မဂ်လာ ပါ Hive myanmar အဖွဲ့သား တို့ရေ
ဒီနေ့ ဟာ သကြ်န် အကြို နေ့ဖြစ်ပါတယ်။ ငယ်ငယ် ကတည်းကိုးကွယ်နေတဲ့ ကျောင်းက ဆရာတော်က သကြ်န် တွင်း ခုနှစ် ရက်ပဲ ဆွမ်းခံကြွပါတယ်။ သကြ်န် အတွင်း မနက် ၆နာရီ ၁၅မိနစ် ဆို ဆွမ်းခံကြွပါတယ်။ အရင်က ဆို မနက် ၇ခွဲမှကြွပါတယ်။ နေပူပြီး လမ်းကတ္တရာတွေ ပူတော့ ဆွမ်းခံ လိုက်တဲ့ ဦးဇင်း ကိုရင်တွေ ကို ငဲ့ပြီး မနက် ၆နာရီ ၁၅ မိနစ် ကို ပြောင်း လိုက်ပါတယ်။ ကျနော် ဆို အိမ်က နေ မနက် ၄နာရီထ ထမင်းတည်းပြီး အဖေနဲ့ အမေ ဆွမ်းလောင်း ဖို့လုပ်ပြီး ၅နာရီ ၄၅မိနစ် အမ်က ထွက် လာရပါတယ်။ ဘုန်းကြီး ကျောင်းနဲ့ အိမ်က ၁၅မိနစ် လောက် ဆိုင်ကယ် မောင်းရပါတယ်။ ဒီနေ့မနက် ဆွမ်းခံ လိုက်ပါတယ်။