တစ်ခါလွမ်းတိုင်း ပန်းတစ်ပွင့်ပွင့်မယ်ဆို
ဟောဒီကမ္ဘာကြီး ပန်းတွေနဲ့
ဝေဆာနေရောပေါ့ ...။
မောင်လှမျိုး l ချင်းချောင်းခြံ l
တခါတရံ အကြိုက်တွေ့တဲ့ မောင်လှမျိုး(ချင်းချောင်းခြံ) တို့ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ရဲ့ ကဗျာ လေးတွေ ကူးတင်ပေးရတာ အကြောင်းရှိတယ်ရယ်။
ကဗျာမရေးတတ်ပေမဲ့ ကဗျာတွေကို ချစ်လို့ရယ် ဆရာ့တို့ရဲ့ခံစားရေးဖွဲ့မှုတွေက ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်သော်ငြား အငှါးအနေနဲ့ လွမ်းလို့ကောင်းတာရယ်ကြောင့်ပဲ။
သူတို့ကဗျာတွေကို ဖတ်ရင်းနဲ့ ကိုယ်လဲ ပိုပို လွမ်းတတ်လာတယ်။ ခံစားတတ်လာတယ်။ လွမ်းစရာ ကို ပြပါဆိုရင်တော့လဲ လက်ဆုပ်လက်ကိုင် ပြစရာက မရှိ။ တခါတလေကျတော့လဲ အဲဒီ လက်ဆုပ်လက်ကိုင် ပြစရာ မရှိတာကြီးကိုက လွမ်းစရာတွေ ဖြစ်နေပြန်ရော။
ဆရာလယ်တွင်းသားစောချစ် တောင် ပန်းပွင့်နီနီတွေမြင်တိုင်းလွမ်းတတ်တယ်ဆိုတာပဲ။ နောက် မြင်မြင်သမျှအရာအားလုံး လွမ်းတဲ့စိတ်နဲ့ခံစားတတ်ရင် လွမ်းစရာတွေချည်းလို့ ဆိုထားဖူးတာပဲ။
အလွမ်းတွေကို စာစီလိုက်တော့ ကဗျာတွေ တောင် ဖြစ်သွားတယ်တဲ့လေ။
ကိုယ်က ဖတ်ကောင်းအောင် စာမစီတတ်တော့ အငှါးယူပီး ကူးတင်ရတာပ။
ဒါပေမဲ့ ဒါပေမဲ့ပေါ့ဗျာ ကူးတင်သမျှ ကဗျာတွေတိုင်း ကိုလူလှရဲ့ အဖြစ်အပျက် မဟုတ်တာတော့ သတိချပ်ကြပါ လို့။
မဟုတ်ရင် ကိုယ်ကပဲ အများအမြင်မှာ အလွမ်းသမားကြီးလိုလို ။ တကယ်တော့လဲ လူက နဂိုကတည်းက အလွမ်းဓါတ်ခံက ပါပီးသားရယ်။ ဘာကို လွမ်းရမှန်းမသိသေးလို့ ဆရာတို့ကဗျာတွေ ငှါးလွမ်းမိတာပါ။
ဟီးးး။
အာ့တော့ ဘာရယ်မဟုတ် ဆက်လွမ်းလိုက်အုံးမယ်ရယ်။