ဂျက်ခ်မား က ပြောတာပါ…
“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကလေးတွေကို ပြောလိုက်ပါ..။ ကမာ္ဘကြီးဟာ နေ့စဥ်ပြောင်းလဲနေတာပါ.။
Photo google
ဘယ်သူကမှ ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး..။ ဓါတ်မီးခြစ်တီထွင်ခဲ့အပြီးမှာ
ယမ်းမီးခြစ်ဟာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်..။ ဂဏန်းပေါင်းစက် တီထွင်ခဲ့အပြီးမှာ
ပေသီးတွက်နည်းဟာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်..။ ဒစ်ဂျစ်တယ် ကင်မရာတွေ
ပေါ်လာခဲတဲ့နောက် ဖလင်ကင်မရာတွေ မှေးမှိန်သွားခဲ့တယ်..။ တိုက်ရိုက်ရောင်းစနစ်..
အင်တာနက်ကတဆင့် ရောင်းတဲ့ စနစ်ပေါ်လာပြီးတ့ဲနောက် ရိုးရာ စျေးကွက်ရှာဖွေနည်းတွေ
မှေးမှိန်သွားခဲ့တယ်..။ 4G စမတ်ဖုန်း ကို မိတ်ဆက်ပြီးတဲ့ နောက်မှာ ကွန်ပြူတာကို ဖွင့်ဖို့တောင်
မလိုတော့ဘူး..။ WeChat နဲ့ WhatsApp တွေ ဖွံ့ဖြိုးလာတဲ့အခါမှာတော့ အစဥ်အလာ နည်းနဲ့
Text Message ပို့တာတွေ အရင်လောက် ခေတ်မစားတော့ဘူး..။ ဘယ်သူက ဘယ်သူ့စီးပွားကို
သိမ်းပိုက်သွားလို့ ဆိုပြီး အပြစ်တင်မနေကြပါစို့နဲ့တော့..။ ဒါဟာ အပြောင်းအလဲကြောင့်သာ
ဖြစ်ပါတယ်..။ လူတွေဟာ အပြောင်းအလဲကို လက်ခံလွယ်လာတယ်..။ ပိုပြီး လိုက်လျောညီထွေဖြစ်အောင်
ပြောင်းလဲနိုင်လာတယ်..။ အတွေးသစ် အကြံသစ်တွေကို လက်ခံလာကြတယ်..။”
တစ်စံုတစ်ယောက်က ဂျက်ခ်မားကို “ခင်ဗျားရဲ့ အောင်မြင်မှုလှျို့ဝှက်ချက်က ဘာလဲ” လို့မေးတဲ့အခါ
“သိပ်ကို ရိုးရှင်းပါတယ်..။ ခင်ဗျားတို့ စောင့်ကြည့်နေတဲ့ အချိန်မှာ ကျွန်တော်က လုပ်နေပါပြီ”…။
ဒါကြောင့်မို့ ပြောင်းပါ..။ အခိျန်နဲ့အမှျပြောင်းနေတဲ့ ကမ္ဘာကြီးထဲမှာ မပြောင်းပဲနေလိုက်ရင်
ကျန်ရစ်ခဲ့လိမ့်မယ်..။ ကိုယ့်အချိန်အတွင်းမှာ ကိုယ်စိုက်တာလေးပဲ ကိုယ်ရိတ်သိမ်းရမှာပါ..။
အသောက်မက်နေရင် အရက်သမားပဲဖြစ်မှာပေါ့..။ အချိန်ရှိသမှျ အပြစ်ချည်းပဲတင်နေရင်လဲ
Photo google
အပြစ်ဖွဲ့့တတ်သူပဲဖြစ်လာမှာပေါ့..။ ကိုယ့်ကိုယ်ကို လှပဖို့အတွက် အချိန်သံုးစွဲခဲ့ရင်လဲ လှပတဲ့
လူငယ် လံုမငယ်လေးတွေ ဖြစ်လာမှာပေါ့..။ ကျန်းမာရေးအတွက် အချိန်သံုးခဲ့ရင် ကျန်းမာတဲ့
ဘဝကို ပိုင်ဆိုင်နိုင်မှာပေါ့.။ တစ်စံုတစ်ခုကို သေသေချာချာ ရွေးချယ်ခဲ့ရင်လဲ အဓိပ္ပါယ်ရှိသူဖြစ်လာမှာပါ..။
သင်ယူရာမှာ အချိန်သံုးစွဲခဲ့ရင်လဲ ပညာရှိဖြစ်လာမှာပါ..။ မိသားစုအတွက် အချိန်ကို
သံုးခဲ့မယ်ဆိုရင်လဲ သာယာစိုပြေတဲ့ မိသားစုဘဝ ကို ပိုင်ဆိုင်နိုင်မှာပါ..။