၁။ ပြင်ဆင်ထားမှု မရှိခြင်း
Trader တွေ Trading
မှာ တစ်စိုက်မတ်မတ်
မလုပ်ဆောင်နိုင်တဲ့ အကြောင်း
အရင်းတစ်ခုက စိတ်ပျက်
လပ်ပျက်ဖြစ်တာကြောင့်ပါ။
အပြစ်ပြောစရာမရှိတဲ့ Trade
Day တွေကို တွေ့ကြုံရတဲ့
အချိန်မျိုးရှိသလို၊ ကိုယ်
မျှော်လင့်ထားသလို အမြဲတမ်း
ဒီလို ကောင်းနေမှာတော့
မဟုတ်ပါဘူး။
ကိုယ်ဝယ်ပြီးခါမှ ဈေးကကျ
ကိုယ်ရောင်းပြီးခါမှ
ဈေးကတက်နဲ့ ခဏခဏ
ကြုံရလိမ့်ရှိပါတယ်။
မျှော်လင့်မထားတာမျိုး
ကြုံလာတဲ့အခါမှာ တစ်ချို့
Trader တွေဟာ တုန်လှုပ်၊
အံ့အားသင့်သွားတတ်ကြပါတယ်။
ဒါ့ကြောင့် သူတို့တွေဟာ
အာရုံစူးစိုက်မှု မရှိတော့တာ၊
ကိုယ့်ရဲ့ Trading Plan မှာ
မရှိတဲ့ အရာမျိုးတွေလုပ်မိတာ၊
စိတ်လှုပ်ရှားပြီး ထင်ရာလုပ်
မိတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလို စိတ်လှုပ်ရှားမှုမျိုးကို
ရှောင်ရှားဖို့အတွက် ဈေးကွက်
ထဲမ၀င်ခင်မှာ ဖြစ်နိုင်တာ
တွေအားလုံးအတွက်တုန့်ပြန်ဖို့
အစီအမံတစ်ခု ရှိဖို့လိုပါတယ်။
ဒါမှသာ မျှော်လင့်မထားတာမျိုး
ဖြစ်လာတဲ့အခါ စိတ်မပျက်ဘဲ
ဘယ်လို တုန့်ပြန်ရမလဲဆို
တာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
၂။ ဆက်တိုက် မြတ်ခြင်း
သို့မဟုတ် ရှုံးခြင်း
ဆက်တိုက် မြတ်နေတာ၊
ရှုံးနေတာတွေကြောင့်
Trader တွေဟာ သူတို့ရဲ့
Trading Plan ကနေ
ကနေ သွေ
ဖည်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
ဆက်တိုက်ရှုံးတာမျိုး
ကြုံလာပြီဆိုရင် အခွင့်
အလမ်းကောင်းတွေကို
လက်လွှတ်လိုက်ရတာမျိုးလည်း
ရှိနိုင်ပါတယ်။ အဲဒီလိုပဲ
ဆက်တိုက် မြတ်နေပြီဆိုရင်
လည်း ယုံကြည်မှု လွန်ကဲတာမျိုး
ဖြစ်နိုင်ပြီး ကိုယ့်ရဲ့ အစီအစဉ်မှာ
မပါတဲ့ Trade လုပ်တာမျိုးတွေ
ဖြစ်နိုင်ပါတယ်။
အဲဒီလို စိတ်ခံစားမှုမျိုးကို
ထိန်းဖို့အတွက်လမ်းညွှန်မှုတွေကို
ရှာဖတ်ဖို့ လိုပါတယ်။
နောက်တစ်ခု သတိထားရ
မှာက သင်ရဲ့ Trade Plan ဟာ
သတ်သတ်မှတ်မှတ်ရှိတဲ့
စည်းကမ်းတွေကို
အခြေခံတယ်ဆိုတာပါ။
အဲဒီ Planကနေ ချော်ထွက်
သွားပြီဆိုရင်တော့
အန္တရာယ်ဖြစ်ဖို့ များသွားပါပြီ။
၃။ Trade Plan မှာ
ယုံကြည်မှုနည်းခြင်း
Plan အတိုင်း သွားတာကလွဲရင်
အခြား ရွေးချယ်စရာမရှိဘူး
လားဆိုပြီး ထင်တဲ့
အချိန်မျိုးတွေ ရှိကောင်းရှိနိုင်ပါ
တယ်။ ဒီ Plan အတိုင်း
တစ်သွေမသိမ်း လိုက်လုပ်စရာ
မလိုတော့ဘူး၊ ဒီ Plan က
အလုပ်မဖြစ်တော့ဘူးလို့ ခံ
စားရတဲ့ အချိန်မျိုးလည်း
ရှိကောင်းရှိနိုင်ပါတယ်။
ရလဒ်အနေနဲ့ Trader တွေဟာ
စိတ်စေရာနောက်ကိုပြီး
Trade လုပ်မိတာပါ။
ဒါပေမယ့် ဒီလို Trade Plan
ကို သွေဖည်သွားပြီဆိုရင်
ရည်ရွယ်ချက်တစ်ခုလုံး
ဆုံးရှုံးသွားမှုမျိုး ဖြစ်လာနိုင်ပါ
တယ်။ Trading Plan ဟာ
Trading Edge ကို ဖြစ်စေပြီး
Trading Edge မရှိဘူးဆိုရင်
အကျိုးအမြတ်ကလည်း
နည်းနည်းပဲ ရှိမှာဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက်
ဈေးကွက်နဲ့ ကိုယ့်ရဲ့
statistic ကို အသေးစိတ်
စောင့်ကြည့်နေဖို့ လိုပါတယ်။
statisticဆိုတဲ့ကိန်းဂဏန်း
အချက်လက်တွေက
က ကောင်းလား၊
ဆိုးလားဆိုတာကို မေးခွန်းထုတ်ဖို့
ခက်ပါတယ်။ Trading Plan
အလုပ်ဖြစ်နေရင် ဒီ Plan
အတိုင်းဆက်သွားဖို့
ယုံကြည်မှု ပိုလာမှာဖြစ်ပါတယ်။
၎။ မဟာဗျူဟာနှင့်စိတ်ခံစားမှုကို ဆန့်ကျင်ဖက်ဖြစ်ခြင်း
Trading Plan အတိုင်း
တစ်သွေမသိမ်း လုပ်ဆောင်တာမျိုး၊
ဒါမှမဟုတ် ကိုယ့်ရဲ့ တွေးတ်ေမှု၊
အခြား ကိစ္စတွေကြောင့်
စိတ်ကြိုက် Trade လုပ်တာတွေ
ရှိကောင်း ရှိပါတယ်။ ဒါဟာ
Trading တစ်သတ်မတ်
တည်းဖြစ်မှုကို ဦးတည်စေပြီး
Botton Line မှာ သွားထိမှာပါ။
တစ်နေ့တာကုန်သွားရင်
Trading Plan က
အလုပ်ဖြစ်လား၊ မဖြစ်ဘူးလား
ဆိုတာကို သုံးသပ်ရပါလိမ့်မယ်။ '
ငါ့ရဲ့ Trading Plan က ငါ့ရဲ့
Trade Style နဲ့ လိုက်ဖက်လား'
ဆိုတာကိုလည်း ကျွန်တော်တို့
စဉ်းစားရပါတယ်။
Trend အတိုင်း လိုက်လိုပေမယ့်
စနစ်ပြောင်းရတာမျိုး
ရှိကောင်းရှိနိုင်သလို၊ နေ့စဉ်
Trade လုပ်ရမယ့်တာဝန်ရှိ
နေပေမယ့် swing trader
ကပဲ ကောင်းတဲ့ဆိုတဲ့
အတွေးမျိုးတွေလည်း
ဝင်ကောင်းဝင်နိုင်ပါတယ်။
မိမိရဲ့ ဗျူဟာတွေ၊ Plan တွေဟာ
ကိုယ့်ရဲ့ စိတ်နေသဘောထားနဲ့
ကိုက်ညီအောင်လည်း
လုပ်ဖို့လိုပါတယ်။ ကိုယ်
့ရဲ့သဘောထားနဲ့ စတိုင်ကို
ဆုံးဖြတ်ပြီးပြီဆိုရင်တော့
ရေရှည် အကျိုးဖြစ်ထွန်းနိုင်တဲ့
Trader တစ်ယောက်ဖြစ်ဖို့
နီးစပ်နေပါပြီ။
ဘယ်လိုအခြေအနေမျိုးမှာ
ပဲဖြစ်ဖြစ် ကိုယ့်ရဲ့
Trade Plan အတိုင်း
လုပ်သွားတာဟာ စည်းမျဉ်း
စည်းကမ်းတစ်ခုထက်ကို ပိုပါတယ်။
ကိုယ့်အတွက် အသင့်တော်
ဆုံးဖြစ်နေရမယ်။ ဖြစ်နိုင်တဲ့
အခြေနေတွေအားလုံးကို
ထည့်သွင်းစဉ်းစားထားရမယ်။
ဒါကိုကျားကန်ဖို့အတွက်လည်း
လုပ်ထားရမယ်။
ဒီစံတွေအားလုံး ပြည့်မီနေပြီ
ဆိုရင်တော့ ကိုယ့်ရဲ့ Trading Plan
ကို ယုံကြည်ပြီး ဒီအတိုင်းလုပ်သွားဖို့
ပိုလွယ်သွားပါပြီ။
Ref:Dr.pipslow
💎Trading Plans ဘယ်လိုထားရမလဲ
ဘယ်လို ရေးဆွဲရမလဲဆိုတာ
နောက်ပို့စ်တခုအနေနဲ့
အကျယ်တဝင့်ရေးပြပေးပါဦးမည်။💎
Credit#ko thura tun