အပိုင်း(၈ )၌ ရွှေလီမြို့တွင်းရှိ အခန်းငှားများ အငှားခန်းများသည် သူ့ထက်ငါအလျှင်ပြီးစီးအောင် အပြိုင်အဆိုင်ဆောက်လုပ်၍ အခန်းငှားစားလာကြသည့်အကြောင်းကို အနည်းငဟ်ရေးသားတင်ပြခဲ့ပြီးနောက်မှာတော့ ယခုအပိုင်း( ၉ )တွင် ထိုအကြောင်းနှင့်ပတ်သက်ဆက်နွယ်နေသော အကြောင်းအရာတို့ကို တင်ပြရလျှင်ဖြင့်………………
ရွှေလီမြို့တွင်းရှိ ရပ်ရွာ ရပ်ကွက်အတွင်း အခန်းငှားများ အပြိုင်အဆိုင် ဆောက်လုပ်ငှားရမ်း၍ ပေးလာကြသည်နှင့်အညီ ရပ်ရွာ ရပ်ကွက်အတွင်း၌ နဂိုက မြေသား ရွှင့် ကျောက်ခဲ ဝေခွဲလို့မရနိုင်လောက်အောင် ကြမ်းတမ်းလှသောလမ်းများသည် တဖြေးဖြေးနှင့် အငှားခန်းများ ဆောက်လုပ်ပြီးစီးလာသည်နှင့်အမျှ လမ်းများသည်လည်း ကွန်ဂရစ်လမ်းများအဖြစ်သို့ ပြောင်းလည်းဆောက်လုပ်၍ လမ်းများခင်းလာကြသည်မှာ ရပ်ရွာ ရပ်ကွက်အတွင်းရှိ လမ်းဘေးရေမြောင်းများကို မမြင်တွေ့ရလောက်အထိပင်ဖြစ်သည်။
အခန်းငှားစားသော သူဋ္ဌေးများက မိမိတို့ဆောက်လုပ်ပြီးစီးလို့ အငှားခန်းများ ဖွင့်လစ်လာကြပြီဆိုတော့ ကျွန်တော်တို့ ရွှေမြန်မာ အလုပ်သမားလူတန်းစားတို့သည် တရုတ်သူဋ္ဌေးများက ပေးသောအခန်းများ၌ နေထိုင်ကြခြင်းမရှိတော့ပဲ ဘယ်တုန်းကမှ မနေထိုင်ခဲ့ကြရဖူးသော ဆယ်ပေ ဆယ်နှစ်ပေ ပတ်လည်ရှိနိုင်သော အခန်းများတွင် ပြောင်းရွှေ့နေထိုင်လာကြပါတော့သည်။
ထိုခေတ်ကာလက အခန်းခများ၏ကြေးနှုန်းသည် တစ်လကို ယွမ်တစ်ရာသာပေးဆောင်ရ၏။ယွမ်တစ်ရာကို ပုံမှန်အလုပ်သမား လခစားအနေဖြင့် ငါးရက်လောက်အလုပ်လုပ်သော် ရရှိနိုင်သောအနေအထားဖြစ်သည်။အခက်အခဲမရှိ နေ့စဉ်ကြိုးကြိုးစားစားအလုပ်ကိုလုပ်ကိုင်သော လူတစ်ယောက်အတွက် အခန်းခ ယွမ်တစ်ရာကို သက်တောင့်သက်သာ အလုပ်လုပ်ပြီး လူတစ်ယောက်၏အဆင့်အတန်းနှင့်အညီ ဇိမ်ကျကျနဲ့ ငှားရမ်းနေထိုင်နိုင်သည်။
ထိုအချိန် ထိုခေတ်ကာလ၌ တရုတ်သူဋ္ဌေးပါဟု အာမခံလက်မှတ်ရထားသော အလုပ်ရှင်အများစုသည် မိမိတို့ဘက်မှ နှစ်ချုပ်ဖြင့် ငှားရမ်းထားသော အလုပ်ဆိုဒ်များ၌သာ အဆင်ပြေသလို နေထိုင်ကြပြီး ထိုသူတို့၏ အလုပ်သမားများဖြစ်သော ကျွန်တော်တို့ ရွှေမြန်မာ အလုပ်သမားလူတန်းစားတွေမှာတော့ လူဆိုသည့် အဆင့်အတန်းနှင့်အညီ ကောင်းပေ့ဆိုသည့် အသစ်စက်စက်တိုက်ခန်းတန်းလျားများဖြင့် ငှားရမ်းနေထိုင်ကြလေသည်။
ကဲ ဒီနေ့တော့ ဒီလိုပဲ စာတိုတိုနဲ့သာ ရေးသားတင်ပြလိုက်ပါရစေ။ဆက်လက်ပြီး ယခုတင်ပြလိုက်သောအကြောင်းအရာနှင့် ဆက်နွယ်ပတ်သက်မှုတို့ကို နောက်လာမည့်အပိုင်းဆက်၌ တင်ပြသွားမည်ဖြစ်ကြောင်း ရေးသားရင်းဖြင့် စာကိုအဆုံးသတ်ခွင့်ပေးကြပါဦးခင်ဗျာ………………………
author:@thura
photo:credit google images.