As Myanmar kings were polygamists, today's polygamy seems to be handed over from them. Ancient kings of Myanmar married many queens, and they naturally had a number of sons and daughters, so that coups d'etat occurred in royal palaces.
မိန်းမအများအပြားယူသော စနစ်သည် ရှေးမြန်မာဘုရင်များမှ ဆင်းသက်လာသော ဓလေ့စရိုက် တစ်ခုဖြစ်၏။ ရှေးမြန်မာများသည် မိဖုရားများကို အများအပြား ယူကြသည်။ မိဖုရားများမှ သားတော်၊ သမီးတော်များ မွေးကြရာ နောက်ဆုံး မြန်မာမင်းဆက်တွင် ထို့ကဲ့သို့ သားတော်၊ သမီးတော်တို့ အများအပြားပေါ်ခဲ့ရာ နန်းတွင်းအာဏာလုပွဲများ၊ နန်းတွင်းအရှုပ်အထွေးများ ပေါ်ခဲ့သည်။
Myanmar men are tall, dark and muscular. They are excellent horse riders. They love tattooing, wearing side hairknot on their heads, and keeping moustache. They also like smoking. When they are travelling, they are used to keep swords beside them.
မြန်မာအမျိုးသားတို့သည် အသားညို၍ သန်မာထွားကျိုင်းသည်။ မြင်းစီးကောင်းသည်။ ဆေးမင်ကြောင်ထိုးကြသည်။ ခါးတောင်းကျိုက်သည်။ သျှောင်တစောင်းထုံးကာ နှုတ်ခမ်းမွေးထား၏။ ဆေးပေါ့လိပ် သောက်သည်။ ခရီးသွားသောအခါ ဓားလွတ်ကိုဆောင်၍ သွားလေ့ရှိသည်။