ဆေးလိပ်ဖြတ်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးများ
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘာမှကောင်းကျိုးမဖြစ်စေနိုင်ပါဘူး။
ဒါ့ကြောင့် ဆေးလိပ်သောက်သူတိုင်း ဆေးလိပ်သောက်ခြင်းကို ဖြတ်သင့်ပါတယ်။ဆေးလိပ်ဖြတ်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေကတော့------
(၁)ဆေးလိပ်ဖြတ်ပြီးနောက် မိနစ်အနည်းငယ် ကြာတာနဲ့ သွေးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေဟာ ပုံမှန်အနေအထားကို စတင်ပြီး ဖြစ်ပေါ်လာစေပါတယ်။
ခြေလက်တွေဟာလည်း ပုံမှန်အပူချိန်အတိုင်း ပြန်လည်နွေးထွေးလာပါတယ်။
(၂) ဆေးလိပ်ဖြတ်ပြီး နေ့တစ်ဝက်လောက် အကြာမှာတော့ သွေးတွင်းမှာရှိတဲ့ ကာဗွန်မိုနောက်ဆိုက်(CO) ပမာဏဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါပြီ။ ဒီအခါမှာ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် လုံလောက်စွာ ရောက်ရှိဖို့အတွက် နှလုံးက အရမ်းအားစိုက်ပြီးညှစ်စရာ မလိုတော့တဲ့အတွက် နှလုံးဟာ အရင်ကထက် ပိုပြီးသက်တောင့်သက်သာ ရှိလာမှာ ဖြစ်ပါတယ်။
ို(၃) ဆေးလိပ်ဖြတ်ပြီး ၃ ရက် ကြာတဲ့အခါ အသက်ရှူလို့ ပိုကောင်းလာပြီး အင်အားတွေလည်း ပိုပြည့်လာသလို ခံစားရမှာပါ။ အဆုတ်က နလန်စထူလာပြီး ဒီအချိန်ကနေ စတင်ပြီးပိုမိုကောင်းမွန်လာပါပြီ။
(၄)ဆေးလိပ်ဖြတ်ပြီး ၂ ပတ်ကနေ ၃ လအတွင်းမှာတော့ ကြီးမားတဲ့ကောင်းကျိုးတွေ ရရှိနေပါပြီ။ အဆုတ်တွေက ပိုသန့်ရှင်းပြီး အားကောင်းလာကာ သွေးစီးဆင်းမှုလည်း ပိုကောင်းလာတဲ့အတွက် အလုပ်တွေ ပိုပြီးလုပ်လာနိုင်စေပါတယ်။ လေ့ကျင့်ခန်းတွေ ပိုလုပ်လာနိုင်သလို နှလုံးရဲ့ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။
(၅) ဆေးလိပ် ဆက်သောက်နေတဲ့သူနဲ့စာရင် ဆေးလိပ်ဖြတ်လိုက်သူဟာ အဆုတ်ကင်ဆာနဲ့ သေဆုံးနိုင်ခြေ တစ်ဝက် လျော့ကျသွားပါပြီး အသံအိုးကင်ဆာနဲ့ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေလည်း ကျဆင်းသွားပါပြီ။
ဒါကြောင့် ဆေးလိပ်သောက်သုံးတတ်သူဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ကြဖို့ လိုအပ်ကြောင်း ရေးသားလိုက်ရပါတယ်။
images credit to google and source.
Ref ; MedicalNewsToday
Edited by @soekyawthu