Lord Buddha initiated His own son Yahula without elaboration into His order.
The essentials for novitiation are:
- The would-be novice is necessary to wear his robe neatly.
- The would-be novice is necessary to pronounce the teachings rightly.
- The novice is necessary to abide by the rules of conduct.
ဗုဒ္ဓသည် သူ၏သားဖြစ်သော ရာဟုလာအား ရှင်ပြုရာတွင် ဘာအဆောင်အယောင်မှ မပါဘဲ ရှင်ပြုခဲ့၏။
ရှင်ပြုရန် အဓိက လိုအပ်ချက်မှာ - မိမိဝတ်ဆင်မည့် သင်္ကန်းကို နိုင်နင်းစွာ ဝတ်နိုင်ဖို့လိုသည်။
- ကျက်မှတ်ရွတ်ဆိုရသော စာများကို ပီပီသသ ရွတ်ဆိုနိုင်ရန်လို၏။
- လိုက်နာရမည့် စည်းကမ်းများ လိုက်နာနိုင်ရန်လို၏။
One, who has the above said essentials, can be novitiated. Generally, when a boy passes his primary level, it is the most appropriate time to be novitiated. Now-a-days, novitiation ceremonies are usually held during summer vacation. One can be novitiated many times. It is not a matter of once in a life time, one can become novice before getting married. Having novitiated, one can fully developed both in mind and matter.
ထိုအရည်အချင်းရှိပါက ကိုရင်ဝတ်နိုင်ကြသည်။ များသောအားဖြင့် မူလတန်းအောင်မြင်ပြီးပါက ကိုရင်ဝတ်လျှင် သင့်တော်သော အချိန်ဖြစ်ပါသည်။ ယခုအခါ နွေရာသီကျောင်းပိတ်ရက်များတွင် ရှင်ပြုမင်္ဂလာအခမ်းနားများ ကျင်းပကြသည်။ ကိုရင်ဝတ်ခြင်းကို အကြိမ်ကြိမ် ဝတ်နိုင်သည်။ တစ်သက်တွင် တစ်ခါတည်း ဝတ်ရသည်မဟုတ်ပါ။ ကိုရင်ဝတ်သည့် ကိစ္စကိုလည်း မင်္ဂလာမဆောင်မီ ပြုလုပ်ကြသည်။ ရှင်မပြုသေးပါက လူငယ်ဟုသာ သတ်မှတ်ကြ၏။ ရှင်ပြု ပြီးပါက ကြီးကောင်ဝင်လာကြသည်။