ပတ်ဝန်းကျင်နှင့်ဝေဖန်သုံးသပ်ခြင်း အတွေးအမြင်( ၈ )
မြန်မာက မြန်မာအကြောင်းရေး၍ ဖောက်သည်ချကြသည်မှာ ကောင်းလျှင် အပြစ်ဟုမဆိုလိုနိုင်သော်လည်း မြန်မာတွေ၏ မကောင်းသောအကျင့်စရိုက်နှင့် မကောင်းသောလုပ်ရပ်များကို မြန်မာဖြစ်သော ကျွန်တေည်က ရေးချတင်ပြရမှာကိုတော့ လက်တွန့်နေမိ၏။ဒီလိုနဲ့ ပို့စ်မတင်ဖြစ်ခဲ့သည်မှာ နှစ်ရက်လောက်ပင်ရှိခဲ့ပြီလေ။ဒါပေမယ့် မရေးလို့တော့မဖြစ် ဒီအကြောင်းကိုမရေးလျှင်တော့ နောက်ထက်ရေးချတင်ပြသွားမည့်အကြောင်းအရာများကို ဆက်လက်ရေးနိုင်ရန်အတွက် ဘယ်ကစပြီးဘယ်လိုနည်းဖြင့် စရေးခဲ့ပြီဖြစ်သောအပိုင်းဆက်ကို ဘယ်လိုအဆုံးသတ်ရမည်ကို စဉ်းစားမရဖြစ်နေလေတော့ မထူးပါဘူး ကိုယ်စခဲ့ပြီးသောအပိုင်းဆက်ကို ကိုယ်ကိုတိုင်သာ တာဝန်ယူကာ အဆုံးသတ်ပြီးဆုံးသည်အထိ ရေးချတင်ပြသွားရပေဦးမည်။
မြန်မာတွေ၏ မကောင်းသောအကျင့် မကောင်းသောလုပ်ရပ်ဆိုသည့်စကားလုံးသည် ရွှေလီမြို့တွင် ကျွန်တော်နေထိုင်ခဲ့စဉ်က မြင်တွေ့ကြုံတွေ့ခဲ့ရသော မြန်မာထ္မင်းဆိုင်အကြောင်းကို ရေးချတင်ပြသွားမည်ဟု ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။
ကဲ စကားကြောတွေသိပ့်ပြီရှည်မနေတော့ဘူး ရေးချင်တာရေးချလိုက်ပါတော့မယ်လေ။
ရွှေလီမြို့တွင် ရောင်းချသော မြန်မာထ္မင်းဆိုင်များအနက် ကျွန်တော်တင်ပြပေးသွားမည့် မြန်မာထ္မင်းဆိုင်သည် မြန်မာအလုပ်သမားလူတန်းစားများသာ ဝယ်ယူစားသုံးသော လမ်းဘေးဆိုင်ခန်းများဖြင့် ရောင်းချခဲ့ကြသော မြန်မာထ္မင်းဆိုင်များကို ဆိုလိုခြင်းဖြစ်ပါသည်။ရွှေလီမြို့တွင်း အချက်အချာကြသောနေရာများ၌ ရောင်းချနေကြသော မြန်မာထ္မင်းဆိုင်များကို ဆိုလိုခြင်းတော့မဟုတ်ပေ။
ကျွန်တော်ရွှေလီမြို့ကို ရောက်စအချိန်က တရုတ်ပေးသောအခန်းမှာနေ တရုတ်ကျွေးတာစား တရုတ်သူဋ္ဌေးခိုင်တာလုပ် ရသမျှလခကိုအိပ်ထဲထည့်ပြီး သာသာယာယာနဲ့ မင်းသားတစ်ယောက်လိုနေခဲ့ရတာပေါ့ဗျာ။နှစ်တွေလတွေနေ့ရက်တွေဟာ တဖြေးဖြေးနဲ့ ပြောင်းလဲလာသောအချိန်မှာတော့ ရွှေလီမြို့တွင်းရှိ ကျေးရွာများ၌ နေထိုင်ကြကုန်သော အိမ်ပိုင် ဝိုင်းပိုင်များဖြစ်သည့် ရှမ်းသူဋ္ဌေး တရုတ်သူဋ္ဌေးများသည် မြို့တွင်းရှိဘဏ်များ၌ မိုတက်နေလောက်အောင် သိမ်းဆည်းအပ်နှံထားသော ငွေကြေးများကို ထုတ်ယူ၍ အငှားခန်းဆိုသည့် အခန်းငှားတန်းလျားတိုက်ခန်းငယ်များကို မိမိတို့ပိုင်ဆိုင်သော အိမ်ဝန်းကျယ်များ၌ အပြိုက်အဆိုင် ဆောက်လုပ်၍ အခန်းငှားစားလာကြသည်မှာ ရွှေလီမြို့တစ်မြို့လုံးပင် ဖြစ်လာခဲ့၏။
တွေး၍ ရေးသားတင်ပြနေသော မြန်မာထ္မင်းဆိုင်နဲ့ ပတ်သတ်ဆက်နွယ်နေသော အကြောင်းအရာလေးကိုတော့ အစဖော်ကာ ရေးသားရင်း ညဆယ့်တစ်နာရီခွဲတောင် ကျော်လွန်သွားခဲ့ပြီဆိုတော့ အိပ်စက်အနားယူပါရစေခင်ဗျာ။အကြောင်းမှာက မနက်လေးနာရီထိုလျှင် တစ်ရက်သာဝမ်းရေးအတွက် အိပ်ရာကနိုးထရမည်ဖြစ်ပါသောကြောင့် တစ်ပိုက်းတစနှင့်သာ ရေးသားတင်ပြလိုက်ခြင်းကို သီခံ၍သာဖတ်ရှုပေးကြပါဟု ဆန္ဒပြုရင်း နောက်အပိုင်းဆက်၌ ဆက်လက်ဖေည်ပြပေးသွားပါမယ်ခင်ဗျာ……………………။
author:@thura
photo:credit google images.