ခေတ်က တိုးတက်လာတာနဲ့အမျှ နိုင်ငံတကာနည်းတူ အွန်လိုင်းကနေ ငွေရှာတာတွေလဲ တဖြည်းဖြည်း ခေတ်စားလာကြတာပေါ့
အစပိုင်းမှာ Free ရှာကြတယ်
Free ဆိုပေမယ့် အင်တာနက်ဘိုးတော့ အသုံးပြုရသေးတာပေါ့ ထားပါ အတွေ့အကြုံရတာပေါ့
နောက်ပိုင်းကျတော့ Invest ဆိုပီး ရင်းနှီးမြုပ်နှံကြတယ် ဒါ အဆင်အပြေဆုံးပါပဲ ဘယ်နေရာဖြစ်ဖြစ် အပြင်လောကမှာလဲ ဘယ်နေရာမှ ရင်းနှီးမြုပ်နှံမှု မရှိပဲ ဝင်ငွေ Income ဆိုတာ ရနေတာမရှိပါဘူး
ရင်းနှီးမြုပ်နှံမှုဆိုရာမှာလဲ သိန်းကို ရာနဲ့ချီပီး မြုပ်နှံနေစရာတော့ မလိုပါဘူး ရှိတဲ့သူက ရှိသလောက် မရှိတဲ့သူက တတ်နိုင်သလောက်လေး ရင်းနှီးကြတာပေါ့ အနည်းဆုံး ထောင်ဂဏန်းကနေ သိန်းရာချီအထိ ရင်းနှီးမြုပ်နှံနေကြတာပဲ ဒါပေမယ့်ပေါ့ဗျာ
ထောင်ဂဏန်းရင်းထားတဲ့သူက သိန်းရာဂဏန်းသမား ရနေတဲ့ Income ကိုတော့ သွားမယှဉ်နဲ့ပေါ့ တူမှမတူနိုင်တာပဲလေ သူ့အလွှာနဲ့ သူ့အတိုင်းအတာနဲ့သူ ဘယ်အလုပ်မဆို လုပ်တတ်ရင် Income တစ်ခုရနေတာပါပဲ အဆင်ပြေနေတာပါပဲ တွေးခေါ်ကြံဆခြင်းနဲ့ သုံးသပ်နိုင်ခြင်းတွေကပဲ အဆုံးအဖြတ်ပေးမှာပါ
ခုလက်ရှိ အွန်လိုင်းငွေရှာလောကမှာ
တစ်ချို့က ဇောက်ချလုပ်ကြတယ်
တစ်ချို့က အပိုဝင်ငွေရှာကြတယ်
တစ်ချို့က အပျင်းလဲပြေ ငွေလဲဝင်လုပ်ကြတယ်
ဒီလိုလူတွေပဲကျန်ခဲ့တာများပါတယ် ဘာလို့ကျန်ခဲ့ပီး ဆက်ရပ်တည်နိုင်တာလဲဆိုရင် သူတို့က
အလုပ်တစ်ခုလို့သတ်မှတ်တယ်
လိုအပ်တဲ့လေ့လာမှုတွေ ပြုလုပ်တယ်
သင့်တင့်တဲ့ အရင်းအနှီးငွေ စိုက်ထုတ်တယ်
ဦးနှောက်နဲ့ အချိန်တိုင်း ဆုံးဖြတ်နေတယ်
လောဘအပေါ်မှာ မသာယာဘူး ဒီအချက်တွေကြောင့်ပါပဲ
အစထဲက ဖရီး ဖရီး ဖရီးဆိုတဲ့သူတွေက မျက်စိထဲမှာ Income ကိုသာ မြင်ကြပါတယ်
Experience
Practise တွေ မရှိတတ်ကြပါဘူး
Click တစ်ချက်နှိပ် ငွေရ ဆိုတာကတော့ လူတိုင်းလိုချင်ကြတာပဲလေ ဒါလဲ မဆန်းပါဘူး လူ့သဘာဝပဲဟာ တန်သလောက်တော့ ရနိုင်ပါတယ်
အွန်လိုင်းမှာငွေရှာတော့မယ်ဆိုရင်
Browser or App နဲ့ အင်တာနက်အသုံးပြုတတ်ရပါမယ်
အင်္ဂလိပ်လို အနည်းအကျဉ်းတော့ ဖတ်တတ်ရပါမယ်
အင်တာနက် အနည်းဆုံး 3G လိုင်းရှိရပါမယ်
ဖုန်း သို့ တက်ပလက် သို့ ကွန်ပျူတာ တစ်လုံးလုံး ရှိရပါမယ်
ဖုန်းဆိုရင် အနည်းဆုံး မျက်နှာပြင်၅လက်မလောက် ရှိရပါမယ်
ကြိုးစားချင်စိတ်ရှိရပါမယ်
သင်ယူလိုစိတ်ရှိရပါမယ်
သင့်တင့်တဲ့ တတ်နိုင်တဲ့ အရင်းအနှီးမျိုး ရှိကိုရှိရပါမယ်
ဒါတွေက အခြေခံကျတဲ့ အချက်တွေပါ
နောက်မှ ထပ်ရေးပါအုံးမယ် တခြားဂဏ္ဍတွေ
အားလုံး အွန်လိုင်းမှာ ငွေရှာတာ အောင်မြင်ကြပါစေ
Credit###aung lay
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺