လူကိုဖျက်တော့ အပိုင်း (၇)
"ဟ မောင်ငြိမ်းစာရင်းအရဆိုရင် အိမ်က ယူသွားတာထက် ပိုနေပါ့လား။ ငွေကလည်း ပိုသေးတယ်။ ရှင်းပါဦးကွ"
"ဟုတ်ကဲ့ဦးကြီး"
မောင်ငြိမ်းသည် မကွေးမြို့ ပေါ်၌ နှမ်း ဝယ်ယူရေး ဒိုင်များကို လေ့လာပြီး ကြိုက်ဈေးလည်းရ အလေးချိန်တွယ်မှုလည်း မှန်ကန်တိကျ သောဒိုင်ကို ရှာဖွေ ရောင်းချပုံများအကြောင်း ဦးဘမော်အား ရှင်းပြလိုက်သည်။
ဦးဘမော်မှာ မောင်ငြိမ်း၏ ရောင်းဝယ်မှု ပါးနပ်ပုံများကို ပီတိဖြစ် နေ၏။
"အေးကွာကျေးဇူးပဲ။ ဒါကြောင့် မင်းကို ယုံကြည်တာ အားကိုးတာ။"
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း