ကောင်းကင်မှာ တိမ်တိုက်တွေမရှိပါပဲ
ငါ့ဖုန်းဟာ အညိုရောင်အသံမြည်တယ်။
အဖြူရောင်နဲ့သွန်းလောင်းရင်
သူငယ်ချင်းကောင်းဖြစ်တယ်ဆိုတာ…
နင်… ယုံတယ်မလား။
အိမ်ဝေးသူဘာသာစကားကို
ငါတို့အတော်ကျွမ်းကျင်စွာ ပြောဆိုနိုင်တာဘဲ။
စားနေကျမဟုတ်တဲ့အဟာရကို
ကြိတ်မှိတ်မျိုချရတာခြင်းအတူတူ
နင် က ပိုပြီးချုချာတယ်ဟာ။
ဂရုစိုက်ပါ …
ဂရုစိုက်ပါ…။
အပြန်အလှန်ဂရုတစိုက်ပြောရုံကလွဲလို့
ငါတို့ ဘာများအပိုတတ်နိုင်လို့လဲ။
ကဲ… ထားပါတော့လေ……
အနာဂတ်ကို
ငါတို့တစ်ရက်ခြင်းပျိုးထောင်သူခြင်းအတူတူ
ငါ့ကိုလည်းအားပေးပါ။
နင့်ကိုလည်းအားပေးနေမယ်။
အဖြူရောင်နဲ့သွန်းလောင်းရင်…
သူငယ်ချင်းကောင်းဖြစ်တယ်။
photo-crd