Is is a precautionary measure for the well-being of the foetus. As Myanmar expectant mothers are used to abstain from taking so many items of food, sometimes they are under-nourished. They are used to abstain from taking red meat, and the have to suffer from protein deficiency and become too weak to walk. After the child-birth, they eat only oil-sprinkled rice and dried-salted fish.
ကလေးငယ်ဝမ်းတွင်း၌ အပူအစပ်ဒဏ်များကို ခံရမည်စိုးသောကြောင့်ဖြစ်၏။ မြန်မာ့ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အစားရှောင်သော ဓလေ့ကြောင့် အာဟာရချို့တဲ့မှုများလည်းရှိသည်။ အထူးသဖြင့် လတ်လတ်ဆတ်ဆတ် သားငါးတို့ကို ရှောင်သဖြင့် ပရိုတိန်းဓာတ်ချို့တဲ့ကာ ကလေးမွေးပြီးပါက ချည့်နဲ့သွားတတ်ကြ၏။ ကလေးမွေးပြီးပါကလည်း ငါးခြောက်ဖုတ်နှင့် ထမင်းဆီဆမ်းကိုသာ စားကြသောကြောင့် အာဟာရချို့တဲ့ကြရပြန်သည်။
Myanmar babies are brought up by breast-feeding up to four or five years of age. Mother let her infant suck milk till the next pregnancy. When the infant is three months of age, mother starts to feed chewed rice by her own mount.
မြန်မာတို့သည် ကလေးအား အမေနို့ကိုသာတိုက်ကျွေး၍ ကြီးပြင်းစေ၏။ အသက် ၄ နှစ်၊ ၅ နှစ် အရွယ်ထိ နို့စို့ကြ၏။ နောက်ကလေးတစ်ယောက် မရမချင်း နို့်စို့ကြသည်။ ကလေးသုံးလလောက်မှစ၍ မြန်မာအမေများသည် ကလေးအား ထမင်းကို မိမိတို့၏ ပါးစပ်နှင့်ပင် ဝါး၍ခွံ့သော အလေ့အကျင့်ရှိသည်။