အကြော်ဆိုင်
ကျွန်တော်တို့ ရပ်ကွက်ထိပ်မှာ လမ်းဘေးက အကြော်ဆိုင်လေးတစ်ဆိုင်ရှိတယ်ဗျ။အကြော်ဆိုင်ဆိုပေမယ့် ဆိုင်အကြီးကြီးမဟုတ်ပါဘူး။အကြော်တဲလေး တစ်လုံးပါပဲ။အကြော်ဖိုရယ်၊အကြော်လာဝယ်တဲ့သူတွေ ထိုင်စောင့်ဖို့ နဲ့ အဲ့ဒီအကြော်ဆိုင်မှာပဲ အကြော်ထိုင်စားချင်တဲ့သူတွေအတွက် အကြော်ထိုင်စားဖို့ စားပွဲ၃လုံးရယ်ပဲရှိတာပါ။အဲဒီအကြော်ဆိုင်က ညနေဘက်ပဲ ရောင်းတာပါ။မနက်ခင်းပိုင်း မရောင်းပါဘူး။
အဲဒီအကြော်ဆိုင်မှာ ဘူးသီးကြော်၊ပဲကပ်ကြော်၊ကြက်သွန်ကြော်၊ဗယာကြော်၊ကောက်ညှင်းပဲကြော်နဲ့ မုန့်လုံးကြီးကြော် စတဲ့ အကြော်မျိုးစုံအပြင် တိုဖူးသုပ်၊သင်္ဘောသီးသုပ်စတဲ့ အသုပ်မျိုးစုံလည်း ရောင်းပါတယ်။
ရပ်ကွက်တစ်ခုမှာ အဲဒီရပ်ကွက်က လူတွေအများစုရဲ့ စီးပွါးရေးအခြေအနေကို သိချင်ရင် အကြော်ဆိုင်တို့ အရက်ဆိုင်တို့ အဲဒီဆိုင်တွေကို ကြည့်လိုက်တာနဲ့ အကဲခတ်လို့ရပါတယ်။
အကြော်ဆိုင်မှာ လူအုံနေရင်၊ပြီးတော့ အရက်ပုန်းဆိုင်လေးတွေမှာ လူစည်နေရင် သေချာပါတယ်။အဲဒီရပ်ကွက်ဟာ လက်လုပ်လက်စား များတဲ့ရပ်ကွက်၊တနည်းအားဖြင့် စီးပွါးရေးသိပ်အဆင်မပြေတဲ့ ရပ်ကွက်ပေါ့ဗျာ။
ဆက်ပါဦးမည်။(to be continued)
ရေးသူ - soekyawthu