ဈေးမှ မေမေဒေါ်လှလှမြိုင် ရှမ်းပြောင် ဖူး ၅ ဖူးကိုဝယ်လာပါသည်။မေမေ ဈေးမှဝယ်လာသော ရှမ်းပြောင်းဖူးလေးကို ကျမ အခွံ့ချွတ်ပါသည်။ ၎င်းနောက်ပြောင်းဖူးအစေ့ ကလေးများတွင်ကပ်နေသော ပြောင်းဖူးမွှေး လေးတွေကို တစ်ခုခြင်း ဖယ်ထုပ်လိုက်ပါသည်။
ပြောင်းဖူးကိုရေးဆေးလိုက်ပါသည်။ရေဆေးထားသောပြောင်းဖူးကို တစ်စေ့ချင်းဆီ ဇလုံထဲ ချွေထည့်လိုက်ပါသည်။
ကြက်သွန်ဖြူ တစ်ဥ ကိုအခွံ့ခွာလိုက်ပါသည် ။ ဂျင်းလက်တစ်ဆစ် ကိုအခွံခွာလိုက်ပါသည်။ ငရုတ်သီးစိမ်း ၅ တောင့် ကိုအညာချွေလိုက်ပါသည်။ ပြီးနောက် အားလုံးကိုဇလုံတစ်ခုထဲထည့်ကာရေဆေးလိုက်ပါသည်။
၎င်း နောက် ဇလုံတစ်ခုထဲသို့ ချွေထားသော ပြောင်းဖူးစေ့ကလေးတွေရယ် အညှာ ချွေထားသောငရုတ်သီးစိမ်းလေးတွေရယ် အခွံ့ ခွာထားသောကြက်သွန်ဖြူ လေးတွေရယ် ဂျင်း လက်တစ်ဆစ်ကိုပါးပါးလှီး ဆားအနည်းငယ် သကြားအနည်းငယ် ထည့်ကာရောလိုက်ပါသည်။
ရောထားသော ပြောင်းဖူးရယ် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂျင်းကို ငရုတ်ဆုံထဲ ထည့် ညက်နေအောင်ထောင်းလိုက်ပါသည်။
ထို့နောက် ဒယ်အိုးအနီကို မီးခုံမှာပလက်ထိုးလိုက်ပါသည်။ ဒယ်အိုးထဲကိုဆီ ထမင်းစားဇွန်းဖြင့် ၅ ဇွန်းထည့်လိုက်ပါတယ်။ ဆီ ပူလာသောအချိန်တွင် ထောင်းထားသော ပြောင်းဖူးတွေကို ထမင်းစားဇွန်းနှင့်ခပ်ပြီး ဒယ်အိုးထဲ ထည့်
ကြော်လိုက်ပါသည်။
ပြောင်းဖူးလေးတွေ အနီရောင်သန်းလာသောအခါ တစ်ဖက်လှည့်လိုက်ပါသည်။
နောက်တစ်ဖက်အနီရောင်သန်းလာသောအခါ ပုဂံထဲသို့ဆယ်ထည့်လိုက်ပါသည်။
အနီရောင်သန်းလာသောပြောင်းဖူးကြော်လေးကို ထမင်းနဲ့အတူတူစားလို့လဲရပါသည်။ ရေနွေးကြမ်းဖြင့်လဲ သရေစာ အဖြစ်စားသုံးနိုင်ပါသည်။ ကျမ အရမ်းကြိုက်တဲ့ပြောင်းဖူးကြော်လေးဖြစ်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါသည်။
ဒေါ်ဥမ္မာမြင့်