သိသင့်သည်များတို့ဖြစ်ပါတယ်။ အစပိုင်းအခန်းတွေမှာ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်ပုံတွေ၊ ခံစားသိရှိမှုလုပ်ငန်းစဉ်တွေ အကြောင်းရေးသားထားသလို စိတ်ဓာတ်ကျဆင်းခြင်းနဲ့ စိတ်ကျရောဂါအမျိုးအစားတွေနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ်ရှင်းပြပေးထားပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာဖြစ်ပွားရခြင်း အကြောင်းအရင်းတွေ၊ ကုသခြင်းနည်းလမ်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ ဆေးဝါးတွေ အသုံးပြုပြီး ကုသခြင်းလည်းရှိသလို လေ့ကျင့်ခန်းပြုလုပ်ကုသခြင်း၊ ယောဂကျင့်စေခြင်း၊ သမထထိုင်ခြင်းစတဲ့ ကုသနည်းလမ်းတွေနဲ့ပတ်သက်ပြီးတော့လည်း ဖော်ပြပေးထားပါတယ်။ နောက်ဆုံးမှာတော့ စိတ်ကျဝေဒနာရှင်တွေကို ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ လိပ်စာတွေ၊ သိရှိ