**
#Part ( 7 )
"ဘာမှမဖြစ်ပါဘူး သွေးအားအရမ်းနည်းပီး အိပ်ပျက်တာလည်းများမယ်ထင်တယ် ပရက်ရှာကျနေတယ် အကြောဆေးသွင်းပေးခဲ့မယ်"
"လုပ်ပါ ခင်လေးရယ် မမတော့လူကိုပျာသွားတာပဲ"
မိသားစုဆရာဝန်လည်းဖြစ် ညီမတစ်ဝမ်းကွဲလည်းဖြစ်သော ဒေါက်တာခင်ပြည့်စုံက ဆုကို ဆေးထိုးပေးခဲ့ပီ့း့
"အိပ်သွားလိမ့်မယ် အိပ်ယာကနိုးလာရင် ကောင်းသွားမှာပါ သိပ်လည်းစိတ်မပူပါနဲ့မမရယ်"
"ကဲ့ဇနီးချောလေးကို သေချာဂရုစိုက်လိုက်တော့ အန်တီပြန်တော့မယ် "
"ဟုတ်ကဲ့ ကျေးဇူးပါတီခင်"
ဒေါက်တာဒေါ်ခင်ပြည့်စုံက သူ့ပခုံးကိုပုတ်ပီးထွက်သွားလေသည်။ ကြီးတင်ကတော့ ဆေးအိတ်လိုက်ပို့ပေးတာမို့ အခန်းထဲမှာ စည်းနဲ့မာမီနှစ်ယောက်သာကျန်ရစ်တော့သည်။
"မာမီတို့လည်း အရမ်းပင်ပန်းနေပီ သွားနားတော့လေ ဆုကိုသားပဲစောင့်လိုက်မယ်"
"ကျေးဇူးပဲသား မာမီတို့တကယ်ပင်ပန်းနေပီ ကြည်ဖြူ ကိုယ်တို့သွားနားရအောင် လာပါကွာ ကိုယ့်သားတယောက်လုံးရှိပါတယ်"
ဟြေဟြေဆိုဆို မိခင်ကသွားနားဖို့ဟြေပီး ဆုရဲ့မာမီကိုပါဆွဲခေါ်ကာ အခန်းထဲကထွက်သွားတာမို့ စည်းတံခါးလိုက်ပိတ်ပီး အိပ်ခန်းရှိရာကိုပြန်လျှောက်လာခဲ့လိုက်သည်။
ခမ်းနားထည်ဝါစွာ ပြင်ပေးထားသော မင်္ဂလာကုတင်ကြီးပေါ်မှာ အိပ်မောကျနေတဲ့ ဆုကို ရင်ခုန်ခြင်းများစွာနဲ့ ငေးကြည့်နေမိသည်။
ကြီးတင်နဲ့မာမီနှစ်ယောက်ရဲ့အကူအညီနဲ့ ညအိပ်ဂါဝန်လေးဟြေင်းဝတ်ပေးထားသည် စည်း ဆုရင်ဘတ်နားအထိ ဂွမ်းစောင်ကိုခြုံပေးရင်း ကုတင်တစ်ဖက်စွန်းမှာ ထိုင်ရင်းငေးကြည့်မိသည်။ ဆုဆိုသောသူမနဲ့မှ ကိုယ့်ရဲ့ရင်ခုန်ချင်းဆိုတာကိုစသိခဲ့တာပါ။ သူ ဆုကိုစချစ်မိနေပီဆိုတာသိထဲက သူ့ကိုယ်သူခွင့်မလွှတ်နိုင်ခဲ့ မင်းဝေအရမ်းချစ်ခဲ့ရတဲ့သူကိုမှ သူကချစ်မိသွားလို့ပါ။ သူငယ်ချင်းအပေါ် သစ္စာဖောက်သလိုဖြစ်မှာကိုလည်း သူမဖြစ်ချင် ဒါပေမယ့် သူဆုနဲ့အထိအတွေ့ကိုဘယ်လိုမှမလွန်ဆန်နိုင်ခဲ့ပါ ဒါကြောင့်လည်း ခုလိုမင်္ဂလာဆောင်တဲ့အထိဖြစ်သွားခဲ့ချင်းပါ။
သူမာမီကိုလည်းကျေးဇူးတင်သည် မာမီကြောင့်သာမဟုတ်ရင် ဆုသူ့ကိုလက်ထပ်မှာမဟုတ်ဆိုတာသူသိသည်။ ဆုရယ့့် ကိုယ်မင်းကိုအရမ်းချစ်တယ်ကွာ ကိုယ်အရင်ကမင်းကိုမုန်းခဲ့တာမှန်ပေမယ့် အခုအချိန်မှာ အဲ့ဒီအမုန်းတေထက်ကိုယ့်ရဲ့အချစ်တေက အဆပေါင်းများစွာ သာနေပီဆိုတာ မင်းသိလား
ဆု ခေါင်းကြည်လင်စွာနဲ့ နိုးထလာခဲ့သည် ဒါပေမယ့်လက်တဖက်က အရမ်းကိုလေးလံလွန်းနေတာကြောင့်သူမ ဘေးကိုငဲ့ကြည့်လိုက်မိတော့ စည်း သူမရဲ့လက်တဖက်ကိုကိုင်ပီးအိပ်နေတာမို့ သူမလက်ကိုစောင့်ဆွဲလိုက်သည်။
ကျွန်မရှင့်ကို အရမ်းမုန်းတယ်စည်း
"ဟင့်ဆုနိုးပီလား ဘယ်လိုနေသေးလဲ'
"နိုးပီ ဘယ်လိုမှမနေဘူး"
ဟြေပီးဆုကုတင်ပေါ်ကဆင်းလိုက်သည် ဒါပေမယ့်ညကမူးထားတဲ့ခေါင်းကသိပ်အရှိန်မပြယ်သေးတာကြောင့် လူကမိုက်ခနဲဖြစ်သွားသည်။ ဒါပေမယ့် ဆုလဲတော့မသွား စည်းကလှမ်းထိန်းပေးလိုက်တာကြောင့့်
"တွေ့လား အဲ့ဒါကြောင့်ကိုယ်ဟြေတာ အခုနေ ကိုယ်သာမရှိရင်မင်းဘယ်လိုလုပ်မလဲ"
"ဘယ်လိုမှမလုပ်ဘူး ဒီလောက်နဲ့တော့ ကျွန်မမသေနိုင်သေးပါဘူး"
ဆုသူ့ကိုခပ်ရွဲ့ရွဲ့ပင်ဟြေလိုက်မိသည်။
"ကဲ့ အဲ့ဒါနောက်ထား ခုမျက်နှာသစ်ရအောင်"
"ဟာ့ စည်း ရှင်ဒါဘာလုပ်တာလဲ ကျွန်မကိုအောက်ပြန်ချပေး"
ဆုဟြေဟြေဆိုဆိုစည်းကသူမကိုချီပီးရေချိုးခန်းကို ပွေ့ခေါ်သွားသည်။
"တိတ်တိတ်လေးလိုက်ခဲ့ စကားမများနဲ့ နောက်တခါမူးသွားမှာဆိုးလို့"
စည်းရေချိုးခန်းရောက်တော့ ဆုကိုမျက်နှာသစ်ဖို့သူပဲကူညီလိုက်သည် သွားတိုက်တံထဲ ဆေးထည့်ပေးတာကအစ အားလုံးကိုဂရုစိုက်ပီးလုပ်ပေးသည်။
ဆုသူမကို အားလုံးလိုက်လုပ်ပေးနေတဲ့စည်းကိုလိုက်ကြည့်မိရင်း စည်းရှင်ကျွန်မကို အရမ်းမုန်းတယ်ဆို ဘာဖြစ်လို့ကိုယ်မုန်းတဲ့သူကို ဒီလောက်ထိ ဂရုစိုက်ပေးနေတာလဲ စည်းရှင်ကဘယ်လိုလူလဲ
ဆုမျက်နှာသစ်ပီးအောက်ထပ်ကိုဆင်းလာခဲ့တော့ ဧည့်ခန်းမှာမာမီတို့နဲ့ဆုံသည်
"သမီးလေး နေကောင်းသွားပီလား ဘယ်လိုနေသေးလဲ"
"ဟုတ်ကဲ့ ကောင်းသွားပါပီမာမီ"
"တော်သေးတာပေါ့သမီးရယ် မာမီဖြင့်စိတ်ကိုပူသွားတာပဲ'
"စိတ်မပူပါနဲ့မာမီ သမီးကောင်းသွားပါပီ"
စည်းရဲ့မာမီကပါ သူမကိုမာမီဟုထည့်သုံးခိုင်းတာကြောင့်ဆု နှစ်ယောက်လုံးကိုမာမီဟုသာခေါ်ဖြစ်တော့သည် ။
"ကဲ့သားနဲ့သမီး မနက်စာသွားစားကြတော့ မာမီတို့ကတော့စားပီးပီ"
"ဟုတ်ကဲ့မာမီ"
ဆုတို့နှစ်ယောက်မာမီတို့ကိုနှုတ်ဆက်ပီး ထမင်းစားခန်းကိုထွက်လာခဲ့သည်။
"သားနဲ့သမီးကို မာမီဟြေစရာရှိတယ်"
"ဟုတ်ကဲ့ ဟြေပါမာမီ"
"မာမီနဲ့ ကြည်ဖြုရိပ်သာဝင်မလို့ တစ်လလောက်ကြာမယ် အဲ့ဒါသားနဲ့သမီးက လိမ်လိမ်မာမာနဲ့ သင့်သင့်မြတ်မြတ်နေကြဖို့"
"စိတ်ချပါမေမေ သားတို့ ကောင်းကောင်းနေပါ့မယ် မာမီတို့သာစိတ်အေးလက်အေးနဲ့ဝင်ကြပါ"
"သမီးလေး"
"ရှင် မာမီ"
"သမီးလေးကိုလဲ မာမီစိတ်ချမယ်နော် သားလေးစည်းနဲ့သင့်မြတ်အောင်နေနော် အရမ်းလည်းမဆိုးရဘူး"
"မာမီကလည်း ဆုကဘယ်တုန်းကဆိုးလို့လဲ"
"ဟောအဲ့ဒါသာကြည့်ခင်ရေ"
"ဟုတ်ပါတယ်မာမီရဲ့ ဆုကမဆိုးပါဘူး"
"ဆိုးတယ် ကျွန်မမာမီနဲ့ကျွန်မဟြေတာ ရှင်ဘာဖြစ်လို့ဝင်ဟြေရတာလဲ"
ဆုမျက်စောင်းထိုးလိုက်ရင်း သူ့ကိုရန်လုပ်လိုက်သည်။
"ဆု အဲ့လိုလုပ်တာမာမီမကြိုက်ဘူး ခုချိန်မှာသားလေးစည်းက သမီးရဲ့ အိမ်ဦးနတ် သမီးခင်ပွန်း သမီးဒီလိုမဟြေရဘူး"
"အခုချိန်မှာဧည့်သည် တယောက်ယောက်ဝင်လာရင် သမီးကိုဘယ်လိုထင်သွားမလဲ သမီးရဲ့သိက္ခာရော သမီးခင်ပွန်းဖြစ်တဲ့ စည်းရဲ့သိက္ခာရော ဘယ်လောက်ကျသွားမလဲ သမီးသိလား သမီးစဉ်းစားမိလား"
"တော်ပါတော့ ကြည်ဖြူရယ် သမီးကကလေးမို့ပါ သားကလည်းနောက်ဆို သမီးလေးမကြိုက်ရင် လိုက်မဟြေနဲ့ပေါ့ကွယ်"
မုန်းတယ် စည်း ကျွန်မရှင့်ကိုအရမ်းမုန်းတယ် ရှင့်ကြောင့်မာမီကဆုကိုဆူတာ မာမီဆုကို အခုလိုတစ်ခါမှမဆူဖူးဘူး အဲ့ဒါရှင့်ကြောင့် ရှင့်ကိုကျွန်မအရမ်းမုန်းတယ် စည်းစိမ်သျှံ
"သျှံ့ သျှံအရမ်းရက်စက်တယ် "
"ဟင် နှင်းပွင့်ဖြူ'
"ဟုတ်တယ်ဖြူပဲ သျှံ သျှံဘာလို့သူနဲ့လက်ထပ်ခဲ့တာလဲ ဟင် သျှံဖြူ့ကိုကြတော့ သျှံလုံးဝမတရားဘူး"
နှင်းပွင့်ဖြူတယောက် စည်းရဲ့ရုံးခန်းကို ရောက်လာပီးပေါက်ကွဲပြနေသည်။ စည်း အော်ထုတ်ပစ်လိုက်ချင်ပေမယ့် သူ့ဒယ်ဒီမျက်နှာကြောင့့်
"ဆောရီးဖြူ ကိုယ်လည်းမရည်ရွယ်ပဲဖြစ်သွားလို့ပါ ဖြူ့ဒယ်ဒီရော နေကောင်းလား မတွေ့တာကြာပီ"
"ဒယ်ဒီလည်းနေကောင်းပါတယ် ဒါပေမယ့်ရှင်လက်ထပ်သွားတဲ့ သတင်းကြားပီးထဲက စိတ်မကောင်းဖြစ်တယ်ထင်တယ် အပြင်သိပ်မထွက်တော့ဘူးလေ"
"aww ကိုယ်တကယ်စိတ်မကောက်းပါဘူး ဖြူ"
"ဆရာ စည်းဝေးပွဲစတော့မယ်ဆရာ လူအားလုံးစုံနေပါပီ "
'အိုခေ ဖြူထိုင်အုန်းမလား ကိုယ်စည်းဝေးဝင်စရာရှိလို့"
"ဟင့်အင်း ဖြူလည်းပြန်တော့မယ်"
"ok ဖြူ"
စည်းထွက်သွားပေမယ့် ဖြူထွက်မလိုက်မိ ရုံးခန်းမှာပဲ လျှောက်ကြည့်နေမိရင့်း့
'ကလင့်ကလင်"
ဟင် ဖြူလျှောက်သွားနေရင်း ဖုန်းလာတာကြောင့်ကိုင်လိုက်မိသည် တဖက်က မိန်းကလေးသံပါ၊
"ဟယ်လို"
"ဟယ်လိုဟုတ်ကဲ့ စည်းနဲ့တွေ့ချင်လို့ပါ"
"မင်းကဘယ်သူလဲ"
"ဆုပါ"
ဟင် ဆုတဲ့ ဒါဆို သျှံရဲ့မိန်းမပေါ့ တောက့်ဆု နင်ကငါ့ဆီကနေ သျှံ့ကိုလုသွားတဲ့ကောင်မပဲ နင့်ကြောင့် ငါအခုလိုခံစားရတာ နင်သာမပေါ်လာခဲ့ရင် နင်သာမရှိခဲ့ရင် အရမ်းကောင်းမှာပဲ ငါနဲ့သျှံဒီချိန်ဆို လက်ထပ်ပီးလောက်ပီ နင့်ကိုင်ါအရမ်းမုန်းတယ်ဆု ဖြူမစားရတဲ့အမဲ သဲနဲ့ပက်ချင်လာသည်။
"အော် ဆုလား သျှံကဖြူနဲ့တူတူရှိနေတာလေ သူရုတ်တရက် လက်ထပ်ဖြစ်တဲ့အကြောင်းကိုရှင်းပြရင်း ဖြူ့ကိုတောင်းပန်နေတာ အဟင့်း့ဟင့်း"
"ဟုတ်လာ့း့ ကိုကအဲ့လိုပဲဖြူရဲ့ တဖက်သားကိုအရမ်းသနားတတ်တာ သူ့ကြောင့်အရမ်းခံစားသွားရတယ်ဆို သနားလို့နေမယ် သြော့့် ဖြူ ကို့ကိုဖုန်းခဏလောက်ပေးလို့ရမလား"
"သျှံက စည်းဝေးခန်းထဲဝင်သွားတယ်ဆု ဖြူဘာဟြေပေးရမလဲ"
"ဟုတ်လား ရပါတယ်ဖြူ ကိုပြန်ထွက်လာမှပဲဟြေတော့မယ်နော် ကျေးဇူးပဲဖြူ"
ဆုသူမပြန်ဟြေတာကိုမစောင့်ပဲ ဖုန်းကိုချလိုက်သည်။ မဟုတ်ရင် ဖြူဆိုတဲ့သူမက ဆုကိုဘယ်လိုတေဟြေနေအုန်းမလဲမသိ ဆုဒီနေ့ ထမင်းစားခန်းမှာစည်းရဲ့ဖိုင်တွဲကျန်နေခဲ့တာကြောင့် ကြီးတင်ကအရေးကြီးလားမသိဘူးဆိုပီးလာဟြေတာကြောင့် ဖုန်းဆက်မိချင်းပါ။ ခုလိုဖြူနဲ့သူရှိနေတယ်ဆိုတာသိခဲ့ရင် ဆုဖုန်းဆက်မှာမဟုတ်ပါ။
သူတို့နှစ်ယောက်ဆုကွယ်ရာမှာ ဘယ်လောက်တောင်အလွမ်းသယ်နေလိုက်ကြမလဲ ဆုကသာသူ့အတွက်စိတ်ပူပေးနေရတာ သူကနှင်းပွင့်ဖြူနဲ့တွေ့နေပီး ဖိုင်တွဲကျန်ခဲ့တာကို သတိရမှာပင်မဟုတ် ဆုတွေးနေရင် မျက်ရည်များပင်ဝိုင်းလာရသည်။
ကျွန်မရှင့်ကိုမုန်းချင်တယ်စည်း ဒါပေမယ့် ကျွန်မရှင့်ကိုမုန်းလို့မရခဲ့ဘူး ကိုယ့်အပေါ်မှာ တစက်ကလေးမှမကောင်းခဲ့တဲ့ရှင့်ကိုမှ ကျွန်မရဲ့နှလုံးသားက ချစ်မိသွားခဲ့တယ် ရှင့်သူငယ်ချင်းအတွက် ကျွန်မကိုလက်စားချေခဲ့တာဆို ရှင်အောင်မြင်ပါတယ်စည်း
"ဟင့့် ဆု ဘယ်သွားမလို့လဲ "
"ကျွန်မအပြင်သွားမလို့"
"ဟုတ်လား ဘယ်လဲ ကိုယ်လိုက်ပို့ပေးမယ်လေ ခဏစောင့်"
စည်းကုမ္ပဏီကပြန်လာတော့ အခန်းထဲကမှန်တင်ခုံမှာထိုင်ရင်း အလှပြင်နေတဲ့ဆုကိုတွေ့တာကြောင့် အခုလိုဟြေလိုက်ချင်းပါ။
"ရတယ့့် မလိုဘူး ကျွန်မဘာသာကျွန်မသွားမယ်"
"ဘာလဲ ရည်းစားဟောင်းနဲ့ချိန်းထားလို့လား"
"ဘာဟြေတယ်ရှင့် ကျွန်မသူငယ်ချင်းနဲ့ချိန်းထားလို့သွားမှာ ရှင့်လို ကုမ္ပဏီဆိုပီး ရည်းစားဟောင်းနဲ့အလွမ်းသယ်နေတာမဟုတ်ဘူး"
"ဘာကွ ဘယ်သူက ရည်းစားဟောင်းနဲ့ အလွမ်းသယ်နေလို့လဲ"
"အဲ့ဒါကတော့ ကျွန်မဟြေစရာလိုမယ်မထင်ဘူး ကိုယ့်ကိုယ်ကိုသိပေါ့ ကျွန်မသွားတော့မယ်"
"ဆု"
စည်းသူ့အရှေ့ကနေထွက်သွားတဲ့ ဆုရဲ့လက်ကိုလှမ်းအဆွဲလိုက်မှာ ဆုကလည်းထင်မှတ်မထားတာမို့ သူ့အပေါ်ကိုအားနဲ့လဲကျသွားသည်။ စည်းလည်းထင်မှတ်မထားတာကြောင့် အရှိန်ကိုမထိန်းနိုင်ပဲ နှစ်ဦးစလုံးကုတင်ပေါ်ကို ပြုတ်ကျသွားတော့သည်။
စည်းရဲ့မျက်နှာပေါ်မှာ ဆုရဲ့အံ့သြပီး ကြောက်ရွံ့နေပီး မျက်လုံးများကလည်း ပြူးကျယ်ဝိုင်းစက်နေသည်။
လှလိုက်တာဆုရယ် မင်းဘာဖြစ်လို့ဒီလောက်တောင်လှနေရတာလဲ ကိုယ့်ရဲ့နှလုံးသားက မင်းရဲ့အလှကိုခံနိုင်ရည်မရှိဘူးကွာ ကိုယ်မင်းကိုအရမ်းချစ်တယ်ဆု
"အို"
"စည့်း့ ရှင်နော့််"
စည်းရဲ့မျက်နှာက သူမရဲ့မျက်နှာပေါ်ကိုအုပ်မိုးလာတာကြောင့် ဆုတားဆီးလိုက်ပေမယ့် အချိန် မမှီလိုက်တော့ပါ ဆုရဲ့နှုတ်ခမ်းလေးမှာ နွေးထွေးသွားရင့်း့
#Part ( 8 ) ဆက်ရန်