ဆယ်ခွန်းမကပြောတတ်ကြပါတယ်
နဂိုဗီဇအေးဆေးတာရယ်
ကိုယ့်ပြောလိုက်တဲ့စကား
ကိုယ်ချစ်တဲ့သူများ
ထိခိုက်နာကျင်သွားမလား
အတွေးနဲ့ ကိုယ့်နာကျင်သလို
သူ့ကိုမနာကျင်စေချင်လို့ စိတ်ချမ်းသာပါစေဆိုတဲ့စိတ်နဲ့
ရိုးသားမှုစိတ်ရင်းကို
မကြာခဏခြေချခံရရင်
တကယ်မေတ္တာမစစ်ရင်
ကျောခိုင်းသွားမှာပါ
ကိုယ်မမှားလဲ တောင်းပန်
ကိုယ်မှားလဲ တောင်းပန်
ခန္နီာပါရမီရှင် မဟုတ်ပေမဲ့
စိတ်ချမ်းသာပါစေဆိုတဲ့
စိတ်လေးတစ်ခုနဲ့ပါ
ဒီနေ့ထိ
ကိုယ်ဖက်က ဘာကိုမှ
မငြိုငြင်ခဲ့ မငြူစူခဲ့ဘူး
ဘယ်အချိန်ဖြစ်ဖြစ်
စိတ်ထဲလဲ မကွက်ခဲ့ပါဘူး
ကိုယ်စိတ်ရင်းအမှန်က
အတူရှိနေချိန်
နေနိုင်ချိန်လေးမှာ
အကောင်းဆုံးဆိုတာတွေ
ပေးချင်ခဲ့တာပါ
စိတ်ပျက်မှု အားငယ်မှု
အလိုမကျမှု
ကိုယ်မျက်နှာမှာ
နောက်ဆုံးအချိန်
ထိ မမြင်စေရပဲ
ဟန်ဆောင်တာ မဟုတ်ပဲ
ချစ်တဲ့သူစိတ်ချမ်းသာဖို့
မျက်နှာကို
အရိပ်ကြည့်ပြီးနေသွားမဲ့ ဆန္ဒပါ
ကိုယ်က မင်းအတွက်အမြဲ
အားအင်ပြည့်နေသူအဖြစ်ပါပဲ
တစ်နေ့နေ့
ကိုယ်စိတ်ရင်းစေတနာကို
မင်းနားလည်လာစေချင်တယ်
ဝမ်းနည်းဖို့ကောင်းတာက
အဲဒီအချိန်
ကိုယ့်ကမင်းအနားမရှိပေးနိုင်တော့တာပဲ
အလားတူချစ်ခြင်းမျိုးနဲ့
နောက်တစ်ခါကြုံခဲ့ရင်
တန်ဖိုးထားပြီးတော့
ဂရုစိုက်ပေးပါလို့
စိတ်ရင်းအမှန်နဲ့
💖 ကိုယ်က မင်းအတွက်အမြဲ

အားအင်ပြည့်နေသူ အဖြစ်ပါပဲ 💖