မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ
ဒီနေ့ ဖုန်း Gallery ထဲကနေ လွန်ခဲ့တဲ့ ၃နှစ်က ကျနော်တို့မြို့ မှာရှိတဲ့ ဆောက်သန်မြန်မာ ကွင်း မှာ ခြေစမ်းပွဲ ကန်တဲ့ ဓာတ်ပုံလေတစ်ပုံ ပြန်တွေ့မိတယ်။
ကျနော်တို့အပျော်တန်း ဖူဆယ် ဘောလုံးအသင်းက အသင်းသားတွေက သွားကြည့်ကြမယ်ဆိုပြီး ညကတည်း ဂရုထဲမှာပြောပြီးတိုင်ပင်ထားကြတယ်။ ကန်မယ့်အသင်းကလည်း မွန် U-19 ပြည်နယ် အသင်းနဲ့ မော်လမြိုင် မြို့ခံအသင်း ရွှေမြဝတီ အသင်း တို့ဆိုတော့ ပွဲကောင်းပဲဆိုပြီး သွားကြည့်ဖြစ်သာပါ။ ပွဲလည်းကောင်းပါတယ်။ ခြေစမ်းပွဲဖြစ်လို့ မိနစ်၃၀ သုံးပိုင်း ကန်ပါတယ်။ ချစ်ကြည် ခြေစမ်းပွဲဆိုတော့ သူတို့ သက်မက်တဲ့ စည်းကမ်းနဲ့ပေါ့။
ပထမပိုင်း စကန် တော့ မြို့ခံ အသင်း ရွှေမြဝတီ က ခြေအသာ ရနေတယ်။ အခြေအသာရလည်း ပွဲချိန် ၁၂မိနစ် လောက်မှာပဲ U-19 အသင်း က တစ်ဂိုးသွင်း လိုက်တယ်။ တကယ် လူငယ်တွေ ကောင်းလိုက်တဲ့ ကစားကွက်တွေ နဲ့ပွဲက မြိုင်နေသာပဲ။ U-19 3ဂိုး ရွှေမြဝတီ က ၁ ဂိုး နဲ့ ပထမပိုင်း ပြီးဆုံး ခဲ့တယ်။ ဒုတိယ ပိုင်း ရောက်တော့ ရွှေမြဝတီ က ၁ဂိုးပြန်ထည့်ပါတယ်။ U-19 3ဂိုး ရွှေမြဝတီ ၂ဂိုးနဲ့ ဒုတိယ ပိုင်း နားခဲ့ပါတယ်။ တတိယပိုင်း ရောက်တော့ U-19 က တစ်သင်းလုံး လူစားလဲ ခဲ့ပါတယ်။ ဂိုးသမား ပါအပါဝင်ပေါ့။ တတိယပိုင်း မှာ ရွှေ မြဝတီ က တစ်ဂိုး ထက်သွင်းပြီး တစ်ဖက် ၃ဂိုးစီ သရေကျသွားပါတယ်။ ပွဲအပြီးလည်း ၃ဂိုးစီသရေ နဲ့ ပွဲပြီးဆုံး ခဲ့ပါတယ်။ U-19အသင်းရဲ့ ခြေစွမ်းကတော့ အံမခန်းပါပဲ ဘောလုံး ထိန်းသာက အစ ဘောလုံးပေးသာ တွေ သေသက်လှပနေ နေပါတယ်။ ကြည့်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လို့ အမှတ်ရနေသာပါ။ ကျတို့ ဖူဆယ်ဘောလုံး သင်း က U-19ကို အားပေးခဲ့ကြသာဆိုတော့ ဒီဘောလုံးပွဲစဉ်ကို အမှတ်ရနေသာပါ။ ဒီအကြောင်းကို HIVE-MYANMAR အဖွဲ့သားတို့ထဲက ဘောလုံးဝါသနာပါတဲ့ အကိုတွေကို မျှဝေပေးလိုက်ရသာပါ။