အပိုင်းဆက်တွေကို တစ်ပိုင်းပြီးတစ်ပိုင်း စိတ်ကူးပေါ်ရာ ရောက်တက်ရာရာလေးတွေ ရေးချတင်ပြလာခဲ့သည်မှာ ဘာလိုလိုနဲ့ အပိုင်း( ၇ )သို့ပင် ရောက်ရှိလို့လာခဲ့ပြီ။ကိုယ်ရေးသောစာတွေက တစ်ပိုင်းပြီးတစ်ပိုင်း ရေးသားတင်ပြခဲ့ပါသော်လည်း ဆိုလိုရင်းအကြောင်းအရာက ဘာကိုဦးတည်ပြီး ရေးချတင်ပြသွားမည်ကို မရောက်ရှိနိုင်သေးတော့ ဆက်လက်လို့သာ လေလှိုင်းပေါ်၌ ရေးသားတင်ဆက်ရပေဦးမည်။
သို့ပါသော်လည်း ဘာတွေကို ဘယ်လိုလိုပဲ ရေးသားတင်ပြနေပါစေ ဒီအပိုင်းဆက်တွေ၏ အကြောင်းအရာနှင့် ပတ်သက်ဆက်နွယ်နေသော ကနဦးအစဖြစ်သည့် အပိုင်း( ၁ )တွင် တင်ပြခဲ့ပြီးသော အိမ်ကနေအလုပ် အလုပ်ကနေအိမ် ထိုနှစ်ခုအကြား အသွားအပြန် အမှိုက်ပုံးကို မြင်တွေ့ခဲ့ရခြင်းမှ ဖြစ်ပေါ်လာသော အတွေးစ ဖြစ်စေချင်တဲ့အိမ်မက်စိတ်ကူး အစရှိသည့်ဆန္ဒစိတ် ဆိုလိုရင်းအဓိပ္ပါယ်၏ အဓိကအကြောင်းအရာကိုတော့ မဖြစ်မနေရေး၍ တင်ပြရပေဦးမည်။
ကျွန်တော်ရေးသားတင်ပြခဲ့ပြီးသော အပိုင်း( ၆ )၌ လူမျိုးသုံးစု၏ မတူညီသောဟင်းလျာနှင်း ထ္မင်းဆိုင်အကြောင်းလေးကို လိုရင်းတိုရှင်းနဲ့ အစဖော်ကာ ရေးသားခဲ့၏။ယ္ခုရေးသားတင်ပြလိုက်ချင်တာကတော့ ရွှေလီမြို့ရှိ တရုတ်ထ္မင်းဆိုင်း ရှမ်းထ္မင်းဆိုင် ထိုဆိုင်များ၏ ရောင်းချသောဟင်းလျာဈေးနှုန်းများထက် အချိုသာဆုံးဈေးနှုန်း မည်သို့ချက်ပြုပ် ကြော်လျှော်၍ ကျွန်တော်တို့ရွှေမြန်မာများ ဈေးကွက်ကိုထိုးဖောက်ကာ မည်သို့ ရောင်းချလာခဲ့သည်ကို ရေးသားတင်ပြလိုက်ချင်တာကတော့……………………………
ရွှေလီမြို့၌ ဟိုအရင်တချိန်က မြန်မာထ္မင်းဆိုင်ဆိုတာ လက်ချိုးရေတွက်လို့ရနိုင်သေးပါတယ်။နာမည်ပေါက်ပြီးသား မြန်မာထ္မင်းဆိုင်တွေပေါ့ဗျာ။ထိုစဉ်အချိန်တုန်းက အလုပ်သမားလူတန်းစားတွေအားလုံးနီးပါး တရုတ်ကျွေးသောထ္မင်းဟင်းတို့ကို စားသောက်ပြီး တရုတ်ပေးသောအခန်း၌ နေထိုင်အိပ်စက်ကြတာပေါ့။ရှင်းရှင်းပြောရလျှင် လခစား စရိတ်ငြိမ်းပေါ့ဗျာ။ရှင်းလင်းအောင်ပြောရလျှင် လခစားစရိတ်ငြိမ်းပေါ့ဗျာ။ရွှေလီမြို့သို့ လာရောက်ကာ အလုပ်လုပ်ကိုင်လာသူတွေတွေ နေ့စဉ် လစဉ် နှစ်စဉ် လာရောက်အလုပ်လုပ်ကိုင်ကြသူတွေ တဖြေးဖြေးနဲ့များလာတော့ အခန်းငှားဆိုသည့် အငှားခန်းများသည်လည်း တမြို့လုံးလိုလို လက်ညိုးထိုးမလွဲ ပေါများစွာ ဆောက်လုပ်ငှားရမ်းလာကြတာပေါ့။ငှားရမ်းနေထိုင်ကြသော အလုပ်သမားလူတန်းစားများစွာထဲက ထ္မင်းဆိုင်ဖွင့်လျှင် ပို၍အဆင်ပြေနိုင်မည်ကိုသိသော လူတချို့က စီပွားရေးဈေးကွက်ကိုမြင်လေတော့ သေးငယ်သော လမ်းဘေးရပ်ကွက် ထ္မင်းဆိုင်များသည် တစ်ဆိုင်ပြီးတစ်ဆိုင် ရွှေလီမြို့အတွင်း မြန်မာများနေထိုင်သော ရပ်ကွက်တိုင်း၌ မှိုလိုပေါက်ကာ လက်ညိုးထိုးမလွဲ ဖွင့်လစ်ရောင်းချလာသည်ကို မြင်တွေ့သိရှိခဲ့ရ၏။ထိုသို့ ရွှေလီမြို့ရှိ မြန်မာများနေထိုင်သော ရပ်ကွက်တိုင်းလိုလို မြန်မာထ္မင်းဆိုင်များ ပေါ်ထွက်လာသောအခါ တရုတ်နှင့်ရှမ်းတို့၏ ထ္မင်းဆိုင်များတွင် ရောင်းအားအနည်းငယ်တော့ ကျဆင်းခဲ့ပါသော်လည်း ဟန်မပျက် အပြုံးနှင့်သာ ဖွင့်လစ်ရောင်းချနိုင်ခဲ့၏။တရုတ်နှင့်ရှမ်းထ္မင်းဆိုင်များ၌ တရုတ်နှင့်ရှမ်းလူမျိုးများ ဝယ်ယူစားသုံးကြသလို မြန်မာထ္မင်းဆိုင်များတွင် မြန်မာအလုပ်သမားလူတန်းစားများ နေ့စဉ်မပျက် လူတိုးမပေါက်အောင် ဝယ်ယူစားသောက်နေကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်မှာ နေ့စဉ်နေ့တိုင်းလိုပါပဲလေ။တရုတ်ရောင်းသော ထ္မင်းဆိုင်၌ တရုတ်လူမျိုးများ ဝယ်ယူစားသုံးကြသလို ရှမ်းထ္မင်းဆိုင်၌ ရှမ်းလူမျိုးများ ဝယ်ယူစားသောက်ကြ၏။ထိုနည်းတူစွာ မြန်မာထ္မင်းဆိုင်၌ ဗမာများဝယ်ယူစားသောက်ကြသည်။
ထိုမြင်ကွင်းကို မြင်တွေ့ရသည်မှာ အထူးအဆန်းမဟုတ် လူမျိုးရေးကို ခွဲခြားစွာဆက်ဆံတက်သော ခေတ်ကာလ၌ လူမျိုးတူသော ထ္မင်းဆိုင်များတွင် တူညီသောလူမျိုးများစု၍ ဝင်ထွက်သွားလာစားသောက်နေကြသဘ့်မြင်ကွင်းသည် သဘာဝကပေးသည့် လက်ဆောင်ဟုမှတ်ထင်ထားလိုက်ပါတော့သည်။သို့ပါသော်လည်း ထူးဆန်းသည့် မြင်တွေ့မှု ထူးခြားသည့်အကြောင်းအရာမဟုတ်နိုင်တောင်မှ ကွဲပြားခြားနားကွာဟခြင်းတွေသည် မောင်သူရဆက်လက်ရေးသားမည့် အပိုင်းဆက်များ၌တော့ ဒါဟာ ငါတို့ရွှေမြန်မာဟေ့ဆိုပြီးတော့ ကျွန်တော်၏myblogထဲမှာတော့ သမိုင်းတစ်ခုအနေဖြင့် ထင်ကျန်နေခဲ့မှာကတော့ ပို့စ်တင်ပြီးခုနှစ်ရက်ပြည့်တာနဲ့ ထင်ကျန်နေခဲ့မှာကတော့မလွဲမသွေအမှန်ပါပဲခင်ဗျာ…………………………။
author:@thura
photo:credit google images.