..စည်းကားသိုက်မြိုက်စွာ
ကျင်ပသော တန်ဆောင်တိုင် မီးပုံးပွဲး....။
မီးရောင်စုံအောက်တွင်
အရောင်းအသွေး တို့ကာ စုံလင်လှသည်။
ဆယ့်နစ်လရာသီတွင် တစ်ကြိမ်သာဆင်နွဲးသည့်ပွဲးဖြစ်၍
မြို့ရှိ လူစုံ စုဝေးသော ထိုပွဲးတော်ညသည်
်လူတိုးမပေါက်အောင် စည်ကားလှသည်။
ဤ ပွဲးသည် မြို့ငယ်လေး၏
ဂုဏ်သိက္ခာ အထင်ကရတခုဟုဆိုလျှင်မမှား...။
သို့မဟုတ်......ဤဇာတ်လမ်း၏ အစ..။
"ဟိတ် ရွက် ရွက် "
သွားပြီ... ဇာတ်လမ်းစချေပြီ...။
သကောင့်သားက အခြားမဟုတ် ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲမှာ သီဟ။
အရပ်အရှည်ဆုံးဖြစ်သလို လေလဲရှည်သည်။ရုမ်းတရုတ်စပ်မို့ အသားဖြူ၏။ ရည်မွန်သန့်ပြန့်သော မျက်နာထားရှိသောလဲ
ရုပ်နှင့်မလိုက်စွာ
ဗရုပ်အကျဆုံး ဖြစ်သည်။ပွဲးသွားပွဲးလားများနှင့်စည်းကား၍ လူကျပ်သောနေရာတခုအရောက်တွင် တစ်ဖက်မှကောင်မလေးအုပ်စုကို စနေခြင်းဖြစ်သည်။
လိုက်လာမိတာ မှားပြီဟု ကျွန်တော် စိတ်ထဲကတွေးလိုက်မိသည်။
မျက်နာကိုဖွတ်ထားမိသည်။
ထိုနှင့် တပြိုင်နက် အောင်ခန့်ကို လှမ်းကြည့်မိသည်။
အောင်ခန့် မျက်နာ ပျက်နေသည်။ သူက ဂျစ်ကန်ကန်မိုက်ကန်းကန်းတမျိုး ကောင်မလေးများနှင့် ရေားနောမဆက်ဆံတတ်။
ယခု ကျွန်တော်နှင့် ဘဝတူ ။
နစ်ယောက်သာ ကုပ်ချောင်းချောင်းနှင့် လိုက်လာသည်။
တိုင်ပင်ထားသည့်အတိုင်း အတိုင်အဖောက်ကညီနေသည်။
ညီနေသည်။ သီဟနှင့် ကောင်မလေးအုပ်စုဟုသာ
ဆိုကြပါစို့။
ကောင်မလေးအုပ်ကလဲ စုစုပေါင်း ၄ ယောက်။
ကျွန်တော်တို့လဲ ၄ ယောက်။နည်းနည်းတော့ မြန်မာကားဆန်ပေမည်။ သို့သော် သူတို့တွင်
ပေါးတေားတေား အစ်ကိုတစ်ယောက်မပါ။
အသက် လေးဆယ်ခန့်ရှိသော အန်တီကြီးတစ်ယောက်သာပါသည်။
ပွဲးကလဲ လူကျက်သထက် ကျက်လာသည်။
နောက်ပြန်လှည့်လို့လဲမဖြစ်။
ဘေးထွက်၍လဲမရ။
သီဟကတော့အတော်ပျော်နေသည်။
ကောင်မလေးအုပ်ထဲမှာ တယောက်နှင့်အတိုင်အဖောက်ညီနေသည်ဟုဆိုရမည်။တစ်ဖက်မှကောင်မလေးတစ်ယောက်မှ အသံမထွက်သော်လည်း သဘောကျသောအမူအရာဖြင့် ပြုံးစိစိ။
သကောင်းသားအား တားမရတော့။
ကောင်မလေးအုပ်နောက်တကောက်ကောက်လိုက်သည်။ကောင်မလေးကလဲ လူမကွဲးအောင် လမ်းပြသည်။ဟုတ်တော့ဟုတ်နေပြီ ။
ကျွန်တော်လည်း သက်ပြင်းသာအကြိမ်ကြိမ်ချနိင်တော့သည်။
.................................
ရုပ်ရှင်ဇာတ်ကားဆန်ပြရလျှင်....
သီဟသည် မင်းသားဖြစ်၍ တဖက်မှအမည်မသိမိန်းခလေးသည်မင်းသမီးဖြစ်မည်ဟု ဆိုရမည်။ သို့သော် တကယ့်real life တွင်မူ ရုပ်ရှင်ကဲ့သို့ မရိုးရှင်းမှန် စာဖတ်သူတို့ သိရှိပါလေ................
.................
အပိုင်း(၃)ဆက်ရန်
Author by @sattpaing
Credits by Google photo
MSU 011