မဂ်လာပါ HIVE-MYANMAR အဖွဲ့သား တို့ရေ
weightloss ရဲ့ ရက် ၆၀ ပြည့်မှာ ကျနော် မှန်းထား တဲ့ ပေါင်ချိန် ၃၀၅ ပေါင် ကို ရောက်သွား ပါပြီး။ အဓိက ကအစား ရှောင် ဖို့ပါပဲ။ တစ်ခုတော့ သတိထား ရမဲ့ အချက် တွေ့ရှိ ပါသေးတယ်။ အစားမရှောင် ရင် ဗိုက်ဆာ သာဖြစ်တက်ပါတယ်။ ဗိုက်ဆာရင် အဆာပြေ အသီး ဖြစ် နည်းနည်း စား လိုက်ပါ။ မစားရင် အစာအိမ် ဖြစ်နိုင် ခြေများ ပါတယ်။ အဲ့သာတော့ အမှန်ပါ။ ဗိုက်ထဲ ပြီး ခဲ့တဲ့ လတွေက အစာ ဟောင်း တွေ ဟာ ကုန်သလောက် ရှိသွားပါပြီး။ အခုဆို ရင ်ကိုယ် စားတဲ့ အစားသစ် ပဲရှိ ပါတော့မယ်။ ဗိုက်တော့ ခဏခဏ ဆာပါမယ်။ ဒါပေမဲ့ တက်နိင် သလောက် အသီးပဲ စားပေး ရပါမယ်။ ကျနော် ဟိုတစ်နေ့ည ကဆို ထမင်း ထစားချင် စိတ် တွေ တော်တော်ပေါက် နေပါတယ်။ ဆာတဲ့ စိတ် ကို ရေနဲ့ သောက်ပြီး အခန်းထဲ မျက်လုံး ပိတ် ပြီး အိပ်ပျော် အောင် အိပ်လိုက်ပါတယ်။ အိပ်ပျော် သွားပါတယ်။ ဒီလိုပါပဲ တချို့ ညတွေ တော်တော် လေး ခက်ခက်ခဲခဲ ဖြတ်သန်းရ ပါတယ်။
ဒီနေ့ အတွက် နေ့လည် စာ ကတော့ မုန်ညှင်း တုံရမ်းလေးပါ။ ဝယ်နေကြ ဂျပန် မုန်ညှင်း က ဝယ်သာ မရတော့လို့ပါ။ ဒါနဲ့ မုန်ညှင်း ထုတ် တစ်ထုတ် ဝယ်ခဲ့ပါတယ်။ အဲ့ မုန်ညှင်း ကို ပြုတ်ပါတယ်။ ပြုတ်ပြီး ကျန်တဲ့ ရေကို မတုံရမ်း တုံး တစ်ဝက်ထည့် ပါတယ်။ ကြက်သွန်ဖြူ ငရုတ်သီး ကို သေးသေးလေး လှီး ထည့်ပါတယ်။ ဆား အချိုမှုန့် ထည့်လိုက်ပါတယ်။ ချဉ်ချဉ် စပ်စပ် လေးဖြစ်သွားပါတယ်။
ဒါကတော့ ကျနော် ရဲ့ ကာ်လိုရီနည်း တဲ့ နေ့လည်စာ လေးဖြစ်ပါတယ်။