ဒီနေ့ သောကြာနေ့ ဆို့တော့က နိုင်ငံခြားသားတွေ
တင်နေကြသလို FeatherFriday Post လေး
တင်ဖို့ စိတ်ကူးရ မိပါတယ်။
စိတ်ကူးရတော့ အကြံအစည် ထုတ်ရတော့တာပေါ့။
ရွာမှာ နေတာဆိုတော့ ငှက်မွှေး 🐦ပုံ ရဖို့ လွယ်မလိုပါ။
သို့သော်လည်း တောထဲ သွား ၊ အချိန်ယူ ငှက်လေးတွေ
စောင့်ကြည့်ပြီး ရိုက်ယူနိုင်မှ ရမှာပါ။
အဲလောက် အချိန်ပေး အားထုတ်ဖို့ ကြတော့လည်း
မဟန်ပြန်ဘူးဗျာ။ ဒါနဲ့ပဲ အိမ်နီးနားချင်း ခြံထဲက
ကြက်သားအုပ်မ တစ်အုပ် ကိုသာပဲ ဓာတ်ပုံ ရိုက်ယူ
ခဲ့ပါတယ်။
ကြက်မကြီး က ဦးဆောင်ပြီး ကြက်ကလေးတွေ နှင့်
အစာရှာ ထွက်နေကြတဲ့ ပုံလေးပေါ့။ မိဘမေတ္တာ
ဆိုတာကတော့ သတ္တဝါတိုင်းမှာ ရှိကြတာပါပဲ။
မေတ္တာဓာတ် ရှိကြလို့သာ သတ္တဝါတွေ တည်ရှိနေကြတာပါ။
မေတ္တာဓာတ်တွေ လျော့ပါး ပျက်စီးလာတာနဲ့ အမျှ
ကမ္ဘာလောကကြီးလည်း ယိုယွင်းလာကာ သတ္တဝါတွေ
လည်း ပျက်စီးလာကြမှာပါ။ ဒါကိုတော့ ငြင်းနိုင်အံ့ မထင်။
သို့ကြောင့် သတ္တဝါအားလုံး အချင်းချင်း မေတ္တာထား၊
မေတ္တာပွားနိုင်ကြပါစေ ဟု စိတ်ရည်သန်ပြီး ဒီပို့စ် ကို
တင်လိုက်ရပါတော့တယ်။
လုံးစုံများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ။